ချင်းပြည်နယ် နတ်မတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ခြေလျင်တက်ရောက်နိုင်ရန် တောင်တက်ခရီးစဉ် လမ်းကြောင်းများ ဖော်ထုတ်နေ

83

 

ကန်ပက်လက်၊ ဒီဇင်ဘာ ၂၂
အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားဖုံးလွှမ်းတောင်ဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင်သို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ခြေလျင်တက်ရောက်နိုင်ရန် တောင်တက်ခရီးစဉ် လမ်း ကြောင်းများ ဖော်ထုတ်နေကြောင်း ကန်ပက်လက်မြို့ခံများထံမှ စုံစမ်း သိရသည်။

“နိုဝင်ဘာလကစပြီး ခြေ လျင်တောင်တက်ခရီးစဉ် လမ်း ကြောင်းတွေ ဖော်ထုတ်နေတယ်၊ လောလောဆယ် လမ်းကြောင်းသုံး ခုရှိတယ်လို့ သိရတယ်၊ နောက် ထပ်လည်း ထပ်မံဖော်ထုတ်သွားဖို့ ခရီးသွားအဖွဲ့တာဝန်ရှိသူတွေ စု ပေါင်း လုပ်ဆောင်နေကြတယ်” ဟုကန်ပက်လက်မြို့ခံတစ်ဦးဖြစ်သူ ကိုစတီဗင်ထန်းလိခ်က ပြောကြား သည်။

ဒေသခံများအခေါ် ခေါ်နူးစုမ် (ခ)ဝီတိုရိယတောင်(ခ)နတ်မ တောင်သည် ဒီဇင်ဘာလမှ ဧပြီလအထိ နှစ်စဉ်ပြည်တွင်း၊ ပြည်ပခရီး သွားဝင်ရောက်မှု အများဆုံးကာလဖြစ်သော်လည်း ယခုနှစ်တွင် Covid-19 ကပ်ရောဂါနှင့် ကြုံတွေ့ နေရသဖြင့် ယခုအချိန်အထိ လာရောက်လည်ပတ်သူ မရှိသလောက် ဖြစ်ကြောင်း၊ လာရောက်လည်ပတ် သူ မရှိသေးသော်လည်း Covid-19 ကပ်ရောဂါများ ငြိမ်သက်သွားချိန် တွင် ခရီးသွားများအတွက် ဆွဲ ဆောင်မှုရှိစေရန် ယခုကတည်းက ကြိုတင်၍ ခြေလျင်တောင်တက် ခရီးစဉ်များကို ဖော်ထုတ်နေရခြင်း ဖြစ်ကြောင်း ချင်းပြည်နယ်ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

လက်ရှိတွင် နတ်မတောင် ထိပ်သို့ ခြေလျင်တက်ရောက်နိုင်မည့် လမ်းကြောင်းသုံးခုရှိသည့်အနက် နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် ဆမီးလမ်းခွဲမှ တက်ရောက် နိုင်မည့် လမ်းကြောင်းသည် နှစ်မိုင်ဝန်းကျင်သာရှိပြီး အတိုဆုံးလမ်း ကြောင်းလည်းဖြစ်သည်။ ယခုအခါ Covid-19 ကပ်ရောဂါများ ငြိမ် သက်သွားသည့်ကာလတွင် ပြည် တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရာ၌ အဆင်သင့် ဖြစ်စေရန် နတ်မတောင်ထိပ်သို့ ခြေလျင်တောင်တက်လမ်းကြောင်းများ၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ နားနေရန် ကွပ်ပျစ်များ၊ သောက်သုံးရေရရှိရေး၊ အမှိုက်များ စနစ်တ ကျ စွန့်ပစ်ရန်နေရာ စသည်တို့ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here