ဂျေခ့်ဘရိတ်နှင့် ပတ်သက်သည့် ဖွယ်ဖွယ်ရာရာများ

107

 

သန်းထွန်းတင်(စက်မှု)

ကားများ၏ ဘရိတ်များအကြောင်းပြောရလျှင် ဘရိတ်ကျမ်းတစ်စောင် ပြုစုရသည့်နှယ် ကျယ်ပြန့်သွားပါလိမ့်မည်။ ထိမိသော တင်ပြနည်းသည် နားလည်လွယ်သော၊ ရှင်းသောနည်းသာလျှင် ဖြစ်လိမ့်မည်။ သို့ဆိုလျှင် အမေး၊ အဖြေနည်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယုံကြည် သည့်အလျောက် ဇာတ်လမ်း၊ ဇာတ်ကွက်များ မဆင်တော့ဘဲ တင်ပြပါအံ့။
ခေတ်ပေါ် အိမ်သုံးကားငယ်လေးများ၏ ဘီးလေးဘီးစလုံးတွင် ဟိုက် ဒြောလစ်စနစ်ဘရိတ် ပါသည်ချည်းဖြစ်သည်။ ဘရိတ်များသည်လည်း ဒစ်စ်(Disc)၊ သို့မဟုတ် ဒရမ်(Drum)အမျိုးအစားများဖြစ်သည်။ ဘရိတ် အမျိုးအစား အမျိုးမျိုးရှိသည်ဆိုသော်လည်း ယင်းတို့ကို အဓိကအားဖြင့် ထောက်ပံ့လုပ်ဆောင် ပေးနေသည်မှာ အခြေခံအနေဖြင့် သုံးမျိုးသုံးစားသာ ရှိသည်။ ဥပမာ- ဘရိတ်၏ စက်မှုအစိတ်အပိုင်းများကို လေဘရိတ်စနစ် (Air Brake System) တွင်လည်းကောင်း၊ လေအားဖြင့်ထိန်းပြီး ဘီးများ ၏ ပတ်ချာလည်နေရာများတွင် တပ်ဆင်ထားသော ပစ္စည်းများကသာ ပံ့ပိုးထောက်ပံ့နေခြင်း ဖြစ်သည်။ အခြေခံအားဖြင့် သုံးမျိုးသောဘရိတ်စနစ် များမှာ အက်စ်(S)ပုံသဏ္ဍာန် ကင်းမ်းဘရိတ်များ(‘S’ cam brakes)၊ ဒစ်စ်ဘရိတ်များ(Disc Brakes)နှင့် သပ်ဘရိတ်များ(Wedge Brakes)များဖြစ်သည်။ အကယ်၍ သင်အသုံးပြုနေသော ယာဉ်(ကား)ပေါ်တွင် ဘရိတ်စနစ် မည်မျှ ပါဝင်ပါသနည်းဟူသော မေးခွန်းကိုဖြေရန်က ပုံစံတစ် မျိုး ဖြစ်နေပေမည်။ အော်တိုမိုဘိုင်း