စည်းကမ်းလိုက်နာခြင်းမရှိသည့် ကုန်တင်ယာဉ်များအား အရေးယူနိုင်ရေး GPS များတပ်ဆင်ရန် ညွန်ကြား

423

ရန်ကုန်၊ သြဂုတ်

စည်းကမ်း လိုက်နာခြင်းမရှိသည့် ကုန်တင်ယာဉ်များကို အရေးယူနိုင် ရန်အတွက် GPS များတပ်ဆင်ရန် ညွန်ကြားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့(ကုန်စည် ဌာန)မှ သိရသည်။

ယာဉ်တန်ချိန် နှစ်တန်နှင့် အထက်ရှိသည့် ကုန်တင်ယာဉ်များ ကို GPS တပ်ဆင်ရန် ညွန်ကြားမည် ဖြစ်ပြီး ထိုယာဉ်များကို Control Center မှ စောင့်ကြည့်၍ အရေးယူ ဆောင်ရွက်ရန် နည်းပညာရှင်များ နှင့် ဆွေးနွေးနေကြောင်း သိရသည်။

‘‘ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲ နေတဲ့ နှစ်တန်အထက် ကုန်တင် ယာဉ်တွေရဲ့ စည်းကမ်းထိန်းသိမ်း ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး တွေ ဆောင်ရွက်ဖို့အတွက် ဒီ ကားတွေမှာ GPS မဖြစ်မနေ တပ် ဆင်ခိုင်းဖို့ စီစဉ်နေပါတယ်၊ စည်း ကမ်းလိုက်နာမှုမရှိတဲ့ ကုန်တင် ယာဉ်တွေကို အရေးယူနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ YRTA တို့ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ဖို့အတွက်လည်း နည်းပညာရှင်တွေ နဲ့ ဆွေးနွေးနေပါတယ်၊ GPS တပ်ဆင် တဲ့အခါ ယာဉ်ပိုင်ရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ဘယ် လို တပ်ဆင်ခိုင်းသင့်တယ်ဆိုတာကို သုံးသပ်နေသလို ကုန်တင်ယာဉ် ကြီးတွေမှာ ယာဉ်မောင်း အခက် အခဲရှိနေတာကိုလည်း ဖြေရှင်းပေး တဲ့အနေနဲ့ ကုန်တင်ယာဉ်မောင်း သင်တန်းတွေ ဖွင့်ဖို့ စီစဉ်နေပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ကုန် စည်ဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်း နှစ်တန်နှင့်အထက် ကုန်တင် ယာဉ် အစီးရေ ၅၈,၆ဝဝ ရှိပြီး ယာဉ်ပိုင်ရှင် သဘောဆန္ဒအ လျောက် GPS တပ်ဆင်ထား သည်မှာ အစီး ငါးထောင် ဝန်းကျင် သာရှိကြောင်း သိရသည်။

ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here