ချင့်ချင့်ချိန်ချိန် ယုံကြပါ

94

 

လိမ်တဲ့သူက လိမ်တယ်။ ယုံတဲ့သူက ယုံတယ်။ ယုံတဲ့သူက လိမ်တာ ကို မမိလို့ မဟုတ်ဘူး။ လိမ်မှန်း သိသိကြီးနဲ့ ယုံတာ။ ဝဋ်ကြွေးပါလာလို့ ပဲလားတော့ မသိဘူး။ အကြွင်းမဲ့ခြွင်းချက်မရှိ ပက်ပက်စက်စက်ကို ယုံ လိုက်တာ။
လိမ်သူနဲ့ ယုံသူဆိုတာ အခုမှဖြစ်လာတာ မဟုတ်ဘူ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိလာတာ။ အဲဒီတုန်းက လမ်းဘေးမျက်လှည့် ဝိုင်းတွေ ခေတ်စားတယ်။ စျေး၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ ကားမှတ်တိုင်၊ ဘူတာလို လူစည်ကားတဲ့နေရာတွေမှာ အများဆုံးရှိတယ်။
လမ်းဘေးမျက်လှည့်ဆိုတော့ ခမ်းခမ်းနားနား မလိုဘူး။ အာပေါင် အာရင်းသန်သန်နဲ့ တစ်ဖက်သားသဘောကျအောင် ပြောတတ်ဖို့ပဲ လိုတယ်။ များသောအားဖြင့် မျက်လှည့်ပြပွဲမှာ သုံးယောက်ပဲရှိတယ်။ အာဝဇ္ဇန်း ကောင်းကောင်း ပြောတတ်တဲ့သူ၊ ဘင်သံအာရွင်း(ဂျစ်ဂျစ်လို့ ခေါ်တယ်)တီးတတ်တဲ့သူ၊ လက်တိုလက်တောင်း ခိုင်းလို့ရတဲ့သူ အဲဒီသုံးယောက်ပဲ ရှိတယ်။
သူတို့အလုပ်က ပထမ လူစည်ကားမယ့်နေရာ (စျေးကွက်)ကို ရှာ တယ်။ နေရာရွေးပြီးတာနဲ့ ဘင်နဲ့ ဂျစ်ဂျစ်တီးတဲ့သူက ဆူဆူညံညံစတီး တယ်။ ကြည့်မယ့်ပရိသတ် ကြည့်အောင် အသံပေးခေါ်လိုက်တဲ့ သဘောပဲ။
အသံကြားလို့ ပရိသတ်တွေရောက်လာတော့ လေးဖက်လေးတန် စည်းသားလိုက်တယ်။ ကြည့်ချင်ရင် စည်းအပြင်ကကြည့်၊ စည်းထဲဝင်လာ လို့ ပြသနာတစ်ခုခုဖြစ်ရင် တာဝန်မယူဘူးဆိုတဲ့သဘောပဲ။ တချို့ဆို စည်းဝိုင်းထဲမှာ မျက်လှည့်ပြစရာ ပစ္စည်းတွေအပြင် ဧရာမမြွေကြီးတွေပါ ထားထားတယ်။ ကြည့်တဲ့သူ အသည်းယားစရာပဲ။
မျက်လှည့်အစီအစဉ်မစခင် အာဝဇ္ဇန်းကောင်းကောင်းနဲ့ လုပ်ငန်းစ တယ်။ ဘင်တီးတဲ့သူက ဘင်ကို ခပ်ပြင်းပြင်း တီးတယ်။ ပရိသတ်စိတ်ဝင် စားအောင်ပြောပြီး သာမန်အဆင့်လောက်ရှိတဲ့ ပြကွက်တွေနဲ့ မျက်လှည့် စပြတယ်။
မျက်လှည့်ပြရင် ပရိသတ်စိတ်ဝင်စားမယ့် အနေအထားလောက်မှာ ဘာဆေး၊ ညာဆေး၊ ဘယ်လောက်စွမ်းတယ်၊ ဘယ်လောက်တန်တယ်၊ ဘယ်လိုခက်ခက်ခဲခဲ ရှာဖွေထားရတာ၊ ထိုက်သူကို အလကားပေးမယ် ဆိုပြီး ထိုက်တဲ့သူကို ရွေးတော့တာပဲ။ လိုချင်တဲ့သူကို ထိုက်တန်လို့ရတာ။ အလကားပေးတယ်။ ဒါပေမဲ့ …စကားအစချီပြီး ဟိတ်လုံးဟန်လုံးတွေနဲ့ ပိုက်ဆံတောင်းတယ်။ ထိုက်လို့ရတာ။ ရခွင့်ရှိလို့ရတာကို မယူရင် ဘာညာ ဘာညာကျိန်စာတွေဆိုပြီး ခြောက်တယ်။ အဲဒီတော့ ထိုက်တဲ့သူဆိုသူက လူပုံကြားမှာ အရှက်မကွဲချင်လို့ လိမ်မှန်းသိလျက် အောင့်သက်သက်နဲ့ ယူလိုက်တယ်။ ယုံကြည်မိတာလည်း ပါပါတယ်။
