စက်ရုပ်ပုံစံပြောင်းအောင် ဖန်တီးနိုင်ခဲ့တဲ့ LETRONS CAR

913

Transformers ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ Cybertron ဂြိုဟ်က Autobots နဲ့ Decepticons စက်ရုပ်တွေအကြား စစ်ဖြစ်ရာကနေ ကမ္ဘာ မြေပေါ် ရောက်ရှိလာပြီး ဆက်လက်အားပြိုင်မှုတွေကို ကွန်ပျူတာဖန်တီး ချက်တွေနဲ့ တကယ့်ဇာတ်ဆောင်တွေ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ရုံတင်ပြသတိုင်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိနေပါတယ်။ Autobots နဲ့ Decepticons စက်ရုပ်တွေဟာ ကမ္ဘာမြေကိုရောက်ချိန်မှာ ကိုယ်ယောင်ဖျောက်ဖို့ မော်တော်ကားပုံစံအသီးသီး ပြောင်းလဲဖန်ဆင်းခဲ့ ကြပြီး လိုအပ်တဲ့အခါမှ မူလစက်ရုပ်ပုံပြန်ပြောင်းတဲ့ ဇာတ်ဝင်ခန်းတွေ Transformers ရုပ်ရှင်တိုင်းမှာပါဝင်နေသလို အဲဒီလိုမော်တော်ကားကနေ စက်ရုပ်အဖြစ် ပြောင်းလဲတာကို အပြင်မှာ အမှန်တကယ်လက်တွေ့ဖန်တီး ဖို့ Letvision အမည်ရ တူရကီကုမ္ပဏီတစ်ခုက ကြိုးပမ်းခဲ့ရာမှာ ထိုက် သင့်သလောက် အောင်မြင်မှုရခဲ့ပါတယ်။ Letvision ကုမ္ပဏီက အင် ဂျင်နီယာ ၁၂ ဦးဟာ ၂၀၁၆ ခုနှစ်အတွင်း မော်တော်ကားကနေ စက်ရုပ် ပုံစံပြောင်းလဲနိုင်မယ့် ရှေ့ပြေးပုံစံကို ရှစ်လကြာ အချိန်ယူတည်ဆောက် ရာကနေ Letrons Car ထွက်ပေါ်လာခဲ့တာပါ။

Letrons Car ဟာ အနီရောင် BMW  ပြိုင်ကားတစ်စီးကိုအခြေခံပြီး စက်ရုပ်ကားဖြစ်အောင် ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ BMW ပြိုင်ကားမှာ စက်ရုပ်ပုံစံအတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ထည့်သွင်းပြီးမှ နဂိုမူလပုံဖြစ်အောင် Letrons Car ကို ပြန်ဆင်ထား တာပါ။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ကားဘေးခြမ်းတွေက အပြင် ဘက် ကားထွက်လာသလို ဟိုက်ဒြောလစ်စနစ်နဲ့ပင့်တင်ပြီး ခြေနှစ် ချောင်းနဲ့ မတ်တတ်ရပ်နေတဲ့စက်ရုပ်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါ တယ်။ စက်ရုပ်ခေါင်းကတော့ ကားဘောနတ်ထဲကတစ်ဆင့် ထွက် လာမှာပါ။ Letrons Car မှာအသုံးပြုထားတဲ့ 400 Nm အင်ဂျင်၊ Deep Cycle Stroage Units ၊ ဝပ်အား လေးထောင်ရှိတဲ့ Power Inverter ၊ DC Servo Motor ၊ Hydraulic Cylinder System တွေကြောင့် စက်ရုပ် ပုံစံပြောင်းသွားပြီးနောက် ခေါင်းနဲ့လည်ပင်းကို ၁၂၀ ဒီဂရီလှည့်ပတ်ကြည့် ရှုနိုင်သလို လက်မောင်း၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေကလည်း အမှန်တကယ်လှုပ်ရှားနိုင်စွမ်းရှိပါတယ်။ တပ်ဆင်ထားတဲ့ အသံစနစ်၊ Wi-Fi နည်းစနစ်၊LCD Screen ၊ ကင်မရာတွေ၊ ရှေနဲ့နောက် လုံခြုံရေး အာရုံခံကိရိယာတွေ၊ ချန်နယ် ၁၀ လိုင်းပါ အဝေးထိန်းစနစ်တွေကြောင့် Letrons Car စက်ရုပ်ဟာ စကားပြောတာ၊ မြင်တွေ့တဲ့ ပုံရိပ်တွေကို ထိန်းချုပ်ခန်း ဆီပို့တာ စတဲ့အချက် တွေကိုလည်း လုပ် နိုင်မှာပါ။ ဒါပေမဲ့ Letrons Car ဟာ စက်ရုပ်ပုံစံပြောင်းလဲချိန်မှာ လမ်း လျှောက်နိုင်စွမ်းမရှိသေးသလို မော်တော်ကားပုံစံမှာလည်း အဝေးထိန်းစနစ် နဲ့သာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Letrons Car ကို တီထွင်နိုင်ခဲ့တဲ့ Letvision ကုမ္ပဏီဟာ နောက်ထပ်ရန်ပုံငွေသာရရင် လမ်းလျှောက်နိုင်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားပုံဖော်ဖို့စီစဉ်နေပါတယ်။ လက်ရှိ Letrons Car ကို လိုချင်သူရှိရင် ရောင်းချပေးသွားမှာဖြစ်ပေမဲ့ ဈေးနှုန်းအတိ အကျကိုတော့ Letvision ကုမ္ပဏီက ထုတ်ဖော်ကြေညာခြင်းမရှိသေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here