ခြောက်နှစ်ကျော်မှ ပေါ်ပေါက်လာသော မန္တလေး-အင်ဖာ တိုက်ရိုက်ဘတ်စ်ကားလိုင်း

367

 

“မန္တလေး-အင်ဖာ လေကြောင်းခရီးစဉ်ပြေးဆွဲတာ သုံးလကျော်ရှိသေး တယ်၊ ခရီးသည်မရှိလို့ ရပ်လိုက်ရပြီတဲ့၊ အိန္ဒိယ အင်ဖာဘက်ကနေ မန္တလေးကို လိုက်တဲ့ခရီးသည်က များတယ်၊ မန္တလေးကနေ အိန္ဒိယဘက် ကိုလိုက်တဲ့ ခရီးသည် မရှိတာ၊ တစ်ကြောင်းစာပဲ ခရီးသည်ကရတော့ လေကြောင်းလိုင်းကလည်း မကိုက်တော့ဘူးလေ၊ ဒီတော့ လေကြောင်း ပြေးဆွဲမှု ရပ်လိုက်ရတယ်၊ အခု လေကြောင်းလိုင်းရပ်လိုက်ပေမဲ့ မန္တလေး-အင်ဖာ တိုက်ရိုက်ဘတ်စ်ကားလိုင်း စပြေးတော့မှာကြားလို့ ဝမ်းသာစရာပဲ”ဟု ဆိုလာသူက ကိုထွန်းဝင်း။
မန္တလေးမြို့ ၇၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Three Colour Café ရသော လက်ဖက်ရည်ဆိုင်တွင် အုပ်စုဖွဲ့လက်ဖက်ရည်သောက်၍ စကားလက်ဆုံကျနေရင်း ကိုထွန်းဝင်းက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလာခြင်းဖြစ်သည်။
“အင်ဖာမှာ Workshop တစ်ခု သွားတက်ဖူးတယ်၊ အဲဒီတုန်းက မန္တလေးကနေ ကားနဲ့တစ်ဆင့်ချင်းသွားရတာ၊ အခု တိုက်ရိုက်ဘတ်စ်ကား လိုင်းပြေးတော့မှာဆိုတော့ မန္တလေးနဲ့ အိန္ဒိယ သွားလာချင်သူတွေအတွက် အခွင့်အလမ်းကောင်းပေါ့”ဟု ၎င်းက ထပ်မံဆိုလာသည်။
မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော် မန္တလေးမြို့သည် တရုတ်-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်း၏ လမ်းဆုံမြို့ဖြစ်သည့်အတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန်နှင့် ခရီးသွား ကဏ ပိုမိုတိုးတက်လာစေရန် သမ္မတ(ဟောင်း)ဦးသိန်းစိန် ဦးဆောင်သော ယခင်အစိုးရ လက်ထက်ကတည်းက မန္တလေး-အင်ဖာ တိုက်ရိုက် ဘတ်စ် ကားလိုင်းပြေးဆွဲရန် စီစဉ်ခဲ့သည်။ ထိုစဉ်က ၂ဝ၁၄ ခုနှစ်အချိန်က ဖြစ်သည်။
မန္တလေး-အင်ဖာ တိုက်ရိုက် ဘတ်စ်ကားလိုင်းမပြေးဆွဲမီ သွားလာ မည့်လမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံပညာရှင်များပါဝင်သော ပူူးပေါင်း အဖွဲ့က လမ်းပိုင်းဆိုင်ရာ တိုင်းတာမှုများပြုလုပ်ခဲ့ကြပြီး လမ်းပိုင်းဆိုင်ရာ ရလဒ်များကို အိန္ဒိယအစိုးရထံ ကနဦးပေးပို့ခဲ့သည်။ ထို့နောက် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာဘက်ခြမ်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိ တာဝန်ရှိ သူများနှင့် အိန္ဒိယဘက်မှ တာဝန်ရှိသူငါးဦးတို့ ကလေးမြို့၊ ကလေးခရိုင် ဆောက်လုပ်ရေးရုံး၌ မန္တလေး-အင်ဖာ တိုက်ရိုက်ဘတ်စ်ကားလိုင်း ပြေး ဆွဲနိုင်ရန် စတင်ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ပြေးဆွဲမည့်လမ်းကြောင်းကို အတိအကျ မသိရှိခဲ့သော်လည်း ဘတ်စ်ကားလိုင်းပြေးဆွဲရာ၌ အထောက် အကူပြုစေရန် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှု ဦးစီးဌာနရုံးကိုဖွင့်လှစ်၍ နယ်စပ်ဂိတ်မှ ဖြတ်သန်းသွား လာမည့် ယာဉ်တိုင်းကို ယာဉ်ကြံ့ခိုင်ရေးနှင့် မှတ်ပုံတင်စိစစ်ခြင်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့ဖူးသည်။ စတင် ဆွေးနွေးမှုများပြုလုပ်စဉ်က မန္တလေး-အင်ဖာ တိုက်ရိုက် ဘတ်စ်ကား လိုင်းကို တမူး-ကလေးဝ-ယာကြီး-မုံရွာ-မန္တလေးလမ်းပိုင်းနှင့် တမူး-ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာ-မန္တလေး