ခေတ်ပေါ် မော်တော်ယာဉ်နည်းပညာများ

134

(၂၁) ရာစုတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု များသည် လျင်မြန်လွန်းသည်။ ပညာရပ်နယ်ပယ် ကဏ္ဍစုံတွင် သုတေသနနှင့် ဖွံ့ဖြိုးရေး (Research & Development)လုပ်ငန်းများတိုးမြင့်လုပ်ဆောင်လာမှုကြောင့် တီထွင်မှု ပေါင်းများစွာပေါ်ထွန်းလာခဲ့သည်။ ဈေးကွက်ဝေစုပိုမိုရရှိရေးအတွက် စားသုံးသူ Customers များကိုနည်းပညာမြင့်မားသောကုန်ပစ္စည်းအသစ်များဖြင့် ဆွဲဆောင်လာရသည်။
ယနေ့ခေတ် မော်တော်ယာဉ်များသည် နောက်ဆုံးပေါ် Cutting Edge Technology များစွာဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည်။ ခေတ် အမီဆုံး၊ အကောင်းဆုံး Cutting Edge အဆင့်မြင့် နည်းပညာများဖြင့် ဖန်တီးထုတ်လုပ်ထားသောကားမျိုးစုံကိုလက်တွေ့စမ်းသပ်ခွင့်၊ စီးခွင့်ရရှိနေပါပြီ။


Cutting Edge Technology ဆိုသည် မှာအဘယ်နည်း
“Your” Dictionary တွင် Cutting Edge ကိုအဓိပ္ပာယ်ကိုဖွင့်ဆိုထားပုံမှာ- “The Defination of cutting edge is someone on something that is the latest and newest”.
WEBSTER’S NEW WORLD Dictionaryတွင် ဖော်ပြထားပုံမှာ-
– The leading or most important position; forefront.
– The most advanced or innovative position
AMERICAN HERITAGE Dictionaryတွင် ရှင်းလင်းဖော်ပြထားသည်မှာ-
1. An effective quality or element
2. The position of greatest advanced or importance; the forefront
Cutting Edge Technology ဆိုတာဝေါယာရကို မြန်မာဆန်ဆန် ဆိုရလျှင် ခေတ်ရှေ့ပြေးဦးဆောင် နေသောအဆင့်မြင့်နည်းပညာအကြံအစည် စိတ်ကူးစိတ်သန်းများ၊ ဆန်းသစ်သော၊ အလွန်အရေးပါသောတိုးတက် အောင်မြင်မှုများဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသောနောက်ဆုံးပေါ် အဆင့်မြင့် စက်မှုနည်းပညာရပ်များကိုခေါ်ဆိုသတ်မှတ်ခြင်းဖြစ်ပါသည်။
Cutting Edge နည်းပညာအထွန်းကားဆုံးပညာရပ် နယ်ပယ်များမှာIT နှင့် Computer နယ်ပယ်၊ Mobile ဖုန်းဆက်သွယ်ရေးနည်းပညာနယ်ပယ်၊ မော်တော်ယာဉ် နည်းပညာ (Automotive Technology)၊ဆေးပညာ၊ အာကာသနည်းပညာ၊ လေကြောင်းသိပ္ပံပညာ၊ ရေကြောင်းသိပ္ပံပညာ၊ စက်ရုပ်နည်းပညာနယ်ပယ်များဖြစ် သည်။
1.Rear-mounted Radar
