ချင်းပြည်နယ်အတွင်း သြဂုတ်  ၁၅  ရက်မှစ၍  လိုင်စင်မဲ့ကားများ  ဖမ်းဆီးမည်

573

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည် နယ်ဟု သတ်မှတ်ခြင်းခံထားရသော ချင်းပြည်နယ်တွင် သြဂုတ် ၁၅ ရက်မှစ၍ လိုင်စင်မဲ့ကားများဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ကောင်စီမှ သိရသည်။

 

”ချင်းပြည်နယ်မှာ ယာဉ်မ တော်တဆဖြစ်တဲ့ ကားတွေ၊ ဆိုင် ကယ်တွေကို စစ်ဆေးလိုက်တဲ့အ ချိန်မှာ ယာဉ်လိုင်စင်ရော၊ ယာဉ် မောင်းလိုင်စင်ရော မရှိဘူးဖြစ်နေ ကြတယ်၊ ယာဉ်လိုင်စင်တို့၊ ယာဉ် မောင်းလိုင်စင်တို့ မရှိဘူးဆိုက တည်းက ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကို နားလည်နိုင်မှာ မ ဟုတ်ဘူး၊ ဒါကြောင့် အခုလို ချင်း ပြည်နယ်တစ်ခုလုံးဖမ်းဆီးဖို့ ပြည် နယ်အစိုးရကနေ ñွှန်ကြားတာပါ”ဟု ‘ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင် စီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ချင်း ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်သာ ယာရေး၊ လျှပ်စစ်နှင့် စစ်မှုလက်မှု ဝန်ကြီးဖြစ်သူ’ ဆလိုင်းအိုက်ဇက် ခင်က ပြောကြားသည်။

 

ချင်းပြည်နယ်အတွင်း လိုင်စင် မဲ့ကားများ ပပျောက်စေရေးစီမံချက် အနေဖြင့် ချင်းပြည်နယ်တစ်ခုလုံးရှိ ခရိုင်နှင့် မြို့နယ်အလိုက် နယ်မြေခံ ရဲ၊ ယာဉ်ထိန်းရဲ၊ ကညန၊ ပို့/ ဆက် စသော ဌာနဆိုင်ရာများ ပူး ပေါင်း၍ ရွေ့လျားစနစ်ဖြင့် ဖမ်းဆီး သွားမည်ဖြစ်ပြီး တွေ့ရှိပါက မော် တော်ယာဉ်ဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ-၈ ဖြင့် အမှုဖွင့်အရေးယူ သွားမည်ဖြစ်ကြောင်း အဆိုပါကောင် စီမှ ထပ်မံသိရသည်။

 

”လိုင်စင်မဲ့ကားတွေ ဖမ်းဆီး သွားမယ်ဆိုတဲ့အကြောင်း မြို့တွေ အလိုက် လူစည်ကားတဲ့နေရာ တွေမှာ သတိပေးစာတွေလိုက်ကပ် နေတယ်၊ လိုင်စင်မဲ့ကားတွေက ယာဉ်တိုက်မှုဖြစ်ရင် ထွက်ပြေးကြ တာများလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိအောင် ဖမ်းဆီးဖို့ ညွှန်ကြားရတာပါ၊ အဓိကကတော့ လိုင်စင်မဲ့ ကားရော၊ လိုင်စင်မဲ့ဆိုင်ကယ်ရော အကုန်ဖမ်းပါမယ်”ဟု ဝန်ကြီးက ထပ်မံဆိုသည်။

 

ချင်းပြည်နယ်သည် မြန်မာ နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဟု သတ်မှတ်ခြင်း ခံထားရသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အနေ အထားအရ ကားအစီးရေလည်း အလွန်နည်းပါး၍ ကလေးစက်မှု ဇုန်ထုတ် ဟိုင်မွန်လ်ဂျစ်ကားများနှင့် တရုတ် 125 R ဆိုင်ကယ်များသာ အားထားအသုံးပြုရသော ပြည် နယ်ဖြစ်သည်။

 

”ချင်းပြည်နယ်မှာ လိုင်စင်မဲ့ ကားဖမ်းမှာကို ကြိုဆိုပေမဲ့ လမ်း ပန်းဆက်သွယ်ရေးခက်ခဲလို့ တတ် နိုင်တဲ့ကားလေးတွေနဲ့ အသုံးပြုနေ ကြတာလေးတွေရှိတော့ အစိုးရက နည်းနည်း ဖြေလျှော့မှုတွေ လုပ် စေချင်တယ်၊ ဥပမာ မြဝတီနယ် စပ်ကနေသွင်းခဲ့တဲ့ Without ကား တစ်စီးဟာ သိန်းဆယ်ဂဏန်း လောက်ပဲရှိပြီး လိုင်စင်ပါတဲ့ ကား တစ်စီးဟာ သိန်းရာချီဖြစ်သွားတယ် ဆိုတာမဖြစ်သင့်ဘူး၊ အများတတ် နိုင်တဲ့ နှုန်းထားတစ်ခုနဲ့ဆိုရင် ဘယ်သူမှ Without ကားစီးမှာ မ ဟုတ်ဘူးလေ”ဟု ချင်းပြည်နယ်၊ တီးတိန်မြို့ခံတစ်ဦးဖြစ်သူ ကိုထား တွောင်က ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here