စလစ်စျေးမြင့်တက်မှုကြောင့် တန်ဖိုးနည်းလူစီးကားများ တိုက်ကြေအပ်နှံမှုများလာပြီး ရှစ်လအတွင်း အစီး ခြောက်ရာကျော်အထိရှိလာ

690

စလစ်စျေးမြင့်တက်မှုကြောင့် တန် ဖိုးနည်း လူစီးကားများ တိုက်ကြေ ကား အပ်နှံမှုများလာပြီး ရှစ်လတာ အတွင်း အစီးရေ ခြောက်ရာကျော် အထိ ရှိလာကြောင်း သန်လျင်ကညန ရုံးမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ ယာဉ်မတော်ဆ မှုကြောင့် တိုက်ကြေ ပျက်စီးသွား သော ကားများ၊ မီးလောင်ပျက်စီး သွားသော ကားများကို အရည်ကျို အပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ် တင်သွင်းခွင့်ကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ် လမှ စတင်ခွင့်ပြုခဲ့ရာ ၂ဝ၁၆ ခုနှစ် နှစ်ကုန်အထိ ၂,၇၂၃ စီး လာရောက် အပ်နှံခဲ့သည်။ စလစ်စျေး မြင့်တက် မှုကြောင့် ယခုနှစ်အတွင်း တန်ဖိုး နည်း လူစီးကားများကို တိုက်ကြေ အဖြစ် ဖန်တီးအပ်နှံကြသလို ယာဉ် တိုက်မှု ပိုများလာ၍လည်း ယခင် ကထက် အပ်နှံမှု ပိုများလာရာ ဇန်န ဝါရီလ၌ ၄၇ စီး၊ ဖေဖော်ဝါရီလ၌ ၅၄ စီး၊ မတ်လ၌ ၈၉ စီး၊ ဧပြီလ၌ ၂၇ စီး၊ မေလ၌ အစီး ခြောက်ဆယ်၊ ဇွန်လ၌ ၅၁ စီး၊ ဇူလိုင်လ၌ ၁ဝ၄ စီး၊ သြဂုတ်လ၌ ၁၁၈ စီး အပ်နှံ ခဲ့ကြောင်း သိရသည်။

”ဒီနှစ်ထဲမှာ တိုက်ကြေကား အပ်နှံမှု အစီး ခြောက်ရာကျော် ရှိပါ တယ်၊ ပစ်ကပ်တိုက်ကြေတွေ လူစီးမရတဲ့နောက်မှာ တန်ဖိုးနည်း လူစီးကားတွေ တိုက်ကြေအပ်နှံတာ များလာတယ်၊ ဒီနှစ်ထဲမှာ အပ်နှံ တဲ့ တိုက်ကြေတွေထဲမှာ လူစီးကား တိုက်ကြေက ၈ဝ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်၊ တိုက်ကြေအပ်နှံမယ် ဆိုရင် ရဲမှုကင်းသွားပြီး တရားရုံးမှာ လည်း အမှုပြီးပြတ်သွားတဲ့ ကား ဆိုရင် တိုက်ကြေအစစ်ဟုတ်ကြောင်း ခံဝန်ကတိရေးခိုင်းပြီးမှ အပ်နှံခွင့် ပေးပါတယ်”ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

တိုက်ကြေကားအပ်နှံပြီး အ စားထိုးယာဉ် ပြန်လည်တင်သွင်းရာ တွင် CIF တန်ဖိုးတူသည့် ယာဉ်ကို သာ ပြန်လည် တင်သွင်းခွင့်ပေးပြီး ယခုနှစ် ဃှုင်္ တန်ဖိုးတွင် မပါဝင် သော မိုဒယ်နိမ့်ကားများ တိုက်ကြေ အဖြစ်အပ်နှံပါက ယခုနှစ် CIF တွင်ပါရှိသော တန်ဖိုးနိမ့်ကားကို သာ တင်သွင်းခွင့်ရမည်ဖြစ်သည်။ လက်ရှိစျေးကွက်အတွင်း ရန်ကုန် လိပ်စာပေါက် ၁၃ဝဝ စီစီ ကား များ အဝယ်လိုက်နေခြင်းကြောင့် တိုက်ကြေစလစ်များ အဝယ်လိုက် နေပြီး ယခုရက်ပိုင်းအတွင်း ၁ဝ၃ သိန်းဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်။ ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here