စွမ်းဆောင်ရည်မြင့် အမိုးဖွင့်ပြိုင်ကား 2018 Aston Martin Vanquish S Volante

890

နာမည်ကျော် ဗြိတိသျှကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Aston Martin ဟာ ၂၀ဝ၁ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အထိ ထုတ်လုပ်ဈေးကွက်တင်ခဲ့ဖူးတဲ့ ခရီးဝေးမောင်းပြိုင်ကား မိုဒယ် Vanquish ရဲ့ ဒုတိယမျိုးဆက်ကို ၂၀၁၂ခုနှစ် ကျမှ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စွမ်းဆောင်ရည်မြင့် မိုဒယ်တွေအတွက် ရည်ရွယ်တဲ့ S အမှတ်တံဆိပ်တပ် Vanquish S Coupe ကို ပွဲ ထုတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့ အမိုးဖွင့် ပြိုင်ကားဗားရှင်း Vanquish S Volante ကို ထပ်တိုး ထုတ်လုပ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဂျီနီဗာကားပြပွဲကြီး မှာ တရားဝင်ပွဲထုတ်ပြသခဲ့ပါတယ်။ ၂၀၁၈ မိုဒယ် အမိုးဖွင့်ပြိုင်ကားသစ်လေး Vanquish S Volante ဟာ စွမ်းအားပိုပြည့်ဝတဲ့ အင်ဂျင်၊ ပိုများတဲ့ စွမ်းအင် ပမာဏနဲ့ လေခွင်းအားပိုကောင်းအောင် စီမံထားရုံတင် မကဘဲ ကားကိုယ်ထည်ဒီဇိုင်းကိုလည်း ခပ်ပါးပါးလေး မွမ်းမံပြင်ဆင်ထားပါတယ်။ အဆင့်မြင့်ပြိုင်ကားဈေး ကွက်မှာ Bentley Continental GT Speed Martin Vanquish S Volante နဲ့ Maserati GranCabrio  တို့လို ပြိုင်ကား တွေနဲ့ ပြိုင်ဘက်တွေဖြစ်လာမယ့် 2018 Aston Martin Vanquish S Volante ရဲ့ ဈေးကို အမေရိကန်ဒေါ်လာ ၃၁၂,၉၅၀ နဲ့အထက် သတ်မှတ်ထားပါတယ်။ အဲဒီ နှုန်းထားဟာ အရင်ထွက်ရှိထားတဲ့ Vanquish S Coupe ပြိုင်ကားထက် ဈေးပိုကြီးပါတယ်။

တံခါးနှစ်ပေါက်နဲ့ ခရီးဝေးမောင်းပြိုင်ကား Vanquish S Coupe  ရဲ့ အမိုးဖွင့်ဗားရှင်း Vanquish S Volante ဟာ သူ့နောင်တော် Coupe မိုဒယ်ကိုပဲ အခြေခံထားတာဖြစ်ပေမဲ့ ကားခေါင်မိုးအနေအထား တင်မကဘဲ တခြားခပ်ပါးပါး မွမ်းမံထားတာတွေလည်း ရှိပါတယ်။ Vanquish  မိုဒယ်တွေရဲ့ ထုံးစံအတိုင်း အလူမီနီယမ်နဲ့ ကာဗွန်ဖိုင်ဘာ ပေါင်းစပ်တည်ဆောက် ထားတဲ့ ကားကိုယ်ထည်မှာ ကာဗွန်ဖိုင်ဘာသား ကိုယ် ထည်ပြားတွေကို အသုံးပြုထားပြီး ကားတံခါးအတွက် ကိုတော့ ပုံသွင်းထားတဲ့ မဂ္ဂနီဆီယမ်သတ္တုကို အသုံး ပြုပေးထားပါတယ်။ လေခွင်းအားကို အဓိကအသား ပေးမယ့် ဒီဇိုင်းသစ်အတွက် မြေဝပ်အားကောင်းစေမယ့် ကာဗွန်ဖိုင်ဘာသား 2×2 Twill Front Splitter နဲ့ Rear Diffuser  တို့ကို တပ်ဆင်ပေးထားပြီး ကားကိုယ် ထည်ရုပ်ထွက်ကို ပိုလှစေရုံတင်မကဘဲ အရှိန်နှုန်းမြင့် မြင့် မောင်းနှင်တဲ့အခါမှာလည်း တည်ငြိမ်မှုရရှိစေမှာပါ။ Coupe မိုဒယ်လို လေခွင်းအား အပြင်အဆင်သစ် တွေ၊ အဆင့်မြှင့်ထားတဲ့ ဆိုင်းထိန်းစနစ်နဲ့ ဆန်းသစ် လှပတဲ့ နှစ်ခုတွဲအိပ်ဇောပိုက်နှစ်စုံတို့ကို ပိုင်ဆိုင်ထား ပြီး ကားအနောက်ဘက်မှာတော့ လေပင့်အားထိန်း တောင်ပံငယ် ပါဝင်ပါတယ်။ Coupe မိုဒယ်နဲ့မတူဘဲ အထူးခြားဆုံး ကွဲပြားပြောင်းလဲသွားတာကတော့ ကား ရှေ့မျက်နှာစာရဲ့ အနိမ့်ဆုံးနေရာထောင့်ချိုးက Front Splitter ၊ ကားဘေးဘက် ကားတံခါးအောက်ဘက် နားက Side Skirt တွေ၊ ကာဗွန်ဖိုင်ဘာသားနဲ့ ဖန်တီး ပြုလုပ်ထားတဲ့ အနောက်ဘက် Rear Diffuser  တို့လို လေခွင်းအားအတွက် အဓိကရည်ရွယ်တဲ့ ဒီဇိုင်းအပြင် အဆင်တွေနဲ့ Aerodynamic Package အသစ်ပဲ ဖြစ်ပါတယ်။ ကားရှေ့ပိုင်း လေပင့်အား နည်းပါးအောင် အထူးမွမ်းမံဖန်တီးထားပြီး ကားကိုလည်း ပြိုင်ပွဲဝင် ကားတစ်စီးအသွင် ပေါက်စေပါတယ်။ ဒါ့ပြင် Volante  ကားသစ်ရဲ့ အနောက်ဘက်မှာ အိပ်ဇောပိုက်ဒီဇိုင်းသစ် နဲ့အတူ Vanquish S ဆိုတဲ့ အမှတ်တံဆိပ်စာသား ကိုလည်း အသစ်တပ်ဆင်ပေးထားပါတယ်။ အနက် ရောင်ပြောင်လက်နေတဲ့ 10-Spoke  ဒီဇိုင်း လက်မနှစ် ဆယ်အရွယ် အလွိုင်းဘီးခွေတွေဟာလည်း အရင်နဲ့ မတူတဲ့ အပြင်အဆင်သစ်တစ်ခုပါပဲ။ ဒါ့ပြင် မိုဒယ်သစ် အဖြစ် ထပ်တိုးမွမ်းမံထားတဲ့ ဒီဇိုင်းအပြင်အဆင်တွေ မှာ တရုတ်ကတ်ပုံစံ ကာဗွန်ဖိုင်ဘာသား စက်ဖုံးလေစုပ် ပေါက်တွေ၊ ကာဗွန်ဖိုင်ဘာသား အပြင်ဘက်နောက် ကြည့်မှန် အထိုင်ခွက်၊ ကားဘေးဘက် ကားရှေ့ဘီးခုံး အလွန်က အနက်ရောင် လေစုပ်ပေါက်တွေနဲ့ အနက် ရောင်ဆန်ခါကွက်စိပ်စိပ်ရှဲလ် (Grille) တို့လို ဒီဇိုင်းမျိုး တွေ ပါဝင်ပါတယ်။ ကားကိုယ်ထည်ကိုတော့ အပြာ ရောင်၊ အနက်ရောင်၊ ခဲရောင်၊ ခဲရောင်ဖျော့ဖျော့၊ ငွေရောင်နဲ့ ရွှေညိုရောင်နုနုတို့လို လှပဆန်းသစ်တဲ့ အရောင်အသွေးတွေနဲ့ ရရှိပါတယ်။

Aston Martin  ရဲ့ Super GT လို့ဆိုရမယ့် Vanquish S Volante အဖိုးဖွင့်ပြိုင်ကားသစ်မှာ အဆင့်မြှင့်တင်ဖန်တီးထားတဲ့ မြင်းကောင်ရေ ၆၀၃ ကောင်အား 6.0 Liter V12 အင်ဂျင်ကို တပ်ဆင်ထား ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင် တွေကိုတော့ Touchtronic III Auto ဂီယာရှစ်ချက်က နေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာ ပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၂၀၁ မိုင်နှုန်းဖြစ်ပြီး အချိန်သုံးစက္ကန့်ခွဲအတွင်းမှာ သုညမိုင် ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့် တင်နိုင်ပါတယ်။ ထပ်တိုးထားတဲ့ နည်းပညာနဲ့ ပိုပြီး ပြည့်ဝတဲ့ စွမ်းအင်ပမာဏတို့တင်မက နှစ်ခုတွဲအိပ်ဇော ပိုက်နှစ်စုံနဲ့ အင်ဂျင်ကို လေစီးဆင်းမှုပိုကောင်းစေဖို့ အသစ်မွမ်းမံထားတဲ့ လေစုပ်ပေါက်တွေကလည်း စွမ်း ဆောင်ရည်မြင့်ကားတစ်စီးရဲ့ ခံစားမှုမျိုးရရှိစေမှာဖြစ် သလို တကယ့်စစ်မှန်တဲ့ မောင်းနှင်မှုအရသာကိုလည်း ခံစားရစေမှာပါ။ လှပသေသပ်တဲ့ နှစ်ယောက်စီး ကား အတွင်းခန်းကိုလည်း အဆင့်မြင့်ပြိုင်ကားတစ်စီးပီပီ Bang & Olufsen လို အဆင့်မြင့်အသံစနစ် ထည့် သွင်းပေးထားပြီး Vanquish S အမှတ်တံဆိပ်ရေးထိုး ခတ်နှိပ်ထားတဲ့ ကားထိုင်ခုံတွေမှာ Filograph Quilt  လို့ခေါ်တဲ့ အတွန့်အခက်တွေနဲ့ ခပ်ဆန်းဆန်းဒီဇိုင်း ချုပ်ရိုးလိုင်းတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here