မော်တော်ကားတွေ စတင်ပေါ်ပေါက်လာချိန်ကတည်းက လူသားတွေဟာ အမျိုးအစားစုံလင်တဲ့ ကားတွေ၊ အမြင်ဆန်းသစ်တဲ့ ကားတွေ၊ စွမ်းဆောင် ရည်မြင့်မားတဲ့ကားတွေထုတ်လုပ်ဖို့ ဆန္ဒရှိခဲ့ပြီး သူ့ထက်ငါဆိုသလို အပြိုင် အဆိုင် တီထွင်ဖန်တီးခဲ့ကြပါတယ်။ အဲဒီလို အပြိုင်အဆိုင် တီထွင်ဖန်တီး လိုစိတ်ရှိသူတွေကြောင့်လည်း လက်ရှိအချိန်အထိ ထူးခြားဆန်းပြားတဲ့ စီးတော်ယာဉ်တွေ ပေါ်ထွက်လာတာဖြစ်သလို နောင်အနာဂတ်မှာလည်း ထပ်ပြီး ထွက်ပေါ်လာဦးမှာပါ။ ဂျက်တိုက်လေယာဉ်ဆိုတာ ယနေ့ခေတ် တပ်မတော်တွေရဲ့ မရှိမဖြစ်လို့ ဆိုနိုင်ပါတယ်။ မိမိတို့နိုင်ငံရဲ့ဝေဟင်ပိုင်နက် ကိုကာကွယ်ဖို့နဲ့ ကျူးကျော်သူတွေကို နှိမ်နင်းရာမှာ ဂျက်တိုက်လေယာဉ် တွေဟာ နိုင်ငံတိုင်းအတွက် အရေးပါလွန်းလှတဲ့ စစ်လေယာဉ်တွေပါပဲ။
အမေရိကန်ပြည်ထောင်စုက ကားကုမ္ပဏီတွေဟာ ဂျက်တိုက်လေ ယာဉ်ဒီဇိုင်းနဲ့ မြေပြင်ပေါ် ပြေးလွားနေတဲ့ကားတွေကို တီထွင်ဖန်တီးဖို့ ၁၉၄ဝ ပြည့်နှစ်အစောပိုင်းကတည်းက စိတ်ကူးရခဲ့တာပါ။ သူတို့ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးကို မြေပြင်က လမ်း မတွေထက် မောင်းနှင်နေတာကို မြင်တွေ့လိုတာဖြစ်ပြီး ၁၉၅၃ ခုနှစ် မှာတော့ အမေရိကန်ထိပ်တန်းကားကုမ္ပဏီ General Motors က Firebird 1 XP-21 လို့ အမည်ပေးထားတဲ့ ဂျက်တိုက်လေယာဉ်ဒီဇိုင်းနဲ့ ကားကို အောင်အောင်မြင်မြင် တည်ဆောက် မောင်းနှင်ပြသခဲ့ပါတယ်။ အဲဒီကားကို ဒီဇိုင်းထုတ်ပေးခဲ့သူက နာမည်ကျော် အမေရိကန်ကား ဒီဇိုင်း ပညာရှင် Harley Earl ဖြစ်ပြီး Concept Car အဖြစ် ဖန်တီးခဲ့တာ ဖြစ် ပါတယ်။ General Motors ရဲ့နာမည်ကျော် Concept ကား အများ အပြားကို ဒီဇိုင်းထုတ်ပေးခဲ့တဲ့ Harley Earl ဟာ Firebird 1ကားကို ဂတ်စ်တာဘိုင်အင်ဂျင်နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး ဂျက်တိုက်လေယာဉ်ကို ဘီး လေးဘီး တပ်ဆင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။
ပေါ့ပါးတဲ့ Fiberglass နဲ့ တည်ဆောက်ထားတဲ့ Firebird 1 ဟာ မြင်းကောင်ရေ ၃၅ဝ အား ဂတ်စ်တာဘိုင်အင်ဂျင် တပ်ဆင်ထားပြီး ဂျက်တိုက်လေယာဉ်လိုပဲ တစ်ဦးပဲ မောင်းနှင်နိုင်ပါတယ်။ အလေးချိန် ပေါင် ၂၅ဝဝ သာရှိတဲ့ Firebird 1 ကို Buick Y-Job နဲ့ ၁၉၅၃ မိုဒယ် Chevrolet Corvette တို့အပေါ် အခြေခံ တည်ဆောက်ထားတာဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာတင်မက ၁၉၅၆၊ ၁၉၅၉ ခုနှစ်တွေမှာလည်း နောက် ထပ်မိုဒယ်သစ်တွေကို ထပ်ပြီး တည်ဆောက်ခဲ့ပါသေးတယ်။ ဒီကားကို အင်ဒီယားနားပြည်နယ်က Indianapolis Motor Speedway ကားပတ်လမ်းမှာ အမေရိကန်ပြိုင်ကားမောင်းသမား Mauri Rose က စမ်းသပ် မောင်းနှင်ခဲ့ပြီး တစ်နာရီ မိုင်နှစ်ရာနှုန်းအထိ မောင်းနှင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော Firebird 1 XP-21 နဲ့ နောက်ထပ် ထုတ်လုပ်ထားတဲ့ ကားတွေကို မီရှီဂန်ပြည်နယ်၊ ဒီးယားဘွန်းမြို့က Henry Ford Museum ကားပြတိုက်မှာ ြပသထားပါတယ်။