ရှေးဟောင်းပစ္စည်းများမှာ နှစ်ကာ လကြာရှည်လေ တန်ဖိုးကြီးလေဆို သည့် နိယာမအတိုင်း အသုံးမလို သောကြောင့် တောအုပ်အတွင်း စွန့်ပစ်ထားသော ရှေးဟောင်း Jaguar ကားတစ်စီးမှာ ခေတ်ကာ လအရ ပေါင်တစ်သိန်းကျော်အထိ တန်ဖိုးရှိလာကြောင်း သြဂုတ် ၂၈ ရက်တွင် dailymail သတင်းစာက ရေးသားဖော်ပြသည်။
အင်္ဂလန်နိုင်ငံ၊ ဂလူဆက်စ တာရှိုင်းယားဒေသရှိ ကိုယ်ပိုင်ခြံ ဝင်းတစ်ခုအတွင်းရှိ ချုံနွယ် ပိတ် ပေါင်းများထဲမှ ၁၉၆၄ မိုဒယ် Jaguar E-Type ကားတစ်စီးမှာ ပြုပြင်ထိန်းသိမ်းသူ မရှိသောကြောင့် အလုံးစုံ ပျက်စီးလုနီးပါး ရှိနေခဲ့သည်။
ထိုအကြောင်းကို Kent အခြေစိုက် Jaguar ကားကျွမ်းကျင် သူတစ်ဦးက သိရှိကာ ကားအစုတ် ကို အလုံးစုံပြုပြင်၍ ပြန်လည်တည် ဆောက်လိုက်ခြင်းကြောင့် အမှိုက် ထဲမှရရှိသော တန်ဖိုးကြီးအရာ တစ်ခုလို ဖြစ်သွားခဲ့သည်။ အဆိုပါ Jaguar E-Type ကားမှာ စတင် ထုတ်လုပ်သည့် ၁၉၆၄ ခုနှစ်မှ နောက်ဆုံးထုတ်လုပ်သော ၁၉၆၈ ခုနှစ်အတွင်း အစီး ၅,၈၃ဝ သာ ထုတ်လုပ်ခဲ့ပြီး ရှားပါးတန်ဖိုးကြီး စာရင်းဝင် ကားတစ်စီးဖြစ်သည်။
အဆိုပါကားကို တွေ့ရှိခဲ့သူ Kent အခြေစိုက် Jaguar ကား အကြောင်း ကျွမ်းကျင်သူပညာရှင်က ပြန်လည်ပြုပြင်ကာ အသုံးပြုနိုင် သည့် ကားတစ်စီးအဖြစ် ဖန်တီး တည်ဆောက်လိုက်ချိန်တွင် တန် ဖိုးမှာ အဆမတန်မြင့်တက်သွား ခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်သည်တစ် စီးလုံး သံချေးများတက်ကာ အသုံး ပြု၍မရနိုင်သည့် ချုံပုတ်ထဲမှ ကားကို အသေးစိတ်ပြန်လည်မွမ်းမံကာ ပြန်လည် အသုံးပြုနိုင်ရန် တည် ဆောက်လိုက်ချိန်တွင် ကားတန်ဖိုး မှာ ပေါင်တစ်သိန်းကျော် အထိ မြင့်တက်သွားခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါ Jaguar E-Type ကား၏တန်ဖိုးမှာ ရှေးဟောင်းလက်ရာ တန်ဖိုးအရ ပေါင် ၁၂၅,ဝဝဝ အထိ တန်ကြေးရှိ နေပြီး ပြန်လည်ဝယ်ယူလိုသူ အ များအပြားရှိနေသည်ဟု dailymail သတင်းစာက ရေးသားသည်။
Ref: dailymail