စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ

457

စိတ်တစ်ခု ရုပ်ကိုးဆယ်၊ စိတ်သာရှင်စော ဘုရားဟော၊ စိတေ္တန နိယ တေလောကော (လောကကြီးကို စိတ်ကဦးဆောင်တယ်)၊ ရုပ်ဝတ္ဃုက အပြင်ထွက်ဖို့ ဖိနပ်စီးနေချိန်မှာ စိတ်က ကမ္ဘာကြီးကို တစ်ပတ်ပတ်ပြီး သွားပြီ စတဲ့စိတ်ပိုင်းဆိုင်ရာစကားတွေ၊ စာတွေ အမျာကြီးရှိတယ်။
စိတ်ဆိုတာ အလျားအနံ၊ ဒု၊ ဗြက်၊ အရောင်အဆင်းမရှိဘူး၊ လက် နဲ့ဖမ်းဆုပ်ဖမ်းကိုင်လို့လည်းမရဘူး။ တစ်နည်းဆိုရရင် အဲဒါဟာ စိတ်ပဲ လို့ မိမိရရ၊ ထိထိမိမိ လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။
ဒါပေမဲ့ စိတ်စွမ်းအင်က အင်မတန်ပြင်းတယ်။ စက္ကန့်ပိုင်းအတွင်းမှာ ပဲ ကမ္ဘာကို ပတ်နိုင်တယ်။ ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ် ကို အချိန်ပိုင်းအတွင်း ဆုံးဖြတ်လုပ်ဆောင်နိုင်တယ်။
အဲဒီလိုပြင်းထန်တဲ့စိတ်ကြောင့် ကောင်းမွန်တိုးတက်တာတွေရှိနိုင် သလို၊ ပွန်းပဲ့ပျက်စီးလွယ်တာတွေလည်း ရှိနိုင်တယ်။ စိတ်ကြောင့်အောင် မြင်မှုတွေ ဆင့်ပွားဖြစ်ပေါ်နိုင်သလို ဆုံးရှုံးမှုတွေလည်း တန်းစီသွားနိုင် တယ်။
များသောအားဖြင့် လူတွေဟာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် ယှဉ်လာရင် မကောင်းတဲ့စိတ်အပေါ်မှာ မွေ့လျော်တတ်ကြတယ်။ ကုသိုလ် နဲ့ အကုသိုလ်ယှဉ်လာရင် အကုသိုလ်ပေါ်မှာ သာယာချင်ကြတယ်။
မသိလို့ကတော့ မဟုတ်ဘူး။ သိကြတယ်။ သိပေမဲ့ ပုထုဇဉ်တွေဖြစ် နေတော့ ပစ္စုပ္ပန်သာယာရေးကို လိုလားနေကြလို့ပဲ။ လက်ရှိဘဝမှာ ကျေ နပ်နေကြလို့ပဲ။ ဒီတော့ အသိစိတ်ကို မသိစိတ်နဲ့ ဖုံးလွမ်းပြီး ကျေနပ်နေ ကြတယ်။
အဲဒီမသိစိတ်က မလိုလားအပ်တဲ့ပြသနာပေါင်းသောင်းခြောက် ထောင်ကို မီးထွန်းရှာတတ်တယ်။ ဆိုကြပါစို့။ ကားမောင်းနေတဲ့လူတစ် ယောက်။ အဲဒီလူမှာ အသိိစိတ်၊ မသိစိတ်နှစ်ခုရှိတယ်။ သိစိတ်၊ မသိ စိတ်က ကားမောင်းနေတဲ့သူနဲ့အတူ လိုက်ပါလာခဲ့တယ်။ အသိစိတ်က သူသွားမယ့်လမ်းကြောင်း အန္တရာယ်ကင်းအောင် လမ်းပြခေါ်ဆောင်သွား တတ်တယ်။ သွားလို့ရတဲ့ ခရီးကရှောရှောရှူရှူရောက်အောင် ဖေးမကူညီ ပေးတယ်။
မီးပွိုင့်၊ မျဉ်းဝါကျား၊ ဖြူနီဝါကွက်၊ ဘယ်ကွေ့၊ ညာကွေ့၊ ကုန်း တက်၊ ကုန်းဆင်း၊ မဝင်ရ၊ မရပ်ရ၊ ဖြည်းဖြည်းမောင်းစတဲ့ သင်္ကေတတွေ ကို အသိစိတ်က ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာအောင် လမ်းပြ ခေါ်သွားတယ်။