လမ်းပိုင်းဟူ၍ နှစ်မျိုးရှိသည့်အနက် မည်သည့်လမ်းပိုင်းက ပြေးဆွဲမည်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း ယခု ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင်မူ ရုပ်လုံး ပေါ်လာသည်။ ယင်းမှာ ခရီးမိုင်ဝေးသော်လည်း လတ်တလော လမ်းပန်း ဆက်သွယ်ရေးအရ သုံးရာသီလုံး အဆင်ပြေစေမည့် တမူး-ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာ-မန္တလေး လမ်းပိုင်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
မန္တလေး-မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းသည် မိုင်ပေါင်း နှစ်ရာ ကျော်သာ ရှိသော်လည်း မန္တလေး-မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းပိုင်းသည် မိုင်ပေါင်း သုံးရာခန့်ရှိသည့်အတွက် Final အဖြစ် ရွေးချယ်လိုက်သော လမ်းပိုင်းသည် ယာကြီး-ကလေးဝ လမ်းပိုင်းထက် မိုင် ခြောက်ဆယ်ကျော် ပိုမိုရှည်လျားနေသည်။ မိုင် ခြောက်ဆယ်ကျော် ရှည်လျားသော်လည်း နွေ၊ မိုး၊ ဆောင်းသုံးရာသီကာလပတ်လုံး သွားလာရေးအဆင်ပြေသည့်အတွက် ယင်းလမ်းပိုင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တမူးမြို့ခံအချို့က သုံး သပ်ကြသည်။
“လက်ရှိ ယာကြီး-ကလေးဝလမ်းပိုင်းက လမ်းပိုင်းအဆင့်မြှင့်တင် မှုတွေ လုပ်နေတာ ၂ဝ၂၁ ခုနှစ််မှာ ပြီးမယ်၊ အိန္ဒိယအစိုးရက အကုန် အကျခံပြီး အဆင့်မြှင့်တင်ပေးနေတာ၊ လောလောဆယ်မှာ အဆင့်မြှင့်တင် နေဆဲကာလဆိုတော့ ယာကြီးလမ်းက ပွင့်လင်းရာသီကလွဲရင် သွားလို့ အဆင်မပြေဘူး၊ ဒါကြောင့် ဂန့်ဂေါ-ပုလဲ-မုံရွာလမ်းပိုင်းကို ရွေးလိုက် တာနေမှာ”ဟု တမူးမြို့ခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးဇော်ဝေက သုံးသပ် ပြောဆိုသည်။ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့နှင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့တို့ တိုက်ရိုက် ဘတ်စ်ကားလိုင်းပြေးဆွဲရန်အတွက် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော် ဝါရီ ၁၄ ရက်က မန္တလေးမြို့ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၌ မြန်မာဘက်မှ တာဝန်ယူပြေးဆွဲမည့် ရွေမန္တလာ Express ယာဉ်လိုင်းကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံဘက်၌ တာဝန်ယူပြေးဆွဲမည့် 7 Sisters ကုမ္ပဏီတို့ တာဝန်ရှိသူများ ရှေ့မှောက်တွင် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံ သဘောတူညီချက်အရ တိုက်ရိုက် ဘတ်စ်ကားလိုင်း ပြေးဆွဲရာတွင် မြန်မာနိုင်ငံဘက်မှ ရွေမန္တလာ Express ကုမ္ပဏီက မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူးအထိလည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့အထိ လည်းကောင်း အသီးသီး တာဝန်ယူပြေးဆွဲကြမည်ဖြစ်ပြီး ယာဉ်မောင်းချိန် ၁၄ နာရီ ကြာမြင့်မည် ဖြစ်သည်။ မန္တလေး-အင်ဖာ အကွာအဝေးသည် မိုင်ပေါင်း ၃၆ဝ ခန့်ရှိသည့်အတွက် မန္တလေးမှ တမူးသို့ ယာဉ်မောင်းချိန် ၁၁ နာရီ ကြာမြင့်မည်ဖြစ်ကာ တမူး-မိုးရေးနယ်စပ်မှ အင်ဖာအထိ ကားမောင်းချိန် ၃ နာရီကြာမြင့်မည်ဖြစ်ရာ စုစုပေါင်း ယာဉ်မောင်းချိန် ၁၄ နာရီ ကြာမြင့် မည်ဖြစ်ကြောင်း၊ ထိုသို့ပြေးဆွဲရာတွင် လူဦးရေ ၂၇ ဦးလိုက်ပါ စီးနင်းနိုင်သော VIP ယာဉ်များဖြင့် သီးသန့်ပြေးဆွဲပေးရန် စီစဉ်ထားပြီး ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ လေးဆယ် သတ်မှတ်ထား ကြောင်း တာဝန်ယူပြေးဆွဲမည့် ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။
