ဂီယာများ ဖောက်ပြန်ချွတ်ယွင်းမှုကို အသိပေးသည့် အချက် ၁၀ ချက်

202

 

ကားမောင်းသူတိုင်း ဂီ ယာများကိုပြုပြင်ရန် ပြသသည့် သတိပေးလက္ခဏာ ၁၀ ချက် ကို သတိထားသင့်သည်။ ကား၏ မည်သည့် အစိတ်အပိုင်းမဆို ပြစ်ချက်ကို စောစီးစွာ ထောက်လှမ်းမိခြင်းက ရှေ့တွင်ပိုမို၍ အား(ပေး ဆပ်ရမည့်ငွေနှင့်အချိန်) ပြုပြင်ရမည့်အရေးကို ကာကွယ်ပေးသည်။ ဂီယာတွင် ပြဿနာရှိနေသည်ကို ဖော်ပြလာသော သတိပေးလက္ခဏာတို့ကို သိရှိနားလည်ရန် လေ့လာ(သင်ယူ)ထားသင့်သည်။ သတိပေးလက္ခဏာများ ပေါ်ထွက် ကြုံတွေ့လာပါကလည်း ပြုပြင်ရာဌာန တစ်ခုခု(ဝပ်ရှော့)သို့ အမြန်ဆုံးသွားရောက်စစ်ဆေးပြုပြင်ခြင်းသည်သာ အကောင်းဆုံးဆောင်ရွက်ချက်ဖြစ်မည်သာ။

ဖောက်ပြန်တော့မည့်ဂီယာတစ်လုံး၏ လက္ခဏာ ၁၀ ချက်

(၁) ဂီယာပြောင်းရန် ငြင်းဆန်ခြင်း
ဂီယာ မပြောင်းနိုင်ခြင်း ဖြစ်သည်။ စင်စစ် ဂီယာနံပါတ်များသည် အသုံးပြုသည့်(တင်ထားသောဝန်နှင့် ကား၏ အမြန်နှုန်း)အပေါ်လိုက်၍ ပြောင်းလဲရမည်ဖြစ်သည်။ ဂီယာပြောင်းလဲရန် အချိန်ကျပါလျက် မပြောင်း ဘဲ ငြင်းဆန်နေပါက ယင်းဂီယာ၏ ဂီယာစနစ်(Transmission System) တွင် ပြဿနာတစ်ခုခု ရင်ဆိုင်နေရပြီဖြစ်သည်။ ဤအခြေအနေမျိုးသည် ဂီယာဆီနည်း(လယ်ဘယ်နိမ့်)နေခြင်းသော် လည်းကောင်း၊ ဂီယာ အမျိုး အစား မှားယွင်းစွာအသုံးပြုမိထားသည့် အတွက်ကြောင့် လည်းကောင်း၊ အနံ့ဆိုး မထွက်/အရောင် မပြောင်းသည့်ဂီယာဆီ ပျက်စီးဖောက်ပြန် သွားခြင်းကြောင့် လည်းကောင်း ဖြစ်နိုင်သည်။

(၂) လောင်ကျွမ်းနံ့
သင့်ကားမှ မီးလောင်ကျွမ်းနံ့ရလျှင် အော်တိုဝပ်ရှော့ တစ်ဆိုင် ဆိုင်သို့သာ တိုက်ရိုက်ရောက်ရှိအောင် မောင်းသွားပါ။ ဂီယာဆီ မီးလောင် ကျွမ်းနံ့မှာ ဂီယာအပူချိန် လွန်ကဲခြင်း၊ သို့မဟုတ် ဂီယာဆီဟောင်းနွမ်း နေပြီး မီးလောင်ခြင်းသည် သမားရိုးကျဖြစ်သည်။

(၃) ဂီယာတံဖရီးနေရာ၊ သို့မဟုတ် (N) နေရာရှိစဉ် ဆိုးရွားသံများ
ဂီယာတံဖရီးနေရာ၊ သို့မဟုတ် N နေရာ၌ရှိနေစဉ် ဆိုးရွားသော အသံများ စက်နှိုးသည်နှင့်တစ်ပြိုင်နက် ထွက်ပေါ်ခြင်းသည် ယင်းဂီယာတွင် ပြဿနာ အသေအချာရှိခြင်းပင်ဖြစ်သည်။ တစ်နည်း တန်ဖိုးကြီး(ဈေးကြီး)သော စက်မှုပိုင်းပွန်းစားမှုများသည့် အစိတ်အပိုင်းများ လဲလှယ်ရမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

(၄) ဂီယာချော်ခြင်း
လမ်းမပေါ်တွင် ကားမောင်းနေစဉ် ရုတ်တရက်ဖြစ်ပေါ်လာသော သင်၏ကားဂီယာချော်မှုသည် ထိတ်လန့်ဖွယ်ရာ တပ်လှန့်လိုက်သည် သာမက လွန်စွာအန္တရာယ်များသည့် ဖြစ်စဉ်များနှင့် တိုက်ရိုက်ကြုံတွေ့ နေကျ/ကြုံတွေ့ရဖို့ များသည်။ သင့်ကားဂီယာ ချော်ခဲ့သော် မက္ကင်းနစ်ကို အသေအချာ စစ်ဆေးပြုပြင်ခိုင်းပါ။