အဲဒီအသိစိတ်ရဲ့ စေ့ဆော်မှုကို မသိစိတ်က မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ နှောင့်ယှက်တတ်တယ်။ ဥပမာ-ကားမောင်းရင်း ဖုန်းပြောရင် အန္တရာယ်ဖြစ်လွယ်တယ်။ ကားမောင်းရင်း အတွေးတွေ ကစဉ့်ကလျားလွင့်နေခဲ့ရင် အန္တရာယ်ဖြစ်လွယ်တယ်။ ကားမောင်းရင်း စည်းမဲ့ကမ်းမဲ့ ပရမ်းပတာမောင်းရင် အန္တရာယ်ဖြစ်လွယ်တယ်။
မသိစိတ်က အန္တရာယ်အတွက် လစ်ရင်လစ်သလို အခြေအနေပေး ရင် အခြေအနေပေးသလို အလစ်အငိုက်ဖမ်းပြီး ဒုက္ခပေးတတ်တယ်။ ကားမောင်းတဲ့သူတိုင်း ဒါကိုအမြဲသတိထားတတ်ဖို့ လိုပါတယ်။
မကြာသေးမီက မြို့တစ်မြို့မှာ လူငယ်တစ်ယောက် ခရီးသည်တင် လိုင်းကားမောင်းရင်း ဖုန်းပြောမိတယ်။ ဖုန်းပြောရင်း တစ်ဖက်က ဖုန်း ဆက်သူကို မကျေနပ်တော့ ဖုန်းပြောရင်း ဒေါသဖြစ်တယ်။
ဒေါသဖြစ်တော့ လူငယ်ရဲ့စိတ်က ကားမောင်းနေတဲ့ဆီမှာ အာရုံ မရောက်တော့ဘူး။ ကားမောင်းနေတဲ့အသိစိတ်ကို ဖုန်းဆက်ရင်း ဒေါသ ဖြစ်နေတဲ့ မသိစိတ်က ဖုံးလွမ်းသွားတယ်။ ဒေါသနဲ့ တစ်ဖက်က ဖုန်း ဆက်သူကို တုံ့ပြန်ချင်တယ်။ တုံ့ပြန်ချင်တော့ ပထမအော်ကြီးဟစ်ကျယ် ပြန်ပြောတယ်။ လက်တစ်ဖက်က ဖုန်းကိုင်ထားပြီး လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားတယ်။ ပထမအဆင့် အော်ကြီးဟစ်ကျယ်ပြော တာ အားမရတော့ မိုးမွန်အောင် ဆဲဆိုကြိမ်းမောင်းတဲ့အဆင့် ရောက် သွားတယ်။
ဆဲဆိုကြိမ်းမောင်းတဲ့ ဒုတိယအဆင့်ကိုကျော်လွန်တော့ နောက်ဆုံး မောင်းနေတဲ့ကားနဲ့ လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်တယ်။ ဒေါသ နဲ့ ဝင်တိုက်တာဆိုတော့ အရှိန်ပါနေတဲ့အတွက် ကားပါမှောက်သွားတယ်။ မောင်းတဲ့သူရော၊ ခရီးသည်တချို့ပါ ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်တယ်။ နှစ်ယောက်ကတော့ မျှော်လင့်ချက်မရှိနိုင်ဘူးဆိုတဲ့အဆင့်အထိ ရောက် ကုန်တယ်။
ဒါဟာ ဒေါသရဲ့အဖြေပါ။ သတိနဲ့သွားလာနိုင်ဖို့ အသိစိတ်နဲ့ ဟန် ချက်ညီညီသွားလာနေချိန်မှာ မလိုလားအပ်တဲ့ မသိစိတ်ကြောင့် ဒေါသ နောက်ကိုလိုက်ရင်း ကြေကွဲဖွယ်ဖြစ်သွားရတဲ့ သာဓကပါ။
အချုပ်ဆိုရရင် ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ ရထား၊ သငေ်္ဘာ၊ စက်လှေ ဘယ်ယာဉ်အမျိုးအစားကိုဖြစ်စေ ကိုင်တွယ်မောင်းနှင်နေချိိန် မှာ စိတ်တည်ငြိမ်အောင်ထားဖို့လိုကြောင်း ရေးသားလိုက်ရပါတယ်။

ေမာင်ပံသု

LEAVE A REPLY

Please enter your comment!
Please enter your name here