မော်တော်ယာဉ်များနောက်ဆုတ်ပါကင် ထိုးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် ရေဒါတပ်ဆင် လာ ကြသည်။ ရေဒါနည်းပညာဖြင့် မော်တော်ယာဉ်၏ နောက် ပိုင်းတွင် ဖုံးကွယ်နေသောအရာဝတ္ထုများ၊ ကားများ၊ လူများ၊ သစ်ပင်နှင့် နံရံများကိုယာဉ်မောင်းသူက Back ဂီယာထိုးလိုက်သည်နှင့် မော်နီတာတွင် မြင်တွေ့နေရသည်။ ယခင်ကကားနောက်ဆုတ်လျှင် နောက်ကြည့်မှန် ကြည့်ရသည်။ ယနေ့တိုးတက်လာသောနည်းပညာများကြောင့် ကား၏ နောက်ပိုင်းကို မြင်တွေ့နိုင်သည်။
Radar Technology ရေဒါ နည်းပညာကိုအသုံး ပြု၍ Chrysterကားကုမ္ပဏီသည် လမ်းဆုံလမ်းခွ ယာဉ် ကြောဆုံရာတွင် အန္တရာယ်ကို ကြိုတင် ထောက်လှမ်းသိရှိနိုင်ရန် “Cross Path Detection System” ကိုတီထွင် အသုံးချနိုင်ခဲ့သည်။ အမေရိကန် Ford ကလည်း ၎င်း စနစ်မျိုးကို “Cross Traffic Alert” ဟုအမည် တစ်မျိုးသတ်မှတ်၍ အန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေးအတွက် ဆန်းသစ်တီထွင်ခဲ့သည်။
2.Night Vision System
Night Vision စနစ်သည် ညအချိန် အလင်းရောင်အားနည်းသောလမ်းပေါ်တွင် အန္တရာယ်ကင်းရှင်းစွာကားမောင်းနိုင်ရေးအတွက် အထောက်အကူပြုပေးသောကိရိယာဖြစ်သည်။ ရာသီဥတုဆိုးဝါးနေသောအခြေအနေတွင် ယာဉ်မောင်းတစ်ဦးသည် ရှေ့မီးကြီးအလင်းရောင်တစ်ခုတည်းဖြင့် လမ်းပေါ်မှ အရာဝတ္ထုများကိုသဲသဲကွဲကွဲ ထင်ထင်ရှားရှားမြင်တွေ့နိုင်ရန် ခက်ခဲသည်။ Night Vision System သည် သာမန်မျက်စိဖြင့် မမြင်နိုင်သောအထောက်အကူပြုပေးသည်။ Cadillac, Mercedes-Benz နှင့် BMW ကားများတွင် Night Vision System ကိုတွေ့ရှိနိုင်သည်။
3.Parental Control(မိဘလူကြီးများကထိန်းချုပ်ခြင်း)
မိဘလူကြီးများသည် ဆယ်ကျော်သက် သားသမီးများမောင်းနှင်ပေးသောကားကိုစီးရလျှင် High speed အမြန်မောင်းခြင်း၊ ခေတ်ပေါ်တေးသီချင်းများကိုနားမခံသာအောင် ကျယ်လောင်ဆူညံစွာဖွင့်ခြင်းတို့ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်။
ထိုအဖြစ်အပျက်များကိုလူကြီးများထိန်းချုပ်နိုင် ရန် Ford ကုမ္ပဏီက Mykey System ကိုတီထွင်ခဲ့သည်။ သတ်မှတ် အမြန်နှုန်းထက်ပို၍ မောင်းမရနိုင်အောင် Mykey ဖြင့် ထိန်းချုပ်နိုင်သည်။ စပီကာများမှ ကျယ် လောင်စွာပေါ်ထွက်လာသောသီချင်းဂီတသံများကိုမိမိအလိုရှိရာအသံတိုးစေနိုင်သည်။
4.GPS Vehicles Tracking
ဂြိုလ်တုဆက်သွယ်ရေးသုံး GPS စနစ်ဖြင့် ကားတစ်စီး၏ တည်နေရာနှင့် ရွေ့လျားနေသောလမ်းကြောင်းခြေရာခံကောက်နိုင်သောစနစ်ဖြစ်သည်။ မြေပုံဆော့ဖ်ဝဲလ်ပါရှိ၍ မိမိသွားလိုသော၊ ရှာဖွေလိုသောနေရာကိုလမ်းညွန်ပေးနိုင်သည်။ မော်တော်ယာဉ်အုပ်စုထိန်း ချုပ်ရေးစနစ်အတွက်လည်း GPS Tracking ကိုအသုံး ပြုနိုင်သည်။