လိမ်တဲ့သူက ကိုယ်ကျိုးမရှိရင် မလိမ်ဘူး။ တစ်ဖက်သားရဲ့ အား နည်းချက်ကို အခြေအနေကြည့်ပြီး လိမ်ကြတယ်။ ဒီဘက်ခေတ်မှာတော့ လိမ်တယ်ဆိုတဲ့စကားနေရာမှာ ကောလာဟလဆိုတဲ့ စကားနဲ့ အစားထိုး ပစ်လိုက်ပြီ။
မိမိအကျိုးစီးပွားအတွက် ကောလာဟလတွေ လွင့်တယ်။ ဒီရက် ထဲမှာ ဖြစ်နေတဲ့ ကောလာဟလတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကော လာဟလတွေပဲ။ ကမ္ဘာတစ်ဝန်းဖြစ်နေတာဆိုတော့ လူတွေ စိတ်ဝင်စား နေကြတယ်။ သက်ဆိုင်ရာက ဂရုတစိုက်စောင့်ကြည့်နေချိန်မှာ ကိုယ် ကျိုးစီးပွားရှာသူတွေက ကောလာဟလတွေ လွင့်တယ်။
အခြေအနေတစ်ခုပေါ်လာတာနဲ့ ချက်ချင်းပဲ မိုးပြိုတော့မလို ကော လာဟလတွေ လွင့်တော့တာပဲ။ ခုလည်း ကြည့်။ ကိုဗစ်-၁၉ ကို အကြောင်းပြပြီး ချက်ချင်းပဲ တိုင်းပြည်ပျက်တော့မလိုလို၊ စားနပ်ရိက္ခာ တွေပဲ ပြတ်ထွက်တော့မလိုလို ကောလာဟလတွေလွင့်ပြီး ပစ္စည်းတွေ၊ စားသောက်ကုန်တွေ စျေးတင်ရောင်းတော့တာပဲ။
အဝေးပြေးကားတွေကလည်း လမ်းကြောင်းတွေ ချက်ချင်းပဲရပ်ရ တော့မလိုလို အကြောင်းပြပြီး နေရပ်ပြန်မယ့် ကျောင်းသားတွေ၊ ပြည်သူ တွေအပေါ် ကိုယ်ချင်းစာစိတ် မထားတော့ဘူး။ ကားခတွေ ပိုတောင်း တယ်။
ပိတ်လိုက်တဲ့ ဘုရားပွဲတွေ၊ ပိတ်လိုက်တဲ့ သင်္ကြန်ပွဲတွေ၊ ပိတ်လိုက် တဲ့ ပျော်ပွဲရွင်ပွဲတွေပြောရင်း ခရီးသွားလုပ်ငန်း တော်တော်များများလည်း ထိခိုက်ကုန်တယ်။ ဒါကိုအခွင့်ကောင်းယူပြီး ကောလာဟလခြောက်လုံး၊ မြှောက်လုံးတွေနဲ့ ခရီးသည်တွေကို တစ်ဖက်လှည့်သွေးထိုးပြီး စီးပွားရှာ သူတွေလည်း ရှိနေပြန်တယ်။
ဘယ်သူမဆို ဘေးအန္တရာယ်ရှိတဲ့အချိန်မှာ ကိုယ့်မိသားစု၊ ကိုယ့် ဆွေမျိုးသားချင်းနဲ့ စည်းစည်းလုံးလုံး နေချင်ကြတယ်။ မြို့ကြီးပြကြီးမှာ အလုပ် လာလုပ်တဲ့သူတွေက ဒီအချိန်မှာ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြတယ်။
ခရီးသွားလုပ်ငန်း ကမောက်ကမဖြစ်နေတာကို အကြောင်းပြပြီး ကောလာဟလတွေနဲ့ ကိုယ်ကျိုးစီးပွား ရှာသူတွေရှိနေတယ်။ တောမီး လောင် တောကြောင်လက်ခမောင်းခတ်တဲ့ သဘောပဲ။
ပြောရရင် ဝူဟန်ဗိုင်းရပ်စ်ကို အကြောင်းပြပြီး ကောလာဟလ လွင့်ထုတ်နေတဲ့ မမှန်သတင်းတွေကို စိတ်မဝင်စားဘဲ နိုင်ငံတော်က အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးနေတဲ့ သတင်းတွေကို အာရုံစိုက်သင့် ကြောင်းနဲ့ ကိုယ်ကျိုးစီးပွားရှာ၊ စီးပွားရေးသမား၊ ကားသမားတွေကိုလည်း ကိုယ်ချင်းစာစိတ်မွေးပြီး လူသားအချင်းချင်း တူညီစိတ်တွေမွေးဖို့လိုအပ် ကြောင်း ရေးသားလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here