ဆန်းသစ်မှု၊ ​ခေတ်ဆန်မှုနှင့် ခံ့ထည်မှုတို့ အချိုးကျ​ပေါ်လွင်​စေပြီး စွမ်း​ဆောင်ရည်မြင့်မား​သော ၂၀၁၉ မိုဒယ် Jaguar XF

135

ဗြိတိသျှတို့၏ နာမည်ကျော် အမှတ်တံဆိပ်ဖြစ်သည့် ၂၀၁၉ မိုဒယ် Jaguar ၏ XF Sedan သည် Sporty Sedan အမျိုးအစားဖြစ်ပြီး ဆန်းသစ်လှပမှု၊ ခေတ်ဆန်မှုနှင့် ခံ့ထည်မှုတို့ အချိုးကျပေါင်းစပ်ထားသည့်ပုံစံ ဖန်တီးထားသည့်ကား ဖြစ်သည်။ အထူးစွမ်းဆောင်ရည်မြင့်မားသည့် ဖွဲ့စည်းပုံ၊ လူငယ်ကြိုက်အခင်းအကျင်း၊နောက်ဆုံးပေါ် နည်းပညာပစ္စည်းများစွာပါရှိခြင်း၊ သပ်ရပ်ခမ်းနားသည့် အတွင်းခန်းအနေအထား စသည်တို့ဖြင့် ပြည့်စုံသည့် ကားမိုဒယ်ဖြစ်ပြီး ကမ္ဘာအနှံ့ရှိ လူငယ်၊ လူလတ်ပိုင်းအရွယ် ကားချစ်သူများ အထူးနှစ်သက်ကြသည်။

အပြင်ပိုင်း အပြင်အဆင်

ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းဖြင့် ဖန်တီးထားသော Jaguar XF ၏ အပြင်ဘက်ဒီဇိုင်းတွင် Aerodynamic ဆန်မှုကို အဓိက အလေးထားသည့် ကားကိုယ်ထည်ပုံစံ၊ ပြေပြစ်ပြီး အထူးဆွဲဆောင်မှုရှိသည့် အချိုးအကွေ့ဒီဇိုင်းများဖြင့် ဖန်တီးထားပါသည်။ ရှေ့မီးလုံး ဒီဇိုင်းသည် ပုံစံအသစ်ဖြစ်ပြီး Adaptive LED Headlamps + Signature DRL စနစ်ကို Optional မှာယူနိုင်သည့်အပြင် Headlight Washer များလည်း ပါရှိပါသည်။ ကားနောက်ဘက် ဒီဇိုင်းသည် များစွာနှစ်လိုဖွယ်ဖြစ်ပြီး Combination Lamps သည် XF ကို အထူးပေါ်လွင်စေသည်။ အလားတူ Fixed Rear Spoiler တပ်ဆင်ထားသည့်အတွက် လူငယ်များ အထူး နှစ်သက်မည် ဖြစ်သည်။ လုံခြုံရေးအတွက် Front and Rear Parking Aid with Rearview Camera လည်းပါရှိပါသည်။ အထက်ပါ Feature များအပြင် Jet Headliner Color နှင့် Side Door Tread Plate-R Sport တို့ကို Optional အနေဖြင့် မှာယူနိုင်ပါသည်။

အတွင်းခန်း အပြင်အဆင်

Jaguar XF ၏ အတွင်းခန်းကို လှပသပ်ရပ်ပြီး ကျယ်ဝန်းစွာ ခင်းကျင်းဖန်တီးထားကာ ဖန်တီးမှုလက်ရာအားလုံးကို အနုပညာဆန်ဆန် ပြုလုပ်ထားပါသည်။ ထည့်သွင်းထားသည့် Material များကို တန်ဖိုးမြင့် ပစ္စည်းများသာ ရွေးချယ်အသုံးပြုထားသော XF သည် Sporty Sedan ဆိုသော်လည်း တန်းမြင့်ကားအမျိုးအစားဖြစ်သည့်အတွက် Comfort Feature များစွာပါရှိပါသည်။ အဓိကထည့်သွင်းထားသည့် Feature များမှာ Jaguar Sense , 2-Zone Climate Control , Jaguar Smart Key System with Keyless Start စသည်တို့ဖြစ်သည်။ ထို့ပြင် နည်းပညာသုံး ပါဝင်မှုများအနေဖြင့် TFT နည်းပညာအသုံးပြုထားသည့် Jaguar Instrument Display , Jaguar Drive Selector , Jaguar Drive Control , Cruise Control with ASL , Advanced Parking Assist Park(ယင်းစနစ်တွင် 360 Park Distance Control နှင့် Perpendicular Parking System များပါရှိသည်) တို့ အဓိကပါဝင်ကြသည်။ ဖျော်ဖြေရေးဆိုင်ရာ ပါဝင်မှုများအနေဖြင့် SSD Navigation System , 8-speed HD Touch Screen Display , Jaguar Voice , Madia Hub with Bluetooth Audio Streaming , MFD Single View Screen တို့ကို ထည့်သွင်းထားပါသည်။ အဆိုပါ Feature များအပြင် အချို့ သော ပါဝင်မှုများကိုလည်း Optional အနေဖြင့် ရရှိနိုင်ပြီး ယင်းတို့မှာ Air Quality Sensing , Taurus Leather Sport Perforated Seat , 10-way Base Electric Front Seat with Driver Memory , Front and Rear Toughened with Privacy Glass ၊ စပီကာ ၁၄ လုံးပါရှိပြီး 380W ရှိသည့် Meridian အမျိုး အစား Digital Sound System တို့ကိုလည်း မှာယူရရှိနိုင်သည်။

အင်ဂျင်နှင့် ဂီယာစနစ်

Jaguar XF တွင် အင်ဂျင်အနေဖြင့် 3.0 L Supercharged V6 Petrol Engine , 340 PS/6500 Rpm အင်ဂျင်စနစ်နှင့် 8-speed Automatic with Jaguar Sequential Shift Gearbox တို့ တွဲဖက်တပ်ဆင်ထားပါသည်။ XF သည် နောက်ဘီးယက်စနစ်ဖြစ်ပြီး Steering သည် Electric Power Assisted Steering အမျိုးအစား ဖြစ်ပါသည်။

လုံခြုံရေးစနစ်

Jaguar XF တွင် အဓိကပါဝင်သည့် လုံခြုံရေးစနစ်များမှာ အသက် ကယ်လေအိတ် ခြောက်လုံး၊ ABS , EBA , Engine Drag Torque Control , DSC with Trac DSC Mode , All Surface Progress Control , Pedestrian Contact Sensing , Front Seat Whiplash Reduction System , Blind Spot Monitoring with Closing Vehicle Sensing/Reverse Traffic Detection စသည်တို့ ဖြစ်သည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here