ခေတ်သစ်မော်တော်ယာဉ်လုံခြုံရေးနည်းပညာတွေထဲကတစ်ခုဖြစ်တဲ့ Blind Spot Monitor အကြောင်းတစေ့တစောင်း

1353

အခုခေတ်မှာ တိုးတက်ပေါ်ပေါက်လာတဲ့ မော်တော်ကားလုံခြုံရေးနည်းပညာတွေထဲမှာမှ အရေးပါအရာရောက်တဲ့ နည်းပညာတစ်ခုကတော့ Blind Spot Monitor ပဲ ဖြစ်ပါတယ်။ Blind Spot Monitor ဆိုတာ ကားအတွင်းမှာပါဝင်တဲ့ အာရုံခံကိရိယာတစ်ခုဖြစ်ပြီး ကားရဲ့ဘေးနဲ့ အနီးအနားမှာရှိနေတဲ့ တခြားယာဉ်တွေကို ကားမောင်းသူသိရှိစေအောင် အာရုံခံအသိပေးပါတယ်။ အဲဒီလိုအသိပေးတဲ့နေရာမှာ မြင်သာအောင် တင်မက အသံ၊ တုန်ခါမှု၊ ဒါမှမဟုတ် အထိအတွေ့တို့နဲ့ သတိပေးနိုင်ပါတယ်။ ဒါပေမဲ့ Blind Spot Monitor တွေဟာ ကားရဲ့ ဘေးနှစ်ဖက်နဲ့ အနောက်ဘက်ကို စောင့်ကြပ်ကြည့်ရှုတာထက်ပိုတဲ့ ရွေးချယ်စရာ Option တစ်ခု ဖြစ်ပါ တယ်။ Blind Spot Monitor မှာ ကားပါကင်ထိုးတဲ့အခါ ယာဉ်တစ်စီးစီး အနားကပ်လာချိန်မှာ ကားမောင်းသူကို အချက်ပြပေးမယ့် Cross Traffic Alert လို နည်းပညာမျိုးလည်း ပါဝင်တတ်ပါတယ်။

Blind Spot နည်းစနစ်ကို George Platzer ဆိုသူက ၁၉၉၅ ခုနှစ်က မော်တော်ယာဉ်အင်ဂျင်နီယာများအသင်း(Society of Automotive Engineers) စာတမ်းဖတ်ပွဲမှာ ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ကားဘေးဘက်နဲ့ အနီးကပ်နေရာက အရာဝတ္ထုတွေကို မြင်သာနိုင်မယ့် ပြဿနာကိုဖြေရှင်းဖို့အတွက် စျေးကြီးတဲ့ နည်းပညာဆိုင်ရာဖြေရှင်းချက်တွေအစား ကားမောင်းသူကိုယ်တိုင် မမြင်ကွယ်ရာက အရာတွေကို ချင့်ချိန်မှန်းဆတွက်ချက်ရတာဟာ စျေးမကြီးတာကြောင့် ကားမောင်းသူတွေအနေနဲ့ ကားဘေးဘက်နောက်ကြည့်မှန်ကိုပဲ ပုံမှန်အတိုင်း အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Platzer ဟာ သူ့ရဲ့ Blind Spot Monitor အတွက် မူပိုင်ခွင့်ရရှိခဲ့ပြီး Ford Motor Company နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ Blind Zone Mirror ကိုလည်း ဒီပြဿနာအတွက် သင့်လျော်ညီညွတ်ပြီး စျေးမကြီးတဲ့ ဖြေရှင်းချက်တစ်ခုအဖြစ် သိကြပါတယ်။

အခုနောက်ပိုင်းမှာ Blind Spot Monitor တင်မကဘဲ သူနဲ့ဆက်စပ်ပတ်သက်တဲ့ ထပ်တိုးနည်းပညာတွေလည်း အများအပြား ပေါ်ပေါက်လာ ပါတယ်။ BLIS လို့သိကြတဲ့ Blind Spot Information System ဟာ Volvo ကားကုမ္ပဏီကနေ ဖန်တီးလိုက်တဲ့ မော်တော်ယာဉ် ကာကွယ်ရေးနည်းစနစ်တစ်ခု ဖြစ်ပါတယ်။ Volvo ရဲ့ အရင်က မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Ford ဟာ အဲဒီစနစ်ကို Ford ၊ Lincoln နဲ့ Mercury အမှတ်တံဆိပ်တို့အတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီစနစ်ကို အသစ်မွမ်းမံထားတဲ့ ၂ဝဝ၇ မိုဒယ် Volvo S80 ဆီဒန်ကားမှာ ပထမဆုံးအနေနဲ့ မိတ်ဆက်အသုံးပြုခဲ့ပါတယ်။ Mazda ကတော့ BSM လို့ အတိုကောက် ခေါ်ဝေါ်တဲ့ Blind Spot Monitoring ကို အသုံးပြုခဲ့တဲ့ ပထမဆုံးဂျပန်ကားကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီစနစ်ကို ၂ဝဝ၈ မိုဒယ် Mazda CX-9 Grand Touring ကားမှာ ပထမဆုံး ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here