5. Lane-departure warning (လမ်းကြောင်းလွဲချော် မှု သတိပေးစနစ်)
ရှစ်လမ်းသွား၊ ဆယ်လမ်းသွားလမ်းမကြီးများသည် ယာဉ်လမ်းကြောင်း (Lane) များကိုမျဉ်းဖြူဆွဲ၍ မှတ်သားပေးထားသည်။ မော်တော်ယာဉ်တိုင်းသည် မိမိယာဉ်ကြောအတွင်း၌သာမောင်းမှ အန္တရာယ်ကင်းသည်။ ယာဉ်ကြောပြောင်းမည်ဆိုလျှင် ယာဉ်ကြောရှင်းလင်းမှ အချက်ပြပြီးယာဉ်ကြောပြောင်းရမည်။ Lane-departure Warning စနစ်သည် လေဆာအာရုံခံစနစ်၊ ကင်မရာစနစ်များကိုသုံး၍ ယာဉ်ကြောလွဲချော်မှု ဖြစ်သည်နှင့် ယာဉ်မောင်းသူသတိပြုမိစေရန် အသံဖြင့် သတိပေးသည်။ တချို့စနစ်များတွင် စတီယာရင်တုန်ခါ၍ သတိပေးနိုင်သည်။

6.Adaptive Headlights
ယခင် ခေတ်ဟောင်းကားများတွင် ရှေ့မီးကြီးများသည် ရှေ့တည့်တည့်ကိုသာထိုးပြပေးနိုင်သည်။ ကားချိုးကွေ့ရာဘက်သို့ အလိုက်သင့် မီးမထိုးပေးနိုင်ပါ။ Adaptive Headlight စနစ်သည် ယာဉ်မောင်းအန္တရာယ် ကင်းစွာမောင်းနိုင်ရေးအတွက် စတီယာရင်ချိုးကွေ့ သောဘက်သို့ မီးမောင်းအလင်းရောင်တန်းကိုအလိုက် အသင့်ချိုးလှည့်ပေးနိုင်သောစနစ်ဖြစ်သည်။
ညအချိန် လမ်းမီးမရှိသောနေရာများတွင် ယာဉ် မောင်းသည် မီးကြီးအလင်းရောင် တစ်ခုတည်းကိုသာအားထား၍ ကြည့်ရှုမောင်းနှင်ရသည်။ လမ်းအချိုးအကွေ့များတွင် မီးမှောင်နေစဉ် အတားအဆီးအန္တရာယ် ရှိသောအရာကိုယာဉ်မောင်းသူကမမြင်ရပါ။ ယခင် ကားများတွင် မီးကြီးကအလိုက်သင့်ကစားမပေးနိုင်၍ ကားကွေ့လိုက်လျှင် အန္တရာယ်နှင့် ပက်ပင်းတိုးနိုင်ပါ သည်။ Adaptive Headlight သည် စတီယာရင်ချိုးသည့်အတိုင်းလိုက်ပါချိုးကွေ့၍ မီးထိုးပြနိုင်သောကြောင့် ယာဉ်မောင်းသူကိုကူညီရာရောက်ပါသည်။
အမှောင်ထုကိုအာရုံခံပြီးအလိုအလျောက်ကမီးထွန်းပေးတဲ့ စနစ် (Dusk-Sensing Head Light) ကိုတော့ တန်ဖိုးကြီးဇိမ်ခံကားကောင်းတွေမှာဘဲတပ်ဆင်ပါတယ်။ တောင်စွန်းနေရာတွမှာ၊ အန္တရာယ်ရှင်း/မရှင်း မြင်တွေ့နိုင်အောင် Cornering Lightစနစ်ကလည်းညအချိန်ကားပါကင်ထိုးတဲ့ အခြေအနေမျိုးမှာ၊ အ ထောက်အကူပြုပေးပါတယ်။

7. Traffic Signs Recognition Technology
Highway အမြန်လမ်းတွင် ယာဉ် မောင်းသူအများစုသည် ကန့်သတ်အမြန်နှုန်း (Speed) ထက်ကျော်လွန်ပြီးမောင်းနေကြသဖြင့် ယာဉ်မတော် တဆမှုများပိုမိုဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတ် မှတ်အမြန်နှုန်းထက် ကျော်လွန်၍ မောင်းတတ်သောယာဉ်မောင်းများကိုသတိပေးရန်နှင့် ကန့်သတ်ထားသော Speed ထက် ကျော်လွန်ပါကအလိုအလောျက် အရှိန်လျော့ကျသွားစေသောနည်းပညာတစ်မျီုးကိုကားထုတ်လုပ်သူကုမ္ပဏီများကဆန်းသစ်တီထွင်တပ်ဆင်ခဲ့ ကြသည်။ ထိုနည်းပညာမှာTraffic Signs Recognition Technology ဖြစ်သည်။ Traffic Signs Recognition စနစ်သည် အဆင်မြင့် ယာဉ်မောင်းအထောက်အကူပြု စနစ်တစ်ခုဖြစ်သော Adaptive Cruise Control နည်းပညာနှင့် ပေါင်းစပ်တည်ဆောက်ထားသောနည်းပညာ ဖြစ်သည်။
TSR စနစ်တွင် တပ်ဆင်ထားသောMulti Function Mono Camera ကင်မရာနှင့် 3D ပုံရိပ်ကိုဖမ်းယူနိုင်သောMulti Function Stereo Camera များကလမ်းညွှန် Traffic Signs များနှင့် လူကူးမျဉ်းကျားမှ ခြေကျင်ဖြတ်လျှောက်သူများ၏ ပုံရိပ်များကိုဖမ်းယူနိုင် သည်။
ထိုကင်မရာများနှင့် Recognition Software ကိုဆက်သွယ်ထား၍ Traffic Signs များနှင့် ခြေကျင်လျှောက်လမ်းဖြတ်ကူးသူများ၏ ထူးခြားမှု လက္ခဏာကိုခွဲခြားမှတ်သားနိုင်သည်။ Traffic Signs တွင် ကန့်သတ် တားမြစ်ထားသော Limit Speed ကိုယာဉ်မောင်းသူ မြင်သာစေရန် Head-up Displayစနစ်ဖြင့် ဖော်ပြပြီးမော်တော်ယာဉ် မောင်းနှင်နေသော Speed နှင့် နှိုင်းယှဉ် ကြည့်ရှုနိုင်သည်။ HUD စနစ်မပါသောကားများတွင် ဒတ်ချ်ဘုတ် Instrument Panel ၌ Limit Speed နှင့် ကားသွားနေသော Speed ကိုဖော်ပြသည်။ ယာဉ် မောင်းသူနေဖြင့် လမ်းဘေးတွင် စိုက်ထူထားသော Traffic Sign ကိုအာရုံစိုက်လှမ်းကြည့်ခြင်းထက် TSR စနစ်ကဖော်ပြပေးသောပုံရိပ်များကို ကြည့်ရှုခြင်းကပိုမိုလွယ်ကူသည်။
8.In Car Internet
ယနေ့ ခေတ်ပေါ်ကားများတွင် ကားများတွင် ကားဖြင့် ခရီးသွားနေရင်းကားပေါ်တွင် Internet သုံးစွဲ နိုင်ပါပြီ။ Wi-Fi Internet Device ပစ္စည်းကိရိယာများတပ်ဆင်ပြီး 3G Network ဖြင့် အသုံးပြုနိုင်သည်။ Autonet Mobile စနစ်သည် အနာဂတ်တွင် ခရီးသွားရင်း Internet သုံးစွဲနိုင်တော့မည့် အခွင့်အရေးကိုအခြားမော် ဒယ်လ်နိမ့်ကားများတွင်ပါ သုံးစွဲနိုင်ပါတော့မည်။ ၎င်းစနစ် သည် လစဉ်ဝန်ဆောင်ခပေးဆောင်ရသောAutonetMboileစနစ်ဖြစ်သည်။
ဆက်သွယ်ရေးဝန်ဆောင်မှု စနစ်များ မြန်မာနိုင်ငံတွင် များမကြာမီတိုးတက်လာတော့မည်။ သတင်းအချက်အလက်နှင့် နည်းပညာ IT ခေတ်တွင် အဆင့်မြင့် ကားကောင်းများကိုစီးရင်းကမ္ဘာကြီးနှင့် အဆက်အသွယ် မပြတ် အလုပ်လုပ်နိုင်ပါတော့မည်။
မင်သစ်ထူး(စက်မှုသနည်းပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here