ရန်ကုန်၊ ဇူလိုင် ၂၂
YBS ယာဉ်စီးခပေးရာတွင် အသုံးပြုသည့် YPS Payment Card ကို ဇူလိုင် ၁၆ ရက်က စတင်ရောင်းချခဲ့ရာ ငါးရက်အတွင်း ကတ်တစ်သောင်းကျော်နှင့် ဖြည့်သွင်းငွေ သိန်းလေးရာကျော်ရရှိ ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။
YPS Payment ကတ်များကို အသုံးပြုခွင့်မတိုင်မီ ၅ ရက် အလိုတွင် စတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ထိုကာလအတွင်း ရောင်းချထားသည့် ကတ်တစ် သောင်းငါရားကျော်ရှိပြီး ဖြည့်သွင်း ငွေသိန်းလေးရာကျော်ရှိပြီ ဖြစ် သည်။ ကနဦးကာလတွင် ကတ် အတွင်း ငွေငါးထောင်ဖြည့်သွင်းပါ က ကတ်အခမဲ့ပေးသည့် စနစ်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ကတ်သီး သန့်ဝယ်ယူမည်ဆိုပါက တစ်ကတ် လျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် ရောင်း ချပေးနေခြင်းဖြစ်သည်။
“အခုက ပရိုမိုးရှင်းစရောင်းတဲ့ ငါးထောင်ဖိုးငွေဖြည့်ရင် ကတ်အခမဲ့ ပေးတဲ့အစီအစဉ်နဲ့ လုပ်တာဖြစ်တဲ့ အတွက် စရောင်းတဲ့ ငါးရက်အတွင်းမှာ ပရိုမိုးရှင်းကတ် ရှစ်ထောင် ကျော်နဲ့ တစ်ကတ် နှစ်ထောင်နှုန်းနဲ့ ကတ်သီးသန့် ဝယ်ယူတာက တစ် ထောင့်ခုနစ်ရာကျော် ရှိပါတယ်၊ ငွေဖြည့်တာက အားလုံးပေါင်း သိန်း ၄၆ဝ ကျော်ရှိပါတယ်၊ ဒီငွေတွေအားလုံးက ဘဏ်မှာ သီးခြားထားရှိတာပါ၊ ကနဦးကတ် နှစ်သိန်းခွဲရောင်းဖို့ လျာထားပါတယ်၊ ဝယ်ယူတဲ့ ခရီးသည်အပေါ်မူတည်ပြီး ထပ်တိုးရောင်းပေးဖို့လည်း စီစဉ်ထားပါတယ်”ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ CMO ဒေါ်ရီရီခင်က ပြောသည်။
YPS Payment Card များ ကို သမိုင်း၊ တာမွေ၊ ဆူးလေတွင် ရှိသည့် Service Center သုံးခု နှင့် g&gဆိုင်ပေါင်း ၁ဝ၂ ဆိုင်တွင် ဝယ်ယူရရှိနိုင်သလို မြို့တော်ခန်းမဘတ်စ်ကားမှတ်တိုင်၊ ရှစ်မိုင် ဘတ်စ်ကားမှတ်တိုင်၊ မြန်မာပလာဇာ ဘတ်စ်ကားမှတ်တိုင်နှင့် ပါရမီညောင်ပင် ဘတ်စ်ကားမှတ်တိုင်များတွင်လည်း ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