“မြန်မာဘက်က ရွေမန္တလာ Express ကုမ္ပဏီနဲ့ ပြေးဆွဲပြီး အိန္ဒိယ ဘက်က ၇ ှငျအနမျ ကုမ္ပဏီက တာဝန်ယူပြေးဆွဲပေးမယ်၊ မြန်မာဘက်က ပြည်သူတွေအနေနဲ့ အိန္ဒိယနိုင်ငံကို ကားနဲ့သွားပြီး အထင်ကရနေရာတွေ သွားရောက် လည်ပတ်နိုင်ဖို့ပါ စီစဉ်ပေးထားတယ်”ဟု နှစ်ဖက်ကုမ္ပဏီများ လက်မှတ်ရေးထိုးရာတွင် အနီးကပ်ရှိနေခဲ့သူ မန္တလေးမြို့ အိန္ဒိယကောင်စစ် ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ဆိုသည်။
နှစ်နိုင်ငံ ဘတ်စ်ကားလိုင်းပြေးဆွဲရန် ယခင်အစိုးရ လက်ထက် ကတည်းက နှစ်နိုင်ငံအစိုးရပူးပေါင်း၍ စီစဉ်ခဲ့ဖူးသော်လည်း ခြောက်နှစ် ကျော်အကြာတွင် စတင် အကောင်အထည်ပေါ်လာသည့်အတွက် ဝမ်းသာ စရာဖြစ်သည်။ နားလည်မှုစာချွန်လွာမူအရ လက်မှတ်ရေးထိုးပြီး ရက် ပေါင်း ကိုးဆယ်အတွင်း အကောင်အထည်ဖော်ရသည့်အတွက် ကနဦး လျာထားချက်အနေဖြင့် လာမည့် ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် စတင်ပြေးဆွဲရန် သဘောတူညီခဲ့ကြကြောင်း အဆိုပါကုမ္ပဏီနှစ်ခုမှ သိရသည်။ သို့သော် လတ်တလော နယ်စပ်အခြေအနေအရ အဆိုပါ သတ်မှတ်ရက်အတိုင်း ပြေးဆွဲရန်မှာ မသေချာတော့ပေ။ အကြောင်းမှာ ယနေ့ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ပိုးအား အိန္ဒိယနိုင်ငံ ဘက်ခြမ်းတွင် လူအယောက် သုံးဆယ်ကျော် စတင်တွေ့ရှိသဖြင့် အိန္ဒိယ နိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက ယခု ၂ဝ၂ဝ ပြည့်နှစ်၊ မတ် ၉ ရက်မှ စတင်၍ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် အမှတ်(၁)နှင့် အမှတ်(၂)တို့ကို ရက် အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များမှ လူများ နှင့် ကုန်ပစ္စည်းများ ဝင်ထွက်သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင် ထားသည့်အတွက် ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် စတင်ပြေးဆွဲရန် လျာထားသည့် မန္တလေး-အင်ဖား တိုက်ရိုက်ဘတ်စ်ကားလိုင်းလည်း ပြေး ဆွဲမည့်ရက်ကို နောက်ဆုတ်ရတော့မည်မှာ မလွဲဧကန်ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့၌ ကူကီးတိုင်းရင်းသားများနှင့် အိန္ဒိယစစ်တပ် တို့အကြား အဓိကရုဏ်းဖြစ်ပွားနေ၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ အကယ်၍ နယ်စပ်ဂိတ်ပြန်ဖွင့်လိုက်ပါကလည်း နယ်မြေအေးချမ်းမှု မရှိ သည့်အတွက် နောက်ဆုတ်ရဖွယ်ရှိကြောင်း တမူးမြို့ခံအချို့က သုံးသပ်သည်။
