ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်လာနိုင်ရန် Myanmar Tourism Strategic Recovery Roadmap (2021-2025) ရေးဆွဲပြီးဟုဆို

92

 

မန္တလေး၊ နိုဝင်ဘာ ၂၉

Covid-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသော မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်လာနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မူလအခြေအနေ ပြန်ရောက်ရန် Myanmar Tourism Strategic Recovery (2021-2025) ကို ရေးဆွဲပြီးပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Stakeholder များအား ချပြပြီး Roadmap နှင့် Align ဖြစ်သည့် မိမိဒေသလိုအပ်ချက်နှင့်ကိုက်ညီသော Regional Tourism Master Plan (RTMP) ကို ဆွေးနွေးအတည