စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် ကျပ်သိန်းတစ်ထောင်အထိကို ၆ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ကောက်ခံရန် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ပြင်ဆင်ချက် အဆိုတင်သွင်း

412

 

ရန်ကုန်၊ သြဂုတ် ၅
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် ကျပ်သိန်းတစ် ထောင်အောက်ကို ၆ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ကောက်ခံရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ပြင် ဆင်ချက်အဆိုကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ် ပုံ မှန်အစည်းအဝေး အဌမနေ့အစီအစဉ်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်ပြခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းန သောဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများကို ဝင်ငွေအလွှာလိုက် အခွန်စည်းကြပ်ရန် တင်သွင်းခဲ့သည်။ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အခွန်အကောက် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်သူ့လွတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်းများအသင်းချုပ်နှင့် သက်ဆိုင်ရာညီနောင် အသင်းအဖွဲ့များ အပါအဝင် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်ဆွေးနွေးမှုများ ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် စီးပွားရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ နေရသဖြင့် ဥပဒေကြမ်းတွင် ပါဝင်သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားလျှော့ချ သတ်မှတ်ခြင်းအား ပယ်ဖျက်၍ ၃ဝ ရာခိုင်နှုန်းကောက်ခံမည့်အစား ဝင်ငွေအလွှာအလိုက် အခွန်နှုန်းများကို လျှော့ချကောက်ခံရန် အကြံပြုတင်ပြခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် တစ်ကျပ်မှ ကျပ်သိန်း တစ်ထောင်အထိကို ၆ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်းသုံးထောင် အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင် အထက်မှ ကျပ်သိန်းသုံးသောင်း အထက်ကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းနှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် အလွှာလိုက်ကောက် ခံရန် ပြင်ဆင်ချက်အဆိုကို တင်သွင်းခဲ့သည်။

လက်ရှိတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ဝင်ငွေဖြင့် မော်တော်ယာဉ်ဝယ်ယူခြင်း၊ ရာဖြတ်အခွန်ဆောင်ခြင်းတို့အတွက် အခွန်ကောက်ခံရာတွင် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပါအတိုင်း တန်ဖိုးအပေါ်မူတည်၍ တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင် အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် အထက်မှ ကျပ်သိန်းသုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင် အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်း အထက်မှ သုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်း အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်။
ဆန်းသစ်အောင်

Photo-Pyidaungsu Hluttaw Fb Page

LEAVE A REPLY

Please enter your comment!
Please enter your name here