ရန်ကုန်၊ အောက်တိုဘာ
စည်းကမ်းမဲ့ မောင်းနှင်မှုများအား ထိရောက်စွာ အရေးယူနိုင်ရန်အတွက် YBS ယာဉ်မောင်းများကို Smart Card များ ထုတ်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည် သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရ သည်။
YBS စနစ်တွင် ပိုမိုကောင်း မွန်သော ဝန်ဆောင်မှုများ ပေးနိုင် ရန်အတွက် ယာဉ်မောင်းများ၏ စည်းကမ်းမဲ့ မောင်းနှင်ခြင်းကို ထိ ရောက်စွာအရေးယူနိုင်ရေး အောက် တိုဘာလကုန်တွင် ယာဉ်လိုင်း အား လုံးအတွက် Smart Card များ ထုတ်ပေးမည် ဖြစ်သည်။ Smart Card ထုတ်ပေးထားသော ယာဉ် မောင်းများကိုသာ YBS ယာဉ် လိုင်းအတွင်း မောင်းနှင်ခွင့်ပေးမည် ဖြစ်သလို ယာဉ်မောင်းများ စည်း ကမ်းမဲ့ မောင်းနှင်ခြင်းမရှိစေရန် အတွက် Smart Card တွင် ပါဝင် သော နည်းပညာများဖြင့် ထိန်းချုပ် မည် ဖြစ်ကြောင်း သိရသည်။
“Smart Card ထုတ်ပေးမယ့် အဓိကရည်ရွယ်ချက်က အရေးယူ ဖို့သက်သက် မဟုတ်ပါဘူး၊ ပိုမို ကောင်းမွန်တဲ့ YBS စနစ် ဖော် ဆောင်တဲ့အခါမှာ ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာမှု လိုအပ်တဲ့ အတွက် ကြိုတင်ပြင်ဆင်တဲ့အ နေနဲ့ ထုတ်ပေးတာ ဖြစ်ပါတယ်၊ Smart Card ရထားတဲ့ ယာဉ် မောင်းက YBS ကို ဘယ်အချိန်မှာ စမောင်းတယ်၊ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ဖူးတယ် ဆိုတာကအစ မှတ်တမ်းအနေနဲ့ ရှိနေမှာ ဖြစ်ပါ တယ်၊ ဒါကြောင့် ပြစ်မှုကျူးလွန် ထားတဲ့သူဆိုရင် ငြင်းလို့မရသလို ပြစ်မှုမကျူးလွန်တဲ့ ယာဉ်မောင်း အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါ တယ်၊ YRTA အနေနဲ့ကလည်း စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်း တွေကို ရွေးချယ်နိုင်မှာ ဖြစ်သလို ယာဉ်လိုင်း ကုမ္ပဏီတွေဘက်က လည်း တိုးချဲ့မယ့်ကဏသစ်တွေအ တွက် ယာဉ်မောင်းကောင်းတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည် သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
YRTA မှ ထုတ်ပေးမည့် Smart Card တွင် ယာဉ်လုပ်သား များ၏ နေ့စဉ်မှတ်တမ်းများကို သိမ်းဆည်းပေးမည့် နည်းပညာပါ ဝင်သလို YBS မောင်းနှင်ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်မည် ဖြစ် သည်။ လက်ရှိတွင် Smart Card ထုတ်ပေးရန် ကုမ္ပဏီများမှ ယာဉ် မောင်း ၄,၆၇၅ ဦးအတွက် တင်ပြ ထားပြီး ၄,၅၄၇ ဦးကို ထုတ်ပေး ထားပြီး ဖြစ်သည်။ Smart Card ထုတ်ပေးရန်အတွက် တိုက်ကြီး သား ယာဉ်လိုင်းမှ ၄၆ ဦး၊YBS 80 မှ ၁၆ ဦး၊ YBS 76 မှ ၅၄ ဦး၊ YBS 49 မှ ၁၂ ဦး ကျန်ရှိနေ သေးကြောင်း သိရသည်။
ရဲထွန်းေကျာ်