ငမိုးရိပ်ချောင်းကူးတံတားနှင့် စံပြဈေးလူကူးခုံးကျော်တံတားတို့ကို ယခုလအတွင်း စတင်အသုံးပြုခွင့်ပေးမည်။

798

 

တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ်တို့ကို ဆက် သွယ်တည်ဆောက်ထားသည့် ငမိုး ရိပ်ချောင်းကူးတံတားနှင့် သင်္ဃန်း ကျွန်းစံပြဈေးအနီးတွင် ဆောက်လုပ် နေသည့် လူကူးခုံးကျော်တံတားတို့ ကို ယခုလအတွင်း စတင်အသုံးပြု ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား) မှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှု ဖြေလျှော့နိုင်မှု စီမံ ချက်တစ်ခုအဖြစ် တောင်ဥက္ကလာပ မြို့နယ်၊ သစ္စာလမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ငါးမာန်အောင် ဘုရားလမ်းတို့ကို ဆက်သွယ်ထား သည့် နှစ်လမ်းသွား ငမိုးရိပ်ချောင်း  တံတားနှင့် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း (စံပြဈေးအ နီး) မီးပွိုင့်နှင့် ပေနှစ်ရာအကွာတွင် တည်ဆောက်ထားသည့် လူကူးခုံး ကျော်တံတားတို့ တည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်သည့်အတွက် ယင်း တံတား နှစ်စင်းစလုံးကို ယခု နိုဝင် ဘာလမှစ၍ ဖြတ်သန်းသွားလာ ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

”ပြီးခဲ့တဲ့ စက်တင်ဘာလက တည်းက တံတားနှစ်စင်းစလုံး တည်ဆောက်ပြီးစီးခဲ့ပေမဲ့ ကတ္တရာ ခင်းတာတွေ၊ လျှပ်စီးကြိုး သွယ် တန်းတာတွေ ပြုလုပ်နေတဲ့အတွက် ဖြတ်သန်းသွားလာခွင့် မပြုခဲ့ပါဘူး၊ အောက်တိုဘာလအကုန်မှာ တံတား တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး နေပြီဖြစ်တဲ့အတွက် အခုလအတွင်း မှာ စတင်ဖြတ်သန်း အသုံးပြုခွင့်ပေး မှာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင် ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ တံတားနှစ်စင်း တည် ဆောက်ရန်အတွက် တင်ဒါခေါ်ယူခဲ့ ရာတွင် ငမိုးရိပ်တံတားကို မြတ်နိုး သူကုမ္ပဏီနှင့် စံပြဈေးလူကူးခုံးကျော် တံတားကို မြသက်တင်ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်မှုကို ဧပြီ ၁ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here