“မိုးရေးနဲ့ အင်ဖာကြားမှာကိုက လက်နက်ကိုင်အဖွဲ့တွေကလည်း အများကြီး၊ ဒါကြောင့်လည်း တိုက်ရိုက် ဘတ်စ်ကားလိုင်းပြေးဆွဲဖို့ ကြန့် ကြာနေခဲ့တာ၊ အခုက လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်တာမဟုတ်ပေမဲ့ လော လောဆယ်တော့ မိုးရေးမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်၊ အိန္ဒိယ စစ်တပ်နဲ့ ကူကီးလူမျိုးတွေကြားပြသနာကလည်း တော်တော်ဆိုးနေ တော့ ဒီကြားကာလမှာ အိန္ဒိယနယ်စပ်ဘက် သွားလာဖို့ လုံးဝမသင့်ဘူး၊ ဒေသတွင်းပြသနာ ပြေလည်သွားရင်တောင် အိန္ဒိယနယ်စပ်တစ်လျှောက် က လက်နက်ကိုင်တွေရဲ့ရန်ကို ကြောက်နေရတော့ မြန်မာဘက်ကလိုက် ပါတဲ့သူ နည်းနိုင်တယ်၊ တကယ်လို့ လုံခြုံရေးအာမခံချက်ပေးနိုင်ရင်တော့ မြန်မာဘက်က သွားလာချင်တဲ့သူများမှာပေါ့”ဟု တမူးမြို့ခံတစ်ဦး ဖြစ်သည့် ကိုမျိုးဝင်းက သူ့အမြင်ကို ပြောပြသည်။
အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသော် လည်း နှစ်နိုင်ငံတာဝန်ရှိသူများရှေ့မှောက်၌ နှစ်ဖက် တာဝန်ယူပြေးဆွဲ မည့်ကုမ္ပဏီများက နားလည်မှုစာချွန်လွာ ရေးထိုးထားပြီးဖြစ်၍ စတင်ပြေး ဆွဲမည့်ရက် နောက်ကျသော်လည်း ပြေးဆွဲမည့်အစီအစဉ် လုံးဝပျက်ပျယ် စရာ အကြောင်းမရှိနိုင်ကြောင်း သောက်နေဆဲ လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း ကိုထွန်းဝင်းက မှတ်ချက်ပြုလာပြန်သည်။ အိန္ဒိယဘက်မှ တာဝန်ယူပြေးဆွဲပေးမည့် Seven Sister ကုမ္ပဏီသည် ပြည်နယ် ခုနစ်ခု ဖြင့် ချိတ်ဆက်ထားသည့်အတွက် အိန္ဒိယဘက်၌ ဆေးကုသချင်သူများ၊ ဗုဒ္ဓဂါယာဘုရားဖူးခရီး သွားချင်သူများနှင့် ဒေသတွင်းလည်ပတ်စရာ ခရီး စဉ်များကို ဖန်တီးပေးနိုင်မည်မှာ သေချာသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များရှိ ပြည်သူများနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းရှိ ပြည်သူများအချင်းချင်း ဆက်ဆံရေး ပိုမိုအားကောင်းလာပြီး နှစ်နိုင်ငံခရီးသွားကဏ္ဍ မြှင့်တင်ပြီး သားဖြစ်မည်မှာလည်း မလွဲဧကန်ဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ အိန္ဒိယအစိုးရ၏ ဖိတ်ကြားမှုဖြင့် ချစ်ကြည် ရေး သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သုံးရက်ကြာ အိန္ဒိယခရီးစဉ်တွင် အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက် ကိုဗင့်ဒ်နှင့် တွေ့ဆုံ ရာ၌လည်း အင်ဖာနှင့် မန္တလေးအကြား ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီ ၇ ရက်မှ စတင်၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းပြေးဆွဲမည့်အပေါ် နှစ်ဖက်စလုံးက ကြိုဆိုကြောင်း ဆွေးနွေးခဲ့ကြသည်ဟု နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မတ် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။ ခြောက်နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရသော အိပ်မက်ဖြစ်သည့် အတွက် ယင်းသို့ပြေးဆွဲနိုင်ပါက မြန်မာ-အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံ စလုံး ဘက်ပေါင်းစုံမှအကျိုးရှိစေမည်သာမက တမူးနယ်စပ်နေ ဒေသခံ များအတွက်လည်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာမည်မှာ သေ ချာနေပေသည်။
“မန္တလေး-အင်ဖာ တိုက်ရိုက်ဘတ်စ်ကားလိုင်းပြေးမှာကို လုံးဝ ကြိုဆိုတယ်၊ လေကြောင်းလိုင်းလို ရပ်မသွားအောင် ခရီးသွားတွေရှိဖို့ လိုတယ်၊ ခရီးသွားတွေရှိဖို့ဆိုရင် အိန္ဒိယအစိုးရက နယ်မြေလုံခြုံရေး ပိုင်းကို တာဝန်ယူပေးဖို့လိုမယ်၊ ဒါကို မြန်မာအစိုးရက တိုက်တွန်ပေးရမယ်” ဟု ကိုထွန်းဝင်းက ပြောဆိုလေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here