ခေါင်မိုးလုံးဝမပါဘဲ Rear Wheel Steering နည်းပညာသစ်ကို အသုံးပြုထားတဲ့ 2017 Lamborghini Centenario Roadster

1020

နာမည်ကျော် စူပါပြိုင်ကားကုမ္ပဏီကြီး Lamborghini ဟာ ကုမ္ပဏီတည်ထောင်သူ ဖခင်ကြီး Ferruccio Lamborghini ရဲ့ နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ်အတွက် ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ Centenario ပြိုင်ကားမိုဒယ်သစ်ကို ၂ဝ၁၆ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲမှာ ကတည်းက ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တော့ Centenario ရဲ့ အမိုးဖွင့်ပုံစံ Roadster ဗားရှင်း ထွက်ရှိလာခဲ့ပါတယ်။ Lamborghini အနေနဲ့ Centenario Roadster မိုဒယ်သစ်ကို Monterey Car Week မှာ ပွဲထုတ်ပြသနိုင်ဖို့အတွက် တစ်နှစ်ကျော်အချိန် ယူခဲ့ရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ Aventador ကိုအခြေခံပြီး Lambo ရဲ့ ပင်ကိုဟန်နဲ့ တီထွင်ဆန်း သစ်မှုတို့ကို အလိုက်ဖက်ဆုံးပေါင်းစပ်ထားတဲ့ Centenario မိုဒယ်မှာ Coupe ဗားရှင်းနဲ့ Roadster ဗားရှင်းတို့ဟာ ကားခေါင်မိုး ပုံစံကလွဲရင် ကြီးကြီးမားမား ကွဲ ပြားမှု နည်းပါးပါတယ်။ Centenario Roadster အမိုးဖွင့် ပြိုင်ကားလေးကို Coupe ဗားရှင်းလိုပဲ ကားအစီးရေနှစ်ဆယ်သာထုတ်လုပ်ခဲ့ပြီး အဲဒီအစီးနှစ်ဆယ်စလုံးကိုလည်း ကားပြပွဲကတည်းက ကြိုတင်ရောင်းချခဲ့ပြီးပါပြီ။ အမိုးဖွင့် ပြိုင်ကားစျေးကွက်မှာ Porsche 918 နဲ့ အဓိက ပြိုင်ဘက်တွေဖြစ်လာမယ့် 2017 Lamborghini Centenario Roadster ရဲ့ စျေးကို အမေရိကန်ဒေါ်လာ နှစ်သန်းနဲ့အထက် သတ်မှတ်ထားပြီး ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဝယ်သူတွေဆီ စတင်ပို့ဆောင်နိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

 

