စတစ်ကာ တပ်ဆင်မောင်းနှင်မှုကြောင့် ဖမ်းဆီးခဲ့သည့် တက္ကစီစာရင်းအား လုပ်ငန်းလိုင်စင် ဖျက်သိမ်းအရေးယူဆောင်ရွက်ရန် လုပ်ငန်းလိုင်စင်ရုံးသို့ တင်ပြထား

1005

ရန်ကုန်၊ မတ်
စတစ်ကာ တပ်ဆင်မောင်းနှင်မှုကြောင့် ဖမ်းဆီးအရေးယူခဲ့သည့် တက္ကစီစာရင်းကို တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညိနှိုင်းမှုဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပို့ဆောင်ထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှစပြီး အငှားယာဉ် ကားမှန်များတွင် စတစ်ကာ တပ်ဆင်မောင်းနှင်သည့် ယာဉ်များကို လုပ်ငန်းလိုင်စင်ဖျက် သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း YRTA မှ ထုတ်ပြန်ကြေညာခဲ့ပြီး အရေးယူခဲ့သည့်အမှု ၉၉ မှုရှိနေပြီး ထိုတက္ကစီယာဉ်များကို ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညိနှိုင်းမှုဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပို့ဆောင် ထားကြောင်း သိရသည်။

”စတစ်ကာကပ်လို့ ဖမ်းဆီးအရေးယူထားတဲ့ တက္ကစီတွေကို သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေနဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်၊ ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရက လုပ်ငန်းလိုင်စင် ဖျက်သိမ်းအရေးယူမယ်ဆိုတဲ့အတွက် ဒီကားတွေ ရဲ့ ယာဉ်နံပါတ်စာရင်းတွေကို သက်ဆိုင်ရာဌာနကို ပို့ဆောင်ထားပါတယ်”ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညိနှိုင်းမှု ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ စာရင်းရောက်ရှိနေသည့် တက္ကစီများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ညွှန်ကြားချက်ရသည်နှင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here