စလစ်ဈေးမြင့်တက်မှုကြောင့် တန် ဖိုးနည်း လူစီးကားများကို တိုက်ကြေ အဖြစ် အပ်နှံမှုများလာပြီး ယခုလ သုံးပတ်တာ ကာလအတွင်း အစီး ၁၄၀ ကျော် လာရောက် အပ်နှံမှု ရှိကြောင်း သန်လျင် ကညနရုံးမှ သိရသည်။
လာမည့်နှစ်အတွက် မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များ တရားဝင် ထွက် ပေါ်လာပြီး နောက်ပိုင်း သက်တမ်း နှစ် နှစ်ဆယ်စလစ်သည် ကျပ် ၁၃၈ သိန်းအထိ မြင့်တက်သွားသ ကဲ့သို့ တိုက်ကြေ စလစ်ဈေးများ လည်း ကျပ် ၁၂၈ သိန်းအထိ မြင့် တက်ခဲ့သည်။ CIF တန်ဖိုး ဒေါ်လာ ငါးထောင် သတ်မှတ်ထားသော ၁၃၀ဝ စီစီ ကားများကို တင်သွင်း ရန်အတွက် သက်တမ်း နှစ် နှစ်ဆယ် စလစ်ထက် ဈေးသက်သာသော တိုက်ကြေစလစ်များ ဝယ်လိုအား မြင့်တက်နေရာ အမှန်တကယ် တိုက် ထားသော ကားများကို အပ်နှံမှု ရှိသလို တန်ဖိုးနည်း လူစီးကားများ ကို လုပ်ယူဖန်တီး အပ်နှံမှုများလည်း ရှိလာခဲ့သည်။
စလစ်ဈေးမြင့်တက်လာသည် နှင့်အမျှ တိုက်ကြေကား အပ်နှံမှု လည်း များလာရာ အောက်တိုဘာ လ၌ ယခင်လများထက် အပ်နှံမှုပို များလာကြောင်း သိရသည်။ ယခုနှစ် အစက တိုက်ကြေအပ်နှံမှုသည် အစီး ငါးဆယ်ဝန်းကျင်သာရှိခဲ့သော် လည်း စလစ်ဈေး မြင့်တက်လာ သည့် သြဂုတ်လမှစ၍ အစီးတစ်ရာ ကျော်အထိ အပ်နှံမှုရှိခဲ့ကြောင်း သိ ရသည်။ သန်လျင်ကညနရုံး၌ ယခု နှစ်အတွင်း လအလိုက် တိုက်ကြေ အပ်နှံမှုအရ ဇန်နဝါရီလတွင် ၄၇ စီး၊ ဖေဖော်ဝါရီလတွင် ၅၄ စီး၊ မတ်လတွင် ၈၉ စီး၊ ဧပြီလတွင် ၂၇ စီး၊ မေလတွင် အစီး ခြောက်ဆယ်၊ ဇွန်လတွင် ၅၁ စီး၊ ဇူလိုင်လတွင် ၁၀၄ စီး၊ သြဂုတ်လတွင် ၁၂၅ စီး၊ စက်တင်ဘာလတွင် ၁၄၁ စီးနှင့် အောက်တိုဘာလဆန်းမှ တတိယ ပတ်အထိ ၁၄၉ စီး အပ်နှံမှုရှိကြောင်း သိရသည်။
နှစ် နှစ်ဆယ် စလစ်ဈေးများ ကျပ်သိန်း ၁၄၀ ဝန်းကျင်ရောက်ရှိ သွားပြီး နောက်ပိုင်းတွင် တိုက်ကြေ စလစ်များလည်း ကျပ် ၁၂၈ သိန်း အထိ မြင့်တက်သွားကြောင်း ကား ဈေးကွက်အတွင်းမှ သိရသည်။
ကိုရဲ