တံခါးနှစ်ပေါက်နဲ့ နှစ်ယောက်စီးအမိုးဖွင့်ပြိုင်ကား သစ်လေး Centenario Roadster ရဲ့ ကိုယ်ထည် ဒီဇိုင်းဟာ ခေါင်မိုးပုံစံကလွဲရင် သူ့နောင်တော် Coupe မိုဒယ်နဲ့ သိပ်မကွာခြားလှပါဘူး။ ကားရှေ့မျက်နှာစာဟာ အပြောင်းအလဲမရှိ လှပပြီး သိသာထင်ရှားတဲ့ ကားစက်ဖုံး လေစုပ်ပေါက်တွေကတော့ ကားကို မာန်ဖီနေတဲ့ ရုပ်ထွက်မျိုးနဲ့ ပိုပြီးခံ့ညားစေပါတယ်။ LED ကား ရှေ့မီးဒီဇိုင်းကလည်း Coupe ဗားရှင်းနဲ့ အတူတူပါပဲ။ ဒါ့ပြင် ကားရှေ့လေကာမှန်ကောက်ကြောင်းတွေလည်း ဆင်တူပါတယ်။ ကားဘေးဘက်မှာလည်း အပြောင်းအလဲ ကြီးကြီးမားမား မရှိလှပါဘူး။ ဒါပေမဲ့ ကားတံခါးပေါ်က ထင်ရှားပေါ်လွင်တဲ့ ခပ်ချွန်းချွန်းကိုယ်ထည်ကောက် ကြောင်းလိုင်းဟာ အရင်ထက် ပိုပြီး ဝန်းဝိုက်သယောင် ထင်ရတာဟာ ငွေရောင်ဆေးခြယ်ထားတဲ့ ကားကိုယ် ထည်အရောင်ကြောင့် အမြင်တစ်မျိုးပြောင်းသွားတာ ဖြစ်နိုင်ပါတယ်။ ကားအနောက်ဘက် လေစုပ်ပေါက်တွေနဲ့ ကားဘေးဘက်ကို လေစီးဆင်းမှု ကောင်းစေမယ့် Side Skirt တွေကလည်း ဆင်တူပေမဲ့ ကားတံခါးမှန် အနောက်နားမှာတော့ မဆိုစလောက်လေး အပြောင်းအလဲရှိပါတယ်။ အဲဒါကတော့ကားထိုင်ခုံနှစ်ခုံရဲ့ အနောက်က ငေါထွက်နေတဲ့ Roll Bar နှစ်ခုမှာ အရွယ် တော် လေစုပ်ပေါက်တစ်ခုစီ တပ်ဆင်ထားတာပါပဲ။ တခြားအပိုင်းတွေထက် Coupe နဲ့ ပိုဆင်တဲ့ ကားအနောက်ဘက်မှာ အနောက်မျက်နှာစာပုံစံ၊ ရှည်သွယ်တဲ့ လေပင့်အားထိန်းတောင်ပံနဲ့ ရှည်သွယ်လှပတဲ့ မြားပုံစံ ကားနောက်မီးတို့ကိုပဲ ဆက်လက်အသုံးပြုထားပါတယ်။ Coupe နဲ့ Roadster မိုဒယ်ကြားက အကွဲပြားဆုံး အချက်ကတော့ Roadster မိုဒယ်မှာ ကားခေါင်မိုး လုံးဝမပါဝင်တဲ့ အချက်ပါပဲ။ ခေါင်မိုးမပါတာကြောင့် ကားခေါင်မိုး ဧရိယာ တစ်ဝိုက်မှာ ဒီဇိုင်းအပြင်အဆင် အနည်းငယ် ပြောင်းလဲမှုရှိပါတယ်။ ကားရဲ့ အောက် ခံထည်ကိုရော ကားကိုယ်ထည်ခွံကိုပါ ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးတည်ဆောက်ထားပေမဲ့ Roadster ဗားရှင်းရဲ့ ကိုယ်ထည်အလေးချိန်ဟာ 3,461 ပေါင်ရှိတာကြောင့် Coupe မိုဒယ်ထက်စာရင် တော့ ပိုလေးပါတယ်။ ပထမဆုံးထုတ်လုပ်တဲ့ Centenario Roadster ကားတစ်စီးရဲ့ ကိုယ်ထည်ကို အထူးဖန်တီးထားတဲ့ Argento Centenario ခေါ် ငွေရောင်ခပ်ဖျော့ဖျော့ ဆေးခြယ်ထားပါ တယ်။ Centenario Roadster မှာ Coupe ဗားရှင်းလို မြင်းကောင် ရေ ၇၇ဝ အား 6.5 Liter V12 အင်ဂျင်ကိုပဲ တပ်ဆင်ပေးထားပြီး လေးဘီးယက်စနစ်နဲ့ မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၂၁၇ မိုင် နှုန်းဖြစ်ပြီး ၂ ဒသမ ၉ စက္ကန့်အတွင်းမှာ သုညမိုင် ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြင့်တင်နိုင်တာကြောင့် Coupe ဗားရှင်းထက် မဆိုစလောက်လေးပိုနှေးကွေးပါတယ်။ Centenario Roadster မှာ Lambo ရဲ့ Rear Wheel Steering နည်းပညာသစ်ကို အသုံးပြုထားပြီး အဲဒီစနစ်ဟာ ကားအရှိန်နှေးနေချိန်မှာတောင် စတီယာရင်အချိုးအကွေ့ သွက်လက်စေသလို အရှိန်နှုန်း မြင့်နေချိန်မှာလည်း ကားကိုပိုပြီး တည်ငြိမ်စွာ မောင်းနှင်အသုံးပြုနိုင်စေပါတယ်။ ကားအတွင်းခန်းမှာ Coupe လိုပဲ Alcantara နဲ့ ဆင်ယင်ထားတဲ့ကာဗွန်ဖိုင်ဘာသားထိုင်ခုံတွေကိုတွေ့မြင်နိုင်ပြီး ဝယ်သူအနေနဲ့အတွင်းခန်းမှာ တန်ဆာဆင်မယ့် ချုပ်ရိုးလိုင်းကိုတော့ စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။မောင်းနှင်မှုအတွေ့အကြုံကောင်းကိုရော အတွင်းခန်း ဇိမ်ကျမှုကိုပါ တစ်ပြိုင်တည်းရရှိနိုင်အောင် စီမံထားတဲ့ Centenario Roadster မှာ ကားအတွင်းခန်း ကနေကားနောက်ဖုံးဆီချောချောမွေ့မွေ့လေစီးဆင်းနိုင်အောင်တင်မကဘဲကားအတွင်းခန်းကိုလည်းလေတရကြမ်း ဝင်ရောက်မှု အနည်းဆုံးဖြစ်အောင်အထူး ဖန်တီးပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here