စံနှုန်းသတ်မှတ်ချက်နှင့် မကိုက်ညီသည့် CKD ၊ SKD ကား ထုတ်လုပ်သည့် ကုမ္ပဏီများကို  ထုတ်လုပ်ခွင့်လိုင်စင်ပိတ်သိမ်းသည်အထိ  အရေးယူမည်

1003

ရန်ကုန်၊ မေ

စံနှုန်းသတ်မှတ်ချက်နှင့် မကိုက်ညီသည့် CKD ၊ SKD ကား ထုတ်လုပ်သည့် ကုမ္ပဏီများကို ထုတ်လုပ်ခွင့်လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

CKD ၊ SKD စနစ်ဖြင့် ပြည်တွင်း၌ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုအပေါ် စက်မှုဝန်ကြီးဌာနမှ စံနှုန်းများ သတ်မှတ်ထားပြီး သတ်မှတ်ချက်များနှင့်အညီ တပ်ဆင်ထုတ်လုပ်ခြင်းမရှိပါက လိုအပ်ချက်အပေါ်မူတည်၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

”CKD ၊ SKD စနစ်နဲ့ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ဖို့ သတ်မှတ်ချက်တွေ ချမှတ်ထားပြီး သတ်မှတ်စံနှုန်းအတိုင်း ထုတ်လုပ်ဖို့အတွက်လည်း အသိပေးထားပါတယ်၊ သတ်မှတ်ချက်နဲ့မညီဘဲ ကားတွေထုတ်လုပ်နေတာကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေလည်း ရေးဆွဲနေပါတယ်၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုဆိုင်ရာ နည်းဥပဒေမှာ CKD ၊ SKD စနစ်နဲ့ ထုတ်လုပ်တဲ့ကားတွေအတွက် အကျိုးခံစားခွင့်ကို ခွဲခြားသတ်မှတ်ပေးမှာ ဖြစ်ပါတယ်၊ သတ်မှတ်ချက်နဲ့မညီဘဲ တပ်ဆင်ထုတ်လုပ်နေတယ်ဆိုရင်တော့ ထုတ်လုပ်ဖို့ လိုင်စင်ကို တစ်နှစ်ကနေ အပြီးပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုဆိုင်ရာဥပဒေနှင့် နည်းဥပဒေ ကို ထုတ်ပြန်ပြီးပါက SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများကို စံနှုန်း သတ်မှတ်ချက် ၁ဝ ချက်ဖြင့် ကိုက်ညီမှုရှိမှသာ ခွင့်ပြုပေးမည်ဖြစ်သည်။ ထို့ပြင် CKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများနှင့် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများ၏ အကျိုးခံစားခွင့်ကိုလည်း ခွဲခြားသတ်မှတ်မည်ဖြစ်သလို ပေးဆောင်ရမည့် အခွန်များလည်း ခွဲခြားကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here