ကားထုတ်လုပ်ရေးလုပ်ငန်းတွေထဲမှာ သမားရိုးကျ အတိုင်း ကားမိုဒယ်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတွေရှိ သလို နာမည်ကျော်ပြီးသား ကားမိုဒယ်တွေကို ထပ်တိုးအဆင့်မြှင့်တင် မွမ်းမံပြီး ဈေးကွက်တင်ရောင်းချ လေ့ရှိတဲ့ Aftermarket Tunning ကားကုမ္ပဏီတွေ လည်းရှိပါတယ်။ ဂျာမနီနိုင်ငံမှာ အခြေစိုက်တဲ့ Brabus GmbH ကုမ္ပဏီဟာလည်း Mercedes- Benz ၊ Smart ၊ Tesla နဲ့ Maybach ထုတ်ကားတွေကို အဓိက မွမ်းမံထုတ်လုပ်တဲ့Tunning ကုမ္ပဏီတစ်ခု ဖြစ်ပြီး နောက်ပိုင်းမှာတော့ Mercedes ထုတ်ကား တွေကို အဓိကထပ်တိုးမွမ်းမံတဲ့ အကြီးဆုံး ကားမွမ်းမံ ထုတ်လုပ်ရေးကုမ္ပဏီကြီး ဖြစ်လာပါတယ်။ Brabus ဟာ ၂၀၁၇ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာ ကုမ္ပဏီရဲ့ ထပ်တိုးမွမ်းမံဖန်တီးမှုတစ်ခုကို တရားဝင်ပွဲထုတ်ပြသ ခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော် Mercedes-AMG C63 S Cabriolet အမိုးဖွင့်ကားလေးကို အ ခြေခံတည်ဆောက်ထားတဲ့ Brabus 650 Cabriolet အမိုးဖွင့်ပြိုင်ကားသစ်ပဲ ဖြစ်ပါတယ်။ AMG C63 ကို အခြေခံတည်ဆောက်ထားတာဖြစ်ပေမဲ့ ကိုယ်ထည်ပုံစံ ကိုရော စွမ်းဆောင်ရည်ကိုပါ ထပ်တိုးအဆင့်မြှင့်တင် ထားတဲ့ အလန်းစားပြိုင်ကားသစ်လေး Brabus 650 Cabriolet ဟာ တခြား Brabus ကားမိုဒယ်တွေ ထက်လည်း ပိုထူးခြားပါတယ်။ ပြီးခဲ့တဲ့ ဂျီနီဗာကား ပြပွဲကြီးမှာ ထုတ်လုပ်မှုမိုဒယ်အနေနဲ့ ပွဲထုတ်ပြသခဲ့ပြီး ပေမဲ့ အထူးထုတ်ကန့်သတ်မိုဒယ်တစ်ခုအနေနဲ့ ထုတ်လုပ်မယ့်အရေအတွက်နဲ့ စတင်ရောင်းချမယ့် အချိန်ကို အတိအကျ မသိသေးသလို ကားရဲ့ ရောင်းဈေးကိုလည်း မသိရသေးပါဘူး။ ဒါပေမဲ့ Mercedes-Benz C63 S Cabriolet အမိုးဖွင့်ကားရဲ့ ဈေးကတောင် အမေရိကန်ဒေါ်လာနှစ်သိန်းနီးပါးရှိတာကြောင့် ဇိမ်ခံအမိုးဖွင့် ကားသစ်လေး Brabus 650 Cabrio ရဲ့ ဈေးဟာ အဲဒီထက်ပိုမှာတော့ အသေအချာပါပဲ။ 2017 Brabus 650 Cabriolet ကားသစ်အတွက် အာမခံကို အချိန်သုံးနှစ်၊ ဒါမှမဟုတ် ခရီးမိုင် ကီလိုမီတာတစ် သိန်းအထိ ပေးထားပါတယ်။
တံခါးနှစ်ပေါက်နဲ့ အမိုးဖွင့်ဇိမ်ခံကားသစ်လေး Brabus 650 Cabriolet မှာ ကားရဲ့ စက်စွမ်းရည်ကို တင် အဆင့်မြှင့်တင်တာမဟုတ်ဘဲ ကားကိုယ်ထည် ကိုလည်း လေစီးဆင်းမှုကောင်းမွန်ပြီး လေခွင်းအား ကို အဓိကအသားပေးတဲ့ ကာဗွန်ဖိုင်ဘာသားကိုယ် ထည်အစိတ်အပိုင်းတွေနဲ့ အသစ်မွမ်းမံတည်ဆောက် ထားပါတယ်။ ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားကိုယ် ထည်မှာ ကားအရှေ့နဲ့ အနောက်ဘမ်ပါတွေကိုတင် မကဘဲ ကိုယ်ထည်ဘေးဘက်က ကာဗွန်ဖိုင်ဘာသား Side Skirt ၊ အရွယ်အစားကြီးမားတဲ့ ကားရှေ့ဘီးခုံး တွေနဲ့ အလွှာအထပ်ထပ် လေစုပ်ပေါက်တို့ကိုလည်း အသစ် မွမ်းမံထားပါတယ်။ ကားရှေ့ဘီးခုံး ဧရိယာ အနောက်ဘက်နားက Brabus စာတန်းရေးထိုးထား တဲ့ ကာဗွန်ဖိုင်ဘာ အစိတ်အပိုင်းလေးဟာ တံခါးနှစ် ပေါက်အမိုးဖွင့်ကားရဲ့ ပြိုင်ကားဆန်တဲ့ အသွင်ကို ပိုပြီးပေါ်လွင်ထင်ရှားစေပါတယ်။ Brabus ရဲ့ တည် ဆောက်ရေး အင်ဂျင်နီယာတွေဟာ 650 Cabriolet ရဲ့ ကိုယ်ထည်ကို ခပ်ဆန်းဆန်း ရုပ်ထွက်မျိုးဖြစ်ဖို့ ထက် လေခွင်းအားပိုကောင်းဖို့ကိုပဲ အဓိကဖန်တီးထား တာပါ။ ကားရှေ့မျက်နှာစာရဲ့ ရှည်သွယ်ပြန့်ကားတဲ့ ကားစက်ဖုံးအစွန်းက ရှဲလ်(Grille)အလယ်မှာ ဘား တန်းထူထူတစ်ခုပါဝင်ပြီး ဘားတန်းရဲ့ အလယ်တည့် တည့်မှာတော့ Brabusအမှတ်တံဆိပ်လိုဂို B စာလုံး ကြီးကို အထင်အရှား တပ်ဆင်ပေးထားပါတယ်။ ရှဲလ် ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ဆက်တည်း လို ဖြစ်နေတဲ့ အရွယ်အစားကြီးကြီး ကားရှေ့မီးကြီးတွေက လည်း လိုက်ဖက်ညီစွာ တင့်တယ်လှပပါတယ်။ ရှဲလ် ရဲ့ အောက်ဘက်မှာတော့ အပိုင်းအကန့်တွေ ခွဲထားတဲ့ လေစုပ်ပေါက်တွေ ပါဝင်ပါတယ်။ ကောက်ကြောင်းထင်း ထင်းတွေနဲ့ ပေါ်လွင်လှပတဲ့ ကားဘေးဘက်မှာ အ ဆင့်မြင့်လှပတဲ့ ဒီဇိုင်းသစ်နဲ့ လက်မနှစ်ဆယ်အရွယ် ကားအလွိုင်းဘီးတွေ တပ်ဆင်ထားပါတယ်။ ကား ရှေ့ဘီးအပေါ်ဘက်ထောင့်စွန်းကနေ ကားနောက်ဘီးခုံး ဧရိယာအလွန်အထိ ကားဘေးဘက် အလယ်ပိုင်းဧရိ ယာတစ်လျှောက် ဖြတ်သန်းလာတဲ့ ခပ်ထင်းထင်း ကောက်ကြောင်းလိုင်းရဲ့ အဆုံးမှာ ပုံမှန်ထက် အရွယ် အစားကြီးမားလွန်းတဲ့ ကားနောက်မီးကြီးကို တွေ့မြင် နိုင်ပါတယ်။ ကားနောက်ဖုံးရဲ့အစွန်းမှာ လေပင့်အား ထိန်း တောင်ပံငယ်ပါဝင်ပြီး ကားမီးနှစ်ခုကြားက စက် ဖုံးဧရိယာမှာတော့B ပုံစံ လိုဂိုတပ်ဆင်ပေးထားသလို တစ်ဖက်တစ်ချက်စီမှာBrabus နဲ့ 650 ဆိုတဲ့ စာ သားတွေကိုလည်း ရေးထိုးထားပါတယ်။ ကားအနောက် ဘက်မှာ အထူးခြားဆုံးကတော့ အနိမ့်ဆုံးနေရာက ကာဗွန်ဖိုင်ဘာသား Rear Diffuser နဲ့ ပြိုင်ကားဆန်တဲ့ Brabus Sports အိပ်ဇောပိုက်တွေပဲဖြစ်ပြီး သံမဏိ သားသန့်သန့်နဲ့ ဖန်တီးပြုလုပ်ထားတဲ့ အိပ်ဇောပိုက်တွေ ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကားရှေ့မျက်နှာစာက လေပင့်အားထိန်းတောင်ပံငယ်၊ ကားရှေ့ဘမ်ပါရဲ့ဘေး ဘက်က လေစုပ်ပေါက်တွေ၊ ကားရှေ့ဘီးခုံးတွေပေါ်က ကာဗွန်ဖိုင်ဘာသား အမွမ်းအမံ၊ Rocker Panel တွေနဲ့ ကားနောက်ဘီးခုံးရဲ့ အရှေ့ဘက်နားက Air Deflector Panel ပြားတွေ အပါအဝင် လေခွင်းအစိတ် အပိုင်း တော်တော်များများကို ခပ်မှိုင်းမှိုင်း၊ ဒါမှမဟုတ် ခပ်ပြောင်ပြောင် ကာဗွန်ဖိုင်ဘာသားတွေနဲ့ချည်း ဖန် တီးထားပါတယ်။
နောက်ဘီးယက်စနစ်သုံး Brabus 650 Cabriolet ဇိမ်ခံအမိုးဖွင့်ကားသစ်မှာ အဆင့်မြှင့်တင်မွမ်းမံ ထားတဲ့ မြင်းကောင်ရေ ၆၅၀ အား 4.0 Liter Twinturbocharged V8 အင်ဂျင်ကို AMG ရဲ့ Dual Clutch Auto ဂီယာနဲ့ပဲ တွဲဖက်တပ်ဆင်ထားပါတယ်။ Auto ဂီယာဖြစ်ပေမဲ့ စတီယာရင်မှာတပ်ဆင်ထားတဲ့ အလူမီနီယမ်သား ခလုတ်လေးတွေကနေတစ်ဆင့် ဂီ ယာအပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ ကားရဲ့အမြင့် ဆုံးအမြန်နှုန်းက တစ်နာရီကို မိုင် နှစ်ရာနီးပါးဖြစ်ပြီး ၃ ဒသမ ၇ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ အဲဒီနှုန်းထားဟာ ပုံမှန်မိုဒယ်ထက် မဆိုစလောက်လေး ပိုပြီးမြန်ဆန်ပါတယ်။ အရွယ်အစားပိုကြီးအောင် ဖန် တီးထားတဲ့ တာဘိုတွေ၊ အသစ်မွမ်းမံထားတဲ့ ဆလင် ဒါရှစ်လုံး၊ ကြံ့ခိုင်သန်မာတဲ့ အင်ဂျင်အစိတ်အပိုင်းတွေ နဲ့ အသစ်ပြန်မွမ်းမံထားတဲ့ Electronic Control Unit ECU) တို့ကြောင့် စွမ်းဆောင်ရည်ပိုတိုးတက်လာ ပြီး မောင်းနှင်မှုစွမ်းရည်ကိုလည်း ပိုကောင်းမွန်လာစေ ပါတယ်။ တံခါးနှစ်ပေါက်နဲ့ အမိုးဖွင့်ဇိမ်ခံကားရဲ့ လေးယောက်စီးအတွင်းခန်းမှာ Brabus ရဲ့ အကောင်း စား Leather ကို အသုံးပြုထားပြီး အနက်ရောင်အတွင်း ခန်းကို အနီရောင်ချုပ်ရိုးလိုင်းလေးတွေ၊ အပြာရောင် အမွမ်းအမံတွေနဲ့ လိုက်ဖက်ညီစွာ တန်ဆာဆင်ထားပါ တယ်။ ကားထိုင်ခုံနောက်မှီတွေမှာ Brabus ရဲ့ လိုဂိုB စာလုံးကြီးကို အနီရောင်နဲ့ ရေးထိုးခတ်နှိပ်ထားပြီး ကားတံခါး အောက်ခံပေါက်ပေါ်မှာလည်း Brabus အမည်ရေးထိုးထားပါတယ်။