စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံမည့် အခွန်နှုန်းထားများကို လက်ရှိနှုန်းထားများအတိုင်း ဆက်လက်ဖြေလျှော့ပေးရန် MAMDA အသင်းမှ ပြည်ထောင်စုလွတ်တော်သို့ အကြံပြုတင်ပြ

264

 

ရန်ကုန်၊ ဇူလိုင်
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံမည့်အခွန် နှုန်းထားများကို လက်ရှိနှစ်နှုန်းထား များအတိုင်း ဆက်လက်ဖြေလျှော့ ပေးရန် MAMDA အသင်းမှ ပြည် ထောင်စုလွတ်တော်သို့ အကြံပြု တင်ပြထားကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက်က ပြည် ထောင်စုလွတ်တော်တွင် တင်သွင်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် စည်း ကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံသည့် နှုန်းထားများ လျှော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်သည့် အစီ အစဉ်ကို တင်သွင်းခဲ့ရာ ယင်းမူကြမ်းအရ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေများမှာ ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရဖွယ် ရှိနေ သည်။

“ဇူလိုင် ၁၇ ရက်က ပြည်ထောင်စုလွတ်တော်ကို လိပ်မူပြီး MAMDA အသင်းအနေနဲ့ အကြံပြု ချက် တင်ပြထားပါတယ်၊ အကြံပြုချက်မှာ စည်းကြပ်မှုကလွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ်မှာကောက် ခံတဲ့ ဝင်ငွေခွန်နှုန်းထားတွေကို လက်ရှိနှစ်အတိုင်း သက်သာခွင့် တစ်နှစ်ထပ်ပေးဖို့ အကြံပြုတင်ပြထားတာ ဖြစ်ပါတယ်၊ မူကြမ်းအတိုင်းသာ အတည်ပြုခဲ့မယ်ဆိုရင် ပြည်တွင်းမှာ SKD ၊ CKD နဲ့ ကားတပ်ဆင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေအပေါ် သက်ရောက်မှုရှိသ လို ကားစျေးကွက်တစ်ခုလုံး အရောင်းအဝယ်ပြုဖို့ ခက်သွားနိုင်ပါ တယ်၊ ကားစျေးကွက်မှမဟုတ်ပါ ဘူး အိမ်၊ခြံ၊မြေစျေးကွက်အပေါ် မှာလည်း သက်ရောက်မှုရှိသလို ပြည်သူတွေအားလုံး အပေါ်မှာလည်း သက်ရောက်တဲ့အခွန်နှုန်း ထားတွေဖြစ်လို့ အခုလို အကြံပြု ချက်တင်ပြထားတာ ဖြစ်ပါတယ်”ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

လက်ရှိနှစ် ကောက်ခံနေသည့်အခွန်နှုန်းထားများတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသာ ဝင်ငွေဖြင့် ကားဝယ်ယူပါက ကျပ်သိန်း တစ်ထောင်အောက် ကားများအတွက် ၃ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ဆောင်ရခြင်း ဖြစ်သည်။ သို့သော် လာမည့်ဘဏ္ဍာနှစ်အတွက် လွတ် တော်သို့ တင်သွင်းထားသည့်ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေ မူကြမ်းတွင် သက်သာခွင့်ပေးထား သည့် အစီအစဉ်ကို ပယ်ဖျက်ထား၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃ဝ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဖြစ်ခြင်းကြောင့် ဝယ်ယူရမည့်ကားတန်ဖိုး ပိုများသွားမည်ဖြစ်ပြီး ကားအရောင်းအဝယ်များ အေးစက်သွားနိုင်ကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here