စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် ကျပ်သိန်းတစ် ထောင်အောက်ကို ၆ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ကောက်ခံရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အဆိုအတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု

356

 

ရန်ကုန်၊ သြဂုတ် ၂၈

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် ကျပ်သိန်းတစ် ထောင်အောက်ကို ၆ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ကောက်ခံရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အဆိုအတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့အစီအစဉ်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေးတက်ရောက်သူ ၆၁၀ ဦးအနက် ထောက်ခံသူ ၃၅၀ ကျော်ရှိသောကြောင့် ဥပဒေကြမ်းတွင် ကြေညာထားသည့် ၃၀ ရာခိုင်နှုန်းအစား ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများကို ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ဝင်ငွေအလွှာလိုက် အခွန်စည်းကြပ်ရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဥပဒေကြမ်းတွင် ပါဝင်သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားလျှော့ချ သတ်မှတ်ခြင်းအား ပယ်ဖျက်၍ ၃ဝ ရာခိုင်နှုန်းကောက်ခံမည့်အစား ဝင်ငွေအလွှာအလိုက် အခွန်နှုန်းများကို လျှော့ချကောက်ခံမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို ၆ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်းသုံးထောင် အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင် အထက်မှ ကျပ်သိန်းသုံးသောင်း အထက်ကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းနှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းတို့ဖြင့် အလွှာလိုက်ကောက်ခံမည်ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here