(၅) ကလပ်ငြိခြင်း
သင့်ကားမှ ဂီယာဘောက်စ် ဖောက်သည့်ကိစ္စတစ်ခုသည် ကလပ်ငြိ ခြင်းဖြစ်သည်။ ကလပ်ငြိလျှင် သင် ကလပ်နင်းလိုက်သော်လည်း ဖလိုင်း ဝှီးမှ ကလပ်ပြားကိုမကွာနိုင်‌သဖြင့် ဂီယာပြောင်းသည့်ကိစ္စသည်လည်း မလွယ်ကူ(မဖြစ်နိုင်)တော့ပေ။

(၆) ဂီယာဆီ ယိုစိမ့်ခြင်း
ဂီယာစနစ်တွင် ဂီယာဆီယိုခြင်းက ဂီယာဖောက်ပြန်၍ စစ်ဆေးရ သည်များထဲတွင် အလွယ်အကူဆုံးတစ်ခု ဖြစ်သည်။ သင့်ကားခန်းထဲ၊ သို့မဟုတ် ကားရပ်နားသောနေရာ၌ ကားအောက်ကြမ်းခင်းပေါ်တွင် ဆီ အနီရောင်တွေ့ရှိရပြီး ချိုသောအနံ့မျိုး ရှူရှိုက်ရပါလျှင် သင့်မက္ကင်းနစ်က ဂီယာဆီလယ်ဘယ်ရှိ/မရှိ စစ်ဆေးရန် လိုအပ်မည်ကို သိရှိပါလိမ့်မည်။
(၇) အင်ဂျင်အချက်ပြမီး
အမျိုးမျိုးသော သာမန်ကိစ္စ/အရေးကြီးသည့်ကိစ္စများကို ဒက်ရှ်ဘုတ် ဒိုင်ခွက်များပေါ်တွင် မီးလင်းပြသသည့်နည်းဖြင့် ပြသလေ့ရှိသည်။ မီး လင်း အချက်ပြနေသည်ကို သင့်မက္ကင်းနစ်အား အရေးကြီးသည့်ပြစ်ချက် ဟုတ်/မဟုတ် စစ်ဆေးစေသင့်သည်။

(၈) ဂီယာကြိတ်သံ၊ သို့မဟုတ် ဂီယာတုန်ခါခြင်း
အော်တိုဂီယာ ကားများတွင် သာမန်ဖြစ်နေကျပြစ်ချက်မှာ ဂီယာ အပြောင်း၌ ကြိတ်သံ၊ သို့မဟုတ် ဂီယာတုန်ခါခြင်းများရှိခဲ့သော် ဧကန် သင့်ဂီယာတွင် ပြစ်ချက်ရှိနေသည်။

(၉) ဂီယာမှအသံများပေါ်ထွက်ခြင်း
ဂီယာညည်းသံ၊ တဝီဝီမြည်သံ၊ ဂလောင်ဂလင်မြည်သံ စသဖြင့် အသံ(ဆိုး)များသည် မည်သည့်အသံမျှ သင့်ကားအတွက်ကောင်းသော အသံများမဟုတ်သဖြင့် နီးစပ်ရာမက္ကင်းနစ်များနှင့် ပြလိုက်ပါ။

(၁၀) တုံ့ပြန်မှုပြုသော ဥပေက္ခာပြုနေသည်များ
အထူးသဖြင့် ကားရပ်နေရာမှ ကားစလိမ့်ရန်၊ ဂီယာပြောင်းရန် ပြင်ဆင်လိုက်သည်တွင် သင့်ကားမှ တုံ့ပြန်မှုမပြလျှင် ဂီယာဘောက်စ်မှ ပြဿနာ ပေးနေပြီဟု ဆိုရပေလိမ့်မည်။
ဂီယာဖောက်ပြန်ခြင်း လက္ခဏာ ပြသသတိပေးမှု တက်လာခြင်းများ သည် မသိကျိုးကျွန် ဥပေက္ခာပြုလုပ်ထားသင့်သော အရာမဟုတ်ပေ။ ပြုပြင်၍ မရနိုင်လောက်အောင်၊ ဂီယာဘောက်စ်တစ်လုံး လဲရလောက် အောင်အထိ အခြေအနေဆိုးဖြင့် ကြုံရလာနိုင်သည်ဖြစ်လေရာ ငွေရေး ကြေးရေးအနေဖြင့် ပြဿနာမရှိသူများပင်ဖြစ်လင့်ကစား ဂီယာနှင့် ပတ် သက်သည့် ဆောင်ရွက်ချက်များအတွက် သင့်ကိုယ်ပိုင်အချိန်တော့ အ နည်းနှင့်အများ ပေးဆပ်ရလိမ့်မည်သာ ဖြစ်ပါသတည်း။

LEAVE A REPLY

Please enter your comment!
Please enter your name here