ဂရိနိုင်ငံတွင် ပထမဆုံးထုတ်လုပ်သည့်  DCR 017 ဆိုင်ကယ် မီလန် 2017 EICMA ပြပွဲ၌  ထုတ်ဖော်ပြသ

1465

ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ပြပွဲ တစ်ခုဖြစ်သည့် EICMA ကို အီ တလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆိုင်ကယ်ကုမ္ပဏီများက ၎င်းတို့၏ မိုဒယ်အသစ်များကို မိတ်ဆက်ပြသခဲ့ကြပြီး ယင်းမိုဒယ်များတွင် ဂရိနိုင်ငံမှ ပထမဆုံး ထုတ်လုပ်သော DCR 017 ဆိုင်ကယ်လည်း ပါဝင်ခဲ့ကြောင်း greekreporter သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

Brain Eraser ဟု နာမည် ပြောင်ပေးထားသော DCR 017 ဆိုင်ကယ်ကို ဂရိစက်မှုအင်ဂျင်နီယာ NitinosNikolaidis ဦးဆောင်သည့်အဖွဲ့က ၂ဝ၁၆ ခုနှစ်တွင် စတင်ပုံဖော်ခဲ့ပြီး ၁၂ လအကြာတွင် အမှန်တကယ် အကောင်အထည် ဖော်နိုင်ကာ ၇၅ ကြိမ်မြောက်ကျင်းပသည့် ၂ဝ၁၇ EICMA ပြပွဲ၌ ဂရိနိုင်ငံတွင် ပထမဆုံးထုတ်လုပ်သည့် ဆိုင်ကယ်အဖြစ် ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

 

DCR 017 ဆိုင်ကယ်ကို ၁၉၇ဝ ပြည့်နှစ်လွန် နောက်ပိုင်း စတင်ကျော်ကြားခဲ့သော Cafe Racer ဆိုင်ကယ်စတိုင်လ်နှင့် ဆင်တူအောင် ပုံဖော်ထားပြီး ပလတ်စတစ်၊ ကာဗွန်ဖိုင်ဘာတို့မသုံးဘဲ သတ္တုများဖြင့်သာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်အစိတ်အပိုင်းများ တပ်ဆင်ရာတွင် တိမ်းစောင်းလွဲချော်မှု မရှိအောင် အစွမ်းကုန် အားထုတ်ထားကာ ဆီတိုင်ကီ၊ ထိုင်ခုံ၊ ကိုယ်ထည်ကောက်ကြောင်း တို့ကိုလည်း အခြားဆိုင်ကယ်များနှင့် ကွဲပြားအောင် ဖန်တီးထားကြောင်း ဒီဇိုင်နာ NitinosNikolaidis က ANAMPA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောကြားသွားသည်။ ထူးခြားသည့် နည်းပညာပိုင်းဖြင့် ထုတ်လုပ်ထားသော DCR 017 ဆိုင်ကယ်ကို ရောင်းချရပါက နောက်ပိုင်းတွင် အများအပြားထုတ် လုပ်ဖြန့်ချိသွားရန် စီစဉ်ထားကြောင်း၊ Brain   နာမည်ပြောင်နှင့်လိုက်အောင် DCR 017 ဆိုင်ကယ်ကို စီးနင်းပါက ခေါင်းထဲရှိ အရာအားလုံး မေ့သွားလိမ့်မည်ဖြစ်ကြောင်း NitinosNikolaidis က တင်စားပြောကြားသည်။

 

Ref: Greekreporter.com

LEAVE A REPLY

Please enter your comment!
Please enter your name here