ဂျာမနီဘောလုံးအသင်း၏ အကြီးဆုံးစပွန်ဆာ Volkswagen ဖြစ်လာမည်

537

ဂျာမနီနိုင်ငံ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းအတွက် နှစ်ပေါင်း ၄၅ နှစ်ကြာ စပွန်ဆာအဖြစ် ရပ်တည်ခဲ့သော Mercedes-Benz အစား Volkswagen က ဂျာမနီဘောလုံးအသင်း၏ အကြီးဆုံးစပွန် ဆာအဖြစ် ဆောင်ရွက်ခွင့်ရတော့မည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က နိုင်ငံတကာ သတင်းမီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။

ဂျာမနီဘောလုံးအသင်းနှင့် ကမ္ဘာ့ရောင်းအားအကြီးမားဆုံး ကား ထုတ်လုပ်ရေးလုပ်ငန်းကြီး Volkswagen တို့သည် ၂ဝ၁၉ ခုနှစ်မှ စတင်၍ ငါးနှစ်ခွဲကြာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Volkswagen မှ တာဝန်ရှိသူများက ပြောသည်။ နှစ်ဖက်သဘောတူစာချုပ်အရ Volkswagen က ဂျာမနီအသင်းအား DFB ဂျာမန်ဖလားပြိုင်ပွဲအတွက် စပွန်ဆာကြေးအဖြစ် ယူရိုခြောက်သန်းအပါအဝင် တစ်နှစ် ယူရို ၂၅ သန်းမှ သန်းသုံးဆယ်အထိ (ဒေါ်လာ ၂၉ သန်းမှ ၃၄ သန်းအထိ) ပံ့ပိုးပေးမည် ဖြစ်သည်။ ယခုသဘောတူညီချက်ကို ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ပတ်သက်၍ လိမ်လည်လှည့်ဖြားခဲ့မှုကြောင့် ကျဆင်းနေသော ကုမ္ပဏီ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန်သာမက လျှပ်စစ်ကားထုတ်လုပ်မှုဘက်သို့ မဟာဗျူဟာမြောက် ပြောင်းလဲဦးတည်မှုအတွက်ပါ စံပြုဈေးကွက် ပလက်ဖောင်းတစ်ခုအဖြစ် Volkswagen က ရှုမြင်ထားသည်။

”ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်တွေအတွက် ရည်မှန်းချက်ပန်းတိုင် တချို့ရှိပါတယ်၊ Volkswagen ဟာ ပြောင်းလဲ တိုးတက်နေပြီး စိန်ခေါ်မှုကြီးတွေကိုလည်း ရင်ဆိုင်နေရပါတယ်၊ အခုလို DFB နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ကျွန်တော်တို့အတွက် အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Volkswagen ၏ အမှုဆောင် အရာရှိချုပ် Herbert Diess က ပြောသည်။

Ref: Reuters, Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here