အများအပြားပေါ်တွင် ဘရိတ်စနစ် အမျိုးအစားသုံးမျိုးသာ ပါဝင်သည်။ သာမန် အသုံးပြုလျက်ရှိသော ဆား ဗစ်ဘရိတ်များ(Service Brakes)၊ အရေးပေါ်ဘရိတ်များ(Emergency Brakes)နှင့် ပါကင်ဘရိတ်များ(ယာဉ်ရပ်နားစဉ် အသုံးပြုသောဘရိတ်များ Parking Brakes)သာ ဖြစ်သည်။
ကားလမ်းပေါ် ကားလမ်းဘေးတွင် သွားလာနေခိုက် အတော်အသင့် ကြီးသော ကားကြီးများမှ ဘရိတ်အုပ်သံ တရှူးရှူးနှင့် တော်တော် ကျယ် သောအသံများ ကြားဖူးကြပါလိမ့်မည်။ ယင်းဘရိတ်စနစ်သည် လေ ဘရိတ်(Air Brake) ဖြစ်သည်။ သို့ဆိုလျှင် ပုံမှန်ဘရိတ်နှင့် လေဘရိတ် ကွာခြားချက်ကို ပြောရပေတော့မည်။ ဘရိတ်ဆီကိုအသုံးပြုသော ဟိုက်ဒြောလစ်ဘရိတ်ကို ပါစင်ဂျာကားများ(လူစီးကား Passenger Vehicles)တွင် အသုံးပြုများသည်။ ဖိထား ကျစ်ထားသောလေ(Compressed Air) ကို အသုံးပြုသည့် လေဘရိတ်များ(Air Brakes)ကို အများအားဖြင့် စီးပွားရေးကဏ္ဍသုံး ယာဉ်များကြီးများတွင် အသုံးပြုတပ်ဆင်အသုံးပြုကြ သည်။ လေဘရိတ်တိုင်း၏ တုံ့ပြန်မှုတွင် စက္ကန့်၏ အစိတ်အပိုင်းမျှ နောက်ကျခြင်းသည် လေဘရိတ်၏အားနည်းချက် ဖြစ်သည်။
စကားချပ်အနေနှင့် ပြောရပေလိမ့်မည်။ ဆီမီးထရပ်ဆိုသည့်ကား သည် ဆီမီးဝေါဟာရပါသဖြင့် သာမန်အရပ်သားအတွေးက ခွေးဘီလူး ကားအသေးစားမျိုး ထင်မှတ်မှားနေမည်ကို စိုးရိမ်မိပါသည်။ ပုံတွင်ဆီမီး ထရပ်ကားများ၏ ပုံများပြထားသည်ကို ကြည့်ရှုခြင်းအားဖြင့် ကားဆိုက် ပမာဏကို ခန့်မှန်းနိုင်ပါလိမ့်မည်။ ဆီမီးထရပ်ကားနှင့် မီနီထရပ်ကားအခေါ် အဝေါ်ကို မမှားယွင်းစေရန် ဖြစ်ပါသည်။

