စက်ချွတ်ယွင်းသည့် YBS ယာဉ်များကို လမ်းနှင့်မလွတ်ကင်းသည့် နေရာများတွင် ရပ်ထားပါက ကရိန်းဖြင့်ဖယ်ရှားမည့်အပြင် ယာဉ်လိုင်းကိုပါ အရေးယူမည်

424

စက်ချွတ်ယွင်းသည့် YBS ယာဉ် များကို လမ်းနှင့်မလွတ်ကင်းသည့် နေရာများတွင် ရပ်နားထားပါက ကရိန်းဖြင့် ဖယ်ရှားမည့်အပြင် ယာဉ်လိုင်းကိုပါ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

မြို့တွင်းပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်များ စက်ချွတ်ယွင်းပါက ယာဉ်ကို လမ်းနှင့် လွတ်ကင်းသည့် နေရာသို့ပြောင်း ရွှေ့ထားရမည်ဖြစ်ပြီး လမ်းမပေါ်၊ သို့မဟုတ် လမ်းနှင့်မလွတ်မကင်း ရပ်နားထားပါက ကရိန်းဖြင့် ဖယ်ရှားမည့်အပြင် ယာဉ်လိုင်းကိုပါ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

”ခရီးသည်တင်ယာဉ်တွေ ပျက်ရင် ချက်ချင်းပြင်၊ ဒါမှမဟုတ် မပြင်သေးဘူးဆိုရင်လည်း လမ်းနဲ့လွတ်ကင်းတဲ့နေရာကို ရွှေ့ထားရမယ်၊ ပျက်တဲ့နေရာမှာ ဒီအတိုင်းပဲ ထားမယ်ဆိုရင်တော့ ပျက်တဲ့ကားကို ကရိန်းနဲ့ဆွဲမယ်၊ ကရိန်းဆွဲခကိုတော့ ယာဉ်ပိုင်ရှင်ကပဲ ပေးရမယ်၊ နောက်ပြီး ယာဉ်လိုင်းပိုင်ရှင်ကို လည်း အရေးယူသွားမယ်”ဟု ‘ရန် ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေး မှူး ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ မြို့တွင်းတစ်လျှောက် လိုက်လံစစ် ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး စည်းကမ်းချက်များနှင့် မညီညွတ် သည့် YBS ခရီးသည်တင်ယာဉ် များတွေ့ရှိပါက ထိရောက်စွာအရေး ယူသွားမည်ဖြစ်ကြောင်း YRTA မှ သိရသည်။

YBS ခရီးသည်တင်ယာဉ်များ လမ်းပြောင်းပြန် မောင်းနှင်ပါက ထောင်ဒဏ်တစ်လချမှတ်၍ အရေး ယူမည့်အပြင် ယာဉ်မောင်းလိုင်စင် ကိုပါ ရာသက်ပန် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here