စျေးတန်းအစုံနှင့် ရွေးချယ်စရာကားများခြင်းတို့ကြောင့် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေသည့် ကားသစ်စျေးကွက်

49
Page(Test)

 

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းကို လွတ်တော်သို့ တင်သွင်းထားပြီးဖြစ်ရာ လာမည့်နှစ်တွင် ယခုနှစ်အတိုင်း စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်သက်သာခွင့်ပေး၊မပေးကို စောင့်ကြည့်နေသူများရှိသည်။ ထို့အတူ စိုးရိမ်စိတ်ဖြင့် အခွန်သက်သာခွင့် ပေး၊ မပေးကို မစောင့်ဆိုင်းဘဲ ဝယ်ယူသူများလည်းရှိ၍ ကားအရောင်းအ ဝယ်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ညာမောင်းကားများထဲတွင် ၁၃ဝဝ စီစီကားများထဲမှ Honda Fit ၊ Toyota Vitz ၊ Suzuki Swift ၊ Mazda Demio စသည့်ကျပ်သိန်းနှစ်ရာ အောက်နံပါတ်ထွက်ပြီးသား ကားများနှင့် Toyota Crown ၊ Chevrolet Malibu ၊ Nissan Juke ၊ KIA Carnival ၊ Toyota Kluger ၊ Toyota Harrier ၊ Hilux Surf ၊ Prado ၊ Toyota Alphard ၊ Toyota Land Cruiser ၊ Lexus RX300 စသည့် အလယ်အလတ်နှင့် အမြင့်ကားစျေးကွက်လည်း ပြန်ပြီး လှုပ်ခတ်လာသည်။ ကားသစ်စျေးကွက်တွင်လည်း Toyota ၊ Hyundai ၊ Suzuki တို့မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပြီး Ford ၊ GAC ၊ Nissan ၊ BAIC ၊ Soueast ၊ Borgward ၊ Jetour ၊ Changhe ၊ BYD ၊ Haval စသည့် Brand များမှာလည်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်အတွင်း ှုီ စနစ်ဖြင့် ဃမေ မြညေိ အသစ်များ ထပ်မံဝင်ရောက်လာဖွယ်ရှိနေရာ ကား သစ်စျေးကွက်မှာ ရွေးချယ်စရာများခြင်း၊ ကားသစ်နှင့်ကားဟောင်း လဲ လှယ်ဝယ်ယူနိုင်ခြင်းနှင့် အရစ်ကျစနစ်ဖြင့် နှစ်ရှည်ဝယ်ယူနိုင်ခြင်းကြောင့် စျေးကွက်ဝေစု တဖြည်းဖြည်း ပိုရလာသည်။

“တချို့အဝယ်တွေကျတော့ ၃ဝ ရာခိုင်နှုန်း ဖြစ်မှာစိုးရိမ်ပြီး ဝယ်ကြလို့ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေပါတယ်၊ အသစ်တွေကတော့ ရွေးချယ်မှုပိုများလာတာကြောင့် တဖြည်းဖြည်းပိုပြီး ရောင်းလာရပါတယ်၊ အသစ်တွေထဲမှာ Hyundai က ပထမရောင်းအားအကောင်းဆုံးဖြစ်ပြီး Toyota နဲ့ Suzuki ကားတွေလည်း ရောင်းရပါတယ်၊ Borgward ၊ BAIC ၊ Soueast တို့လည်း သူ့မိတ်နဲ့သူ အရောင်းအဝယ်ဖြစ်နေပါတယ်၊ ကားဟောင်းတွေထဲမှာဆိုရင် M အက္ခရာတွေထဲက Honda Fit ၊ Toyota Vitz ၊ Suzuki Swift ၊ Mazda Demio တို့လို ကျပ်သိန်း နှစ်ရာအောက် ကားတွေက တော်တော်လေး အရောင်းအဝယ် ဖြစ်ပါတယ်၊ အလယ်အလက်ကားတွေနဲ့ အမြင့်ကားစျေးကွက်လည်း ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ ထူးထူးခြားခြားကတော့ ဒီရက်ပိုင်းမှာ ကျပ်သိန်းတစ်ထောင်အထက်ကားတွေ စျေးကွက်ပြန်ပြီး လှုပ်ခတ်လာ ပါတယ်၊ အဝယ်လှုပ်တာနဲ့ ဒေါ်လာစျေးတက်တာတွေကြောင့် အမြင့်ကား စျေးကွက်ကတော့ အမြင့်စျေးကို ခေါ်ပြီး ရောင်းချင်တာတွေ ရှိလာကြလို့ ရောင်းကား ပြန်ကောက်ရတာတော့ နည်းနည်းခက်သွားပါတယ်”ဟု ‘MMM ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောသည်။

လက်ရှိကားအရောင်းအဝယ်စျေးကွက်တွင် Honda Fit M အက္ခရာ ကျပ်သိန်းနှစ်ရာဝန်းကျင်၊ Toyota Vitz M အက္ခရာကျပ်သိန်းနှစ်ရာဝန်း ကျင်၊ Suzuki Swift ၂ဝဝ၇ မိုဒယ် ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊Mazda Demio ၂ဝဝ၇ မိုဒယ်ကို ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊Toyota Kluger ၂ဝဝ၃ မိုဒယ်အဖြူရောင် ကျပ်သိန်း ၄၅ဝ ဝန်းကျင်၊Toyota Harrier M အက္ခရာ ကျပ်သိန်း ၄၈ဝ ဝန်းကျင်၊Toyota Crown L အက္ခရာ ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊Nissan Juke Q အက္ခရာ ကျပ်သိန်းသုံးရာ ဝန်းကျင်၊Toyota Land Cruiser ၂ဝဝ၈ မိုဒယ် ၂ဝ၁၄ ရုပ်ပြောင်း ကျပ်သိန်း ၁,၂ဝဝ ဝန်းကျင်ပေါက်စျေးရှိပြီး ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ SKD ကားဟောင်းစျေးကွက်တွင်လည်း Suzuki Ciaz မှာ ကျပ်သိန်းနှစ်ရာဝန်းကျင်နှင့် Hyundai Accent ကျပ်သိန်း ၂၄ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ထို့ပြင် CBU ဖြင့် တင်သွင်းသည့် Brand New ကားများမှာလည်း ကိုဗစ်ကာလ အတွင်း ကားအရောင်းအဝယ်များ သိသိသာသာ အေးစက်မသွားအောင် ပရိုမိုးရှင်းအစီအစဉ်များဖြင့် Brand အသီးသီးက ရောင်းချနေ၍ Brand New ကားသစ်စျေးကွက်လည်း အရောင်းအဝယ် ဖြစ်နေသည်။

“ကားသစ်ရော ကားဟောင်းရော ရောင်းရပါတယ်၊ အမေရိကနဲ့ ဒူဘိုင်းကနေ သွင်းတဲ့ အမြင့်ကားတွေလည်း ဒီရက်ပိုင်း မေးကြဝယ်ကြ ပါတယ်၊ ကျပ်သိန်းခုနစ်ရာနဲ့ ရှစ်ရာဝန်းကျင်မှာ ကားသစ်ရော ကား ဟောင်းရော ပုံမှန်အရောင်းအဝယ် ဖြစ်ပါတယ်၊ ကျပ်သိန်းတစ်ထောင်နဲ့ ၁,၅ဝဝ ကြားကားတွေကတော့ သူ့မိတ်နဲ့သူ လာဝယ်ကြတာမျိုး တွေ့ရပါ တယ်”ဟု Perfect Auto Biz Myanmar မှ မန်နေဂျင်းဒါရိုက်တာကို ပြည့်စုံဝင်းသိန်းက ပြောသည်။

ကားအရောင်းအဝယ်စျေးကွက်သို့ ထပ်မံဝင်ရောက်လာမည့် ကား Brand အသစ်များတွင် အိမ်စီးကားများနည်းတူ လုပ်ငန်းသုံးကားများလည်း ပါဝင်လာဖွယ် ရှိနေသည်။ ထို့ကြောင့် ကားစျေးကွက်အတွင်း ရွေးချယ်စ ရာကား ပို၍များလာမည်ဖြစ်ပြီး ဝယ်ယူသူအချို့မှာလည်း အသစ်ဝင် ရောက်လာမည့် Car Brand နှင့် ဝန်ထမ်းပါမစ်ပေး၊ မပေးကို စောင့် ကြည့်နေကြသည်။

“ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ ဝယ်/ရောင်းအချင်းချင်း ပြန်ကောက်တာမျိုးပဲရှိပြီး အပြင်အဝယ်အနေနဲ့ ထူးထူးခြားခြား အဝယ်လိုက်တာမျိုးတော့ နည်းနေသေးတယ်၊ အသစ်ဝင်လာမယ့် Brand တွေ ကို မျှော်နေကြတာလည်း ရှိပါတယ်၊ ဥပမာ လုပ်ငန်းသုံးထဲမှာဆိုရင် Karry ဆိုတဲ့ လုပ်ငန်းသုံးကားတွေ ဝင်လာတော့ ၆၆ဝ စီစီကားတွေ အဝယ်နည်းနည်းတန့်သွားတာ တွေ့ရပါတယ်၊ နောက်ထပ်လည်း Car Brand အသစ်တွေ ဝင်လာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ဝင်ငွေခွန်တွေ တိုး ကောက်မယ်ဆိုတဲ့ သတင်းတွေအပေါ် စောင့်ကြည့်နေတာတွေရှိတော့ အရောင်းအဝယ်က ထိန်းရောင်းနေကြတဲ့သဘော ဖြစ်ပါတယ်”ဟု ဝါရင့် ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here