မည်သို့သောဘရိတ်အမျိုးအစားကို ဆီမီးထရပ် (Semi Truck)များတွင် တပ်ဆင်ကြသနည်း
ကြီးသော၊ လေးလံသော ယာဉ်ကြီးများတွင် လေဘရိတ်(Air Brake) ကို တပ်ဆင်အသုံးပြုကြသည်။ အထူးသဖြင့် နောက်ဆက်တွဲ(Trailer)တစ်တွဲနှင့် တစ်တွဲမက ချိတ်ဆက်သောယာဉ်များ၏နောက်တွဲယာဉ်များကို လည်း ဘရိတ်စနစ်လိုင်းများ ချိတ်ဆက်အသုံးပြုကြသည်။ ထရပ်ကား များ၊ ဘတ်စ်ကားများ၊ ထရေလာများ၊ ဆီမီးထရေလာ(Semi-trailers)အပြင် သံလမ်းအသုံးပြုယာဉ်(ရထားများ/ဓာတ်ရထားများ) စသည်တို့တွင် အသုံးပြုသည်။

သံလမ်းပေါ်ပြေးသော ယာဉ်များအတွက် အသုံးပြုနိုင်ရန် လေ ဘရိတ်များကို အဦးဆုံး ဝက်စ်တင်းဟောက်စ်(Westing-house)က တိုး တက် ပြောင်းလဲလိုက်သည်ကိုလည်း မေ့မထားသင့်ပေ။
စကားချပ်။ စီဒီအယ်လ်(CDL – Commercial Driver’s License)ဆိုသည်မှာ စီးပွားဖြစ်ကုန်သွယ်မှုနှင့်ဆိုင်သော ဒရိုင်ဘာလိုင်စင်ဖြစ်သည်။ အချို့သော တိုးတက်သည့်နိုင်ငံကြီးများတွင် ကုန်သွယ်မှု၌အရေးပါလှသော လေဘရိတ်များ တပ်ဆင်ထားသည့် ကုန်ကားကြီးများ မောင်းနှင်ခွင့်ကို သက်တမ်းရှိသော CDL ရှိမှသာ မောင်းနှင်ခွင့်ရှိသည်။ တစ်နည်းအားဖြင့် ကောက်ယူနိုင်သည်မှာ သက်တမ်းရှိ CDL လိုင်စင် ကိုင်ဆောင်ထားသော ဒရိုင်ဘာများမှသာ လေဘရိတ်ကားများကို မောင်းနှင်ခွင့်ရှိသည့်သဘော ဖြစ်သည်။
အချို့သော မကျေမချမ်းဖြစ်သူများထံမှလည်း CDL လိုင်စင်ရှိပါမှ လေဘရိတ်ပါကားများကို မောင်းရမည်ဆိုသည်မှာ အမှန်ဖြစ်ပါသလားဟု ရိတိတိမေးခွန်းများ ပေါ်ထွက်လာသည်။ လေဘရိတ်သုံးကားများကိုမောင်း နှင်ရန် CDL မလိုအပ်ဟု ဆိုကြသည်။ လေဘရိတ်ကို သုံးစွဲခွင့်ရရှိရန် လည်း အတည်ပြုထောက်ခံချက်များ ရယူထားရန် မလိုအပ်ပေ။ အချို့ သော ထူးခြားဆန်းကြယ်သော အကြောင်း၊ သဘာဝယုတ္တိနှင့်မညီသော အကြောင်းများဖြင့် လေဘရိတ်(CDL)လိုင်စင် ရှိသူများကိုသာ အသုံးပြု ခွင့် ပြုခြင်းများရှိသည်။ လေဘရိတ်တပ်ဆင်ပြီး အလေးချိန် ပေါင် နှစ်သောင်းခြောက်ထောင် တင်ဆောင်ထားသော အက်ဖ် ၇၅၀( 750) မောင်းသူများပင် CDL မလိုအပ်၊ သို့မဟုတ် လေဘရိတ်ခွင့်ပြုမှုမလိုအပ်ပေ။

လေဘရိတ်(Air Brakes)က ဖောက်တတ်ပါသလား
သတ်မှတ်ထားသောအချိန်အတွင်း လေဘရိတ်က အချိန်မရွေးဖောက် (အလုပ်မလုပ်ဖောက်ပြန်)တတ်သော ဖြစ်နိုင်ခြေ အလားအလာများ ရှိတတ်ပါသည်။ သို့သော်လည်း ဤစကားရပ်သည် အချိန်ကာလအရ မမှန်ကန်တော့ပါ။ လေဘရိတ် တပ်ဆင်ထားသော ကားအင်ဂျင်ကို လုံးဝ ရပ်ပစ်လိုက်သည့်တိုင် လေလှောင်အိုး(Air Tanks)အတွင်း လုံလောက် သော လေပမာဏရှိ/ကျန်နေစေရန် စီမံထားသောကြောင့်ဖြစ်သည်။ သွား လာနေသော ကုန်အပြည့်တင်ထားသည့် ကုန်ကားကြီးအတွက် ကား အင်ဂျင်ရပ်ပြီးနောက် ဘရိတ်စနစ်မှ အသုံးပြုသော အကြိမ်အရေအတွက် ခြောက်ကြိမ်မှ ၁၂ ကြိမ်အထိ လေသိုလှောင်ကန်တွင် ရှိနေစေရန် စီမံ ထားကြသည်။

