ငါးကြိမ်အထိကျရှုံးသည့် (ခ) လိုင်စင်ယာဉ်မောင်းများအား သင်တန်းကျောင်း ပြန်လည်စေလွှတ်သည့်စနစ် စတင်ကျင့်သုံးခဲ့သည့် နှစ်လအတွင်း ပြန်လွှတ်ရသည့်ယာဉ်မောင်း ၁၈၄ ဦးအထိရှိ

669

ရန်ကုန်၊ သြဂုတ် ၂၁

(ခ) ယာဉ်မောင်းလိုင်စင် လက် တွေ့ဖြေဆိုသူများထဲမှ ငါးကြိမ် အထိ ကျရှုံးသည့် ယာဉ်မောင်းများ ကို သင်တန်းကျောင်း ပြန်လည်စေ လွှတ်သည့်စနစ် စတင်ကျင့်သုံးခဲ့ သည့်နှစ်လအတွင်း ယာဉ်မောင်းသင် တန်းကျောင်း ပြန်လည်စေလွှတ်ခဲ့ ရသူ ၁၈၄ ဦးအထိ ရှိကြောင်း ယာဉ်မောင်းလိုင်စင်(လက်တွေ့) စိ စစ်ရေးဌာန(ရွာသာကြီး)မှ သိရ သည်။

ယခင် ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် ကျရှုံးအရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ အောင် မြင်သည်အထိ ဖြေဆိုခွင့်ပြုခဲ့ရာ အကြိမ်ရေ အမြောက်အမြားကျရှုံး သည့် ယာဉ်မောင်းအရေအတွက် များပြားလာသည့်အတွက် ဇွန်လမှ စတင်ကာ ငါးကြိမ်မြောက်အထိ ကျ ရှုံးသည့် (ခ)ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများအား သက်ဆိုင်ရာ သင်တန်းကျောင်းသို့ ပြန်လည်စေ လွှတ်သည့်စနစ် ကျင့်သုံးခဲ့ကြောင်း သိရသည်။

”အရင်ကတော့ ယာဉ်မောင်း လိုင်စင်ဖြေတဲ့အခါ မအောင်မချင်း ဖြေဆိုခွင့်ပေးခဲ့တယ်၊ ဒီလို ခွင့်ပြု ပေးရာမှာ ကျရှုံးတဲ့အကြိမ်ရေက များလာတယ်၊ သင်တန်းကျောင်း က တကယ်တတ်ကျွမ်းအောင် လေ့ ကျင့်သင်ကြားပေးရင်  ဒီလောက် အကြိမ်ရေများများ ကျရှုံးစရာ အကြောင်းမရှိဘူးလို့ ထင်တယ်၊ ဒါကြောင့် ငါးကြိမ်အထိ ကျတယ် ဆိုရင် ယာဉ်မောင်းသင်တန်းကျောင်း မှာ ထပ်မံလေ့ကျင့်ဖို့ လိုအပ်တဲ့ အတွက် ပြန်လည်လေ့ကျင့်သင် ကြားပေးဖို့ လိုအပ်တယ် ဆိုတဲ့ အကြောင်း မှတ်ချက်ရေးပြီး ပြန် လွှတ်ရတာပါ”ဟု ယာဉ်မောင်း လိုင်စင်(လက်တွေ့) စိစစ်ရေးဌာန ရွာသာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ခ) ယာဉ်မောင်းလိုင်စင် (လက်တွေ့) ဖြေဆိုသူများထဲမှ ငါး ကြိမ်အထိ ကျရှုံးသည့် ယာဉ်မောင်း များကို သက်ဆိုင်ရာသင်တန်း ကျောင်းသို့ ပြန်လည်စေလွှတ်သည့် စနစ်ကို ဇွန် ၂၆ ရက်မှ စတင် ကျင့်သုံးခဲ့ပြီး သင်တန်းကျောင်း တွင် သင်ကြားချိန် ရက်သတ္တပတ် နှစ်ပတ် သတ်မှတ်ထားကာ ရက် ချိန်းပြည့်မှသာ သက်ဆိုင်ရာယာဉ် မောင်းသင်တန်းကျောင်း၏ ထောက် ခံချက်နှင့်အတူ ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း ယာဉ်မောင်းလိုင် စင် (လက်တွေ့) စိစစ်ရေးဌာန ရွာ သာကြီးမှ သိရသည်။

ယာဉ်မောင်းလိုင်စင် (လက် တွေ့) စိစစ်ရေးဌာန၊ ရွာသာကြီးမှ ရန်ကုန်တိုင်းတစ်တိုင်းလုံး အတိုင်း အတာအနေဖြင့် ယာဉ်မောင်းလိုင် စင်စစ်ဆေးခြင်းကို စတင်တာဝန် ယူလုပ်ဆောင်ခဲ့သည့် သုံးနှစ်အတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုအောင် မြင်၍ ခွင့်ပြုပေးခဲ့သည့် လိုင်စင်အရေ အတွက် ၁၄ဝ,၄၉၈ ခုရှိပြီး (ခ) ယာဉ်မောင်းလိုင်စင် ၁၁၇,၈၈ဝ ခု ပါဝင်ကြောင်း သိရသည်။

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here