စက်မှုဇုန်ကား ထုတ်လုပ်ခွင့်ကို ၂ဝ၁၆ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ပြီးဖြစ် ဆက်လက်ထုတ်လုပ်ခွင့်လည်း ပေးမည်မဟုတ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုဝန်ကြီးဆို

714

စက်မှုဇုန်ကား ထုတ်လုပ်ခွင့်ကို ၂ဝ၁၆ ခုနှစ်ကတည်းက ရပ်ဆိုင်း ခဲ့သလို ဆက်လက်ထုတ်လုပ်ခွင့်လည်း ပေးမည်မဟုတ်ကြောင်း ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန် ကြီး ဦးကျော်မျိုးက ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ သည်။

ဇူလိုင် ၁ဝ ရက်က ကျင်းပခဲ့ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဖျာပုံ မဲဆန္ဒနယ်မှ ဦး ဝင်းထွဋ်က ပြည်တွင်းစက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်မှုများကို ၂ဝ၁၇ ခုနှစ်အတွင်း ပြန်လည်ထုတ် လုပ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ သတ်မှတ်၊ စစ်ဆေး၊ စမ်းသပ်၊ ကြပ်မတ်ဆောင်ရွက်နေ ခြင်းနှင့် ယခင် ကာလများကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ် အမည်ခံ အယောင်ပြ၍ ပြည်ပမှ တရားမဝင် တင်သွင်းလာသော မော်တော်ယာဉ် များကို ကိုယ်ထည်နံပါတ် ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်၍လည်းကောင်း၊ RTA ကိုယ်ထည်နံပါတ်ထုခွင့်ပြု၍လည်းကောင်း ယာဉ်မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများ မဖြစ် ပေါ်စေရေးအတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

ထိုမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယခင် စက်မှုဇုန်ခေတ်က ပစ္စည်းအဟောင်းများနှင့် မော်တော်ယာဉ် ထုတ်လုပ်ခဲ့သည့်စနစ်ကို ဆက်လက်ခွင့်မပြုတော့ဘဲ နိုင်ငံတကာမှ ပညာရှင်များနှင့်ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ငန်း များအနေဖြင့် ထုတ်လုပ်မည့် Brand New ကားသစ်များကိုသာ SKD စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး ထုတ်လုပ်မှုစရိတ် သက်သာစေရန်အတွက် MIC ၏ ခွင့်ပြုချက်ဖြင့် ပထမသုံးနှစ်အတွင်း သွင်းကုန်အခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီးဒုဝန်ကြီးကစက်မှုဝန်ကြီးဌာနအနေဖြင့်ပြည်တွင်းစက်မှုဇုန်ထုတ်အရောင်းပြ၍တရားမဝင်ကားများကို မှတ်ပုံတင် ခွင့် လုံးဝခွင့်မပြုဘဲ စက်မှုဇုန်များတွင် အင်ဂျင်ဟောင်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းဟောင်းများ အသုံးပြု၍ မော်တော်ယာဉ်ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားပြီးဖြစ်သောကြောင့် ယခုအချိန်တွင် ဆက်လက် ထုတ်လုပ်ခွင့် မပေးတော့ပါကြောင်းနှင့် မော်တော်ယာဉ်သစ်များကိုသာ မူဝါဒနှင့်အညီ ထုတ်လုပ်ခွင့် ပြုလျက် ရှိကြောင်း ဖြေ ကြားခဲ့သည်။

ပြည်တွင်း စက်မှုဇုန်ထုတ်ယာဉ်များ၏ အစိတ်အပိုင်းများကို ပြည်ပစက်ရုံထုတ်ပုံစံဖြင့် အစားထိုး ပြောင်းလဲပြုပြင်ပြီး ယာဉ်မှတ်ပုံတင် လုပ်ငန်းများ လာရောက်ဆောင်ရွက်နေဆဲဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့သည့် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးရာကော်မတီ၏ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ အစည်းအဝေး အမှတ်စဉ်(၁/၂ဝ၁၆)တွင် စက်မှုဇုန်ယာဉ် များ၏ အစိတ်အပိုင်းများကို ပြည်ပ စက်ရုံထုတ်ပုံစံဖြင့် အစားထိုးပြောင်းလဲပြုပြင်ခြင်းကို လက်ခံဆောင် ရွက်ပေးခြင်း မပြုရေးအတွက် တိကျစွာ လိုက်နာကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစ၍ စက်မှုဇုန်ထုတ် ဟန်ပြပြီး ပြည်ပစက်ရုံထုတ်ပုံစံဖြင့် အစားထိုး ပြောင်းလဲထုတ်လုပ်ခွင့်ကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လင်းရံ

 

LEAVE A REPLY

Please enter your comment!
Please enter your name here