ဆရာကျသော ဂျေ့ခ်ဘရိတ်
ဂျေ့ခ်ဘရိတ်ကို မည်သူ တီထွင်ခဲ့ပါသနည်း
ဂျေ့ခ်ဘရိတ်တီထွင်သူမှာ Clessie Lyle Cummins (1886-1968) ဆိုသူ ဖြစ်သည်။ ဤကိရိယာလက်နက်ကို ဂျက်ကော့ဖ်စ် ထုတ်လုပ်ရေး ကုမ္ပဏီက ၁၉၆၁ ခုနှစ်ကပင်ထုတ်လုပ်ခဲ့ပြီး ဟိုင်းဝေးများပေါ်တွင် ကား များစိတ်ချစွာ မောင်းနှင်နိုင်ရန်အတွက် မှတ်သားလောက်သည့် ကူညီ ဖြန့်ဝေခဲ့သည်။

အင်ဂျင်ဖိအားကိုလျှော့ချသည့် ဘရိတ်စနစ်၊ သို့ မဟုတ် ထရပ်ကားများတွင် လေဘရိတ် မည်သို့ အလုပ်လုပ်သနည်း
အင်ဂျင်၏ လေ၊ သို့မဟုတ် လောင်စာဆီနှင့် လေအရော၏ဖိအားကို လျှော့ချသည့် အင်ဂျင်ဘရိတ် (Engine Brake)၊ သို့မဟုတ် မကြာခဏ ခေါ်ဝေါ်သုံး စွဲသည့် ဂျက်ခ်ကောဖ့်စ်ဘရိတ် (Jacobs brake)၊ သို့မဟုတ် ဂျေ့ခ်ဘရိတ်(Jake Brake)သည် အချို့ သော ဒီဇယ်အင်ကြီးများအတွက် အင်ဂျင်အားကို ကစားကာ ဘရိတ်အုပ်ခြင်းဖြစ်သည်။ ယင်း ဘရိတ် စနစ် အလုပ်လုပ်ပုံမှာ ကွန်ပရက်ရှင်းခုတ်ချက်အပြီး(After the Compression Stroke) ဆလင်ဒါအတွင်း ပိတ်မိနေသောဖိအားကို လွတ်ပေး(လျှော့ချပေး)ခြင်း ဖြင့် ယာဉ်၏ပြေးနှုန်းကို လျှော့ချလိုက်ခြင်း ဖြစ်သည်။
အော်တိုမိုဘိုင်းလောကနှင့် ဂျေ့ခ်ဘရိတ်
ဂျက်ကော့အင်ဂျင်ဘရိတ် (Jacobs Engine Brake) ၊ သို့မဟုတ် ဂျေ့ခ်ဘရိတ်(Jake Brake) ဟု ခေါ်ဝေါ်သုံးနှုန်းကြသော ဘရိတ်အမျိုးအစားသည် အထူးသဖြင့် ဒီဇယ်အင်ဂျင်နှင့် ပတ်သက်၍ ဒီဇယ် အင်ဂျက်ရှင်းစနစ်ကို နှောင့်နှေး (တိုင်မင်နောက်ကျ စေခြင်း)အားဖြင့် အင်ဂျင်လည်ပတ်နှုန်းကို လျှော့ချ သော ဘရိတ်စနစ်ဖြစ်သည်။ ဘရိတ်ကိစ္စအတွက် အင်ဂျင်က အကူအညီပေးခြင်းဖြစ်သည်။ ဂျေ့ခ်ဘရိတ် စနစ် စတင်လိုက်သည်နှင့် အင်ဂျင်ဘရိတ်မှ အင်ဂျင် ၏ အိပ်ဇောဘားများ လှုပ်ရှားသောစနစ်သို့ လွဲပြောင်း တာဝန်ပေးလိုက်သည်တွင် အင်ဂျင်က ပါဝါဆွဲယူ အသုံးပြုသော (လေ)ကွန်ပရက်ဆာ (Power Absorbing Air Compressor) အလုပ်လုပ်သည့် ပုံစံ ပြောင်းလဲသွားသည်။ ထို့ကြောင့် ကားမောင်းနေသော ဘီးများ လိမ့်နေခြင်းကို (ဘီးလိမ့်နှုန်း)နှောင့်နှေးသွား စေ၊ လျော့ကျသွားစေသဖြင့် ပုံမှန်ဘရိတ်များကို အလုပ်မလုပ်စေဘဲ ကားကိုထိန်းသိမ်း(ရပ်စေ)နိုင် သည်။ သို့ဖြစ်၍ သာမန်ဘရိတ်များအား ဆားဗစ်လုပ် ရသည့် အပိုင်းတွင် သက်သာသွားမည်။ ဘရိတ်နှင့် ပတ်သက်သည့် ကုန်ကျမှုများလည်း သက်သာသွား မည်ဖြစ်သဖြင့် ကားပိုင်ရှင်မှ အသုံးပြုရသည့် ကုန်ကျ စရိတ်လည်း လျော့ကျသွားမည်ဖြစ်သည်။ ယင်း ဘရိတ်စနစ်ကို အသုံးပြုမည့်သူတစ်ဦးအနေဖြင့် ဂျေ့ခ် ဘရိတ် မည်သို့အလုပ်လုပ်သည်၊ အင်ဂျင်ဘရိတ် မည်သို့ အလုပ်လုပ်သည်ကိုလေ့လာပြီး မည်သို့စေခိုင်း ရမည်ကို နားလည်သဘောပေါက်အောင် လေ့လာ ထားသင့်သည်။
ကွန်ပရက်ရှင်း (အင်ဂျင်ဆလင်ဒါအတွင်းဖိအား) လျှော့ချသည့် အင်ဂျင်ဘရိတ်၊ သို့မဟုတ် မကြာခဏ ဂျက်ခ်ကော့ဖ်ဘရိတ်၊ သို့မဟုတ် ဂျေ့ခ်ဘရိတ် ဆို သည်မှာ အင်ဂျင်လှုပ်ရှားမှုနှင့်ဆိုင်သော၊ သို့မဟုတ် အင်ဂျင်ကို အားကိုးအားထားပြုရသော အင်ဂျင်ဘရိတ် ယန္တရား အစိတ်အပိုင်းများ(Engine Braking Mechanism)ကို ဒီဇယ်အင်ဂျင်အချို့တွင် တပ်ဆင်အသုံး ပြုကြသည်။ ယင်းဘရိတ်စနစ် အလုပ်လုပ်ပြီဆိုသည် နှင့် ဆလင်ဒါမှ အိပ်ဇောဗားများကို ကွန်ကရက်ရှင်းခုတ်ချက်(Compression Stroke)အပြီး၌ ဖွင့်လိုက် သည်တွင် ဆလင်ဒါအတွင်း ပိတ်မိ ဖိမိထားသော ဓာတ် ငွေ့ကို ထုတ်လွတ်လိုက်သည်ဖြစ်လေရာ ယာဉ်(ကား)ပြေးနေသည့် အရှိန်/အမြန်နှုန်းကို လျှော့ချလိုက်ခြင်း ဖြစ်သည်။
ဂျက်ကော့ဖ် အသုံးပြုသူများလက်စွဲစာအုပ်
ဂျက်ကော့ဖ် အင်ဂျင်ဘရိတ်မည်သို့ အလုပ်လုပ် သည်ကို လေ့လာရန် လက်စွဲစာအုပ်ပါသည်များ အား လုံးကို ကူးယူ(Download)လိုက်ပါ။ ယင်းလက်စွဲ စာအုပ်တွင် ဂျေ့ခ်ဘရိတ်ကို မည်သို့ အသုံးဝင်စွာ အသုံးပြု ကိုင်တွယ်ရသည်ကို ဖော်ပြပါရှိသည်။

နောက်တစ်ပတ်ဆက်ရန်

LEAVE A REPLY

Please enter your comment!
Please enter your name here