စျေးကွက်ငြိမ်သက်နေရာမှ သိန်းတစ်ရာဝန်းကျင် ကားလေးများ အရောင်းအဝယ်အနည်းငယ်ဖြစ်လာသည့် မန္တလေးကားစျေးကွက်

1341

အခွန်နှုန်းထားကိစ္စများကြောင့် စောင့်ကြည့်မှုများရှိသော်လည်း အမှန်တစ်ကယ်လိုအပ်သူများ၏ ဝယ်ယူမှုကြောင့် ယခုတစ်ပတ် အရောင်းအဝယ် အနည်းငယ်တိုးလာကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

”ပြီးခဲ့တဲ့အပတ်ထက်စာရင် အရောင်းအဝယ်မဆိုးဘူး၊ ပွိုင့်သရီးလေးတွေဖြစ်တယ်၊အလဲအထပ်လေးတွေဖြစ်တယ်၊အမှန်တကယ်လိုအပ်လို့ လာဝယ်တဲ့သူတွေရှိသလို ခရီးသွားဖို့အတွက် လာဝယ်တဲ့သူတွေရှိလာတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။
အရောင်းအဝယ်အနည်းငယ်တိုးတက်လာသည်ဟုဆိုသော်လည်း ထွက်ပေါ်နေသည့် အခွန်နှုန်းထားကိစ္စများနှင့် ကားမူဝါဒအသံများကြောင့် စျေးကွက်ဝယ်လိုအားမှာ ထင်သလောက်ကောင်းမွန်လာခြင်းမရှိသေးကြောင်း ကားဝယ်/ရောင်းအများစုက ဆိုကြသည်။

”အရောင်းအဝယ်အေးတယ်၊ဘာကြောင့်ဆိုတာမသိပေမယ့် ဝယ်လက်ကလဲ ထင်သလောက်မလာဘူး၊ အခွန်ကိစ္စအသံတွေကြောင့် အခွန်ကျသွားရင်ကားစျေးကျသွားမလားဆိုပြီး စောင့်ကြည့်ကြတာတွေရှိတာကြောင့် အရောင်းအဝယ်က အသွက်ကြီးမဟုတ်ဘဲကြိုကြားလောက်ပဲဖြစ်နေတယ်”ဟု ကားဝယ်/ရောင်း ကိုနောနော်က ပြောသည်။
ယခုတစ်ပတ်၌ ဝယ်လက်အကြိုက်ဖြစ်သည့် မီနီထရပ်(ခွေးဘီးလူး)လေးများ၊ ပွိုင့်သရီးကားများအပြင် လုပ်ငန်းသုံးအမျိုးအစားဖြစ်သည့် Mazada Bongo အစရှိသည့်ကားများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ လက်ရှိအချိန်၌ ကျပ်သိန်း ၇ဝ မှ ၉ဝ ဝန်းကျင် ခွေးဘီးလူးလေးများနှင့် ကျပ်သိန်း ၁၁ဝမှ၁၅ဝ ဝန်းကျင် ပွိုင့်သရီးများသာ အရောင်းအဝယ်သွက်နေရာမှ လုပ်ငန်းသုံး ကျပ်သိန်းတစ်ရာမှ ၁၁ဝ ဝန်းကျင်ကားလေးများကိုလည်း အမေးများလာကြောင်းသိရသည်။အမှန်တစ်ကယ်လိုအပ်သူများ လာရောက်ဝယ်ယူသည့်အပြင် နယ်ဝယ်လက်များလာရောက်ဝယ်ယူမှုကြောင့် ကျပ်သိန်းတစ်ရာမှ ၁၅ဝ ဝန်းကျင် ထိုင်းနိုင်ငံထုတ်ကားများ၊Mitsubishi နှင့် Ford တစ်ခန်းခွဲကားလေးများလည်း အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။

မန္တလေးကားစျေးကွက်၏ လက်ရှိစျေးကွက်ပုံစံမှာ ထွက်ပေါ်နေသည့်အသံများအပြင် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှခြင်းများကြောင့် ပေါ က်စျေးမဟုတ်ဘဲကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် အရောင်းအဝယ် ပြုလုပ်မှုအများဆုံးဖြစ်နေကြောင်း စျေးကွက်အတွင်းရှိ ဝယ်/ရောင်းများထံ မှ သိရသည်။
”အရင်ကဆိုရင် အနည်းဆုံး သုံးလေးရက်ဆို တစ်ပွဲတည့်ပေမယ့် ခုတော့တစ်ပတ်လောက်မှ ပွဲလေးတစ်ပွဲဖြစ်ဖို့ မနည်းရောင်းနေရတယ်၊ ရောင်းအားကတော့ အရင်နှစ်တွေထက်စာရင် ခုနှစ်ဆယ်ရာခိုင်နှုန်း လောက်ကျသွားတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ သက်တမ်းရင့် ကား ဝယ်/ရောင်းတစ်ဦးက ပြောသည်။
ထွက်ပေါ်နေသည့်ပေါ်လစီအမျိုးမျိုးကြောင့်အပြင် ဝယ်လက် စိတ်ဝင်စားမှုနည်းခြင်းများကြောင့် ပြီးခဲ့သည့်အပတ်များက စာမေးပွဲကာလအပြီးနှင့် သကြင်္န်ကာလရောက်ရှိချိန်ကြား၌ အရောင်းအဝယ်ကောင်းလာနိုင်မည်ဟု ခန့်မှန်းမှုများမှာလဲမှေးမှိန်လာကြောင်း ကားဝယ်/ရောင်းများ က ညည်းထွားကြသည်။
”အရောင်းအဝယ်က မှန်းလို့ကိုမရတော့ဘူး၊ ခုတစ်မျိုးတော်ကြာတစ်မျိုးမူဝါဒနဲ့ဆိုတော့ ဘယ်လိုစျေးနဲ့ရောင်းရမလိုမသိတော့သလို ဘယ်ကားတွေဖြစ်လာနိုင်တယ်ဆိုတာလဲ ခန့်မှန်းရခက်သွားပြီ၊ အသစ်ဘက်ကိုပဲသွားမလား၊အဟောင်းပဲဖြစ်မလားဆိုတာကလဲ မူဝါဒရဲ့ကစားကွက်တွေကြားမှာ ဖြစ်နေတယ်၊ နှစ်တစ်နှစ်အတွက် တိကျတဲ့မူဝါဒကို နှစ်မစမှီ စောပြီးထုတ်ပြန်ပေးနိုင်ရင်တော့ အရောင်းအဝယ်ကအရမ်း ကြီးမဆိုးတောင် ပုံမှန်လေးတော့ဖြစ်နိုင်ပါတယ်”ဟု ဝါရင့်ကားဝယ်/ ရောင်းတစ်ဦးက ဆိုသည်။
မန္တ လေးမြို့၏ Brand New ကားစျေးကွက်အခြေအနေများမှာလဲပရိုမိုးရှင်းပွဲများ၊ အရစ်ကျစနစ်များဖြင့် အမျိုးမျိုးပြုလုပ်ကာ အရောင်းအဝယ်ပြုလုပ်နေရပြီး လက်ရှိစျေးကွက်မှာလဲ ထင်သလောက်ကောင်း မွန်လာခြင်းမရှိသေးကြောင်း သိရသည်။

”စျေးကွက်အခြေအနေကတော့ တစ်ချို့ဝယ်/ရောင်းတွေဆို အိမ်စရိတ်ကျန်ရင်ပြီးရောဆိုပြီး ပွဲခလောက်နဲ့ရောင်းနေကြတာလဲရှိတယ်၊ တစ်နှစ်တစ်ခါ မူဝါဒပြောင်းရင် အရောင်းအဝယ်ပိုပိုဆိုးနေသလိုဖြစ်နေတယ်”ဟု ကားဝယ်/ရောင်းတစ်ဦးက ညည်းထွားပြောဆိုသည်။
မန္တလေးမြို့၏ အရည်ကျိုနှင့် စလစ်စျေးကွက်မှာလဲ ရန်ကုန်လိုင် စင်မရရှိသည့်နောက်ပိုင်းမှစတင်၍ အရောင်းအဝယ်အေးကာ မှာယူမှုမရှိ သလောက်ဖြစ်သွားပြီး မန္တလေးအရည်ကျိုကားတစ်စီးလျှင် ကျပ်သိန်းရှစ်ဆယ်အောက်အထိ ကျဆင်းသွားကြောင်း သိရသည်။

”အရည်ကျိုက ဒီစျေးတောင်အမှာကသိပ်မရှိဘူး၊ ရန်ကုန်လိုင်စင်မရကတည်းက တောက်လျှောက်ကျသွားတာ အရည်ကျိုလုပ်တဲ့သူတွေတောင် ပွိုင့်သရီးတွေဘက်လှည့်လာပြီ၊ အရည်ကျိုစျေးကွက်ကြောင့်တော့ ကားစျေးတွေကိုထိခိုက်မှုမရှိနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့နှစ်နှစ်ဆယ် အရည်ကျိုကလဲ သိပ်မကျန်တော့သလို ရှိတဲ့နှစ်နှစ်ဆယ်တွေကလဲ ဒီ စျေးနဲ့မရောင်းနိုင်တဲ့ အကောင်းတွေရှိသေးတယ်”ဟု အရည်ကျိုစျေးကွက် အတွင်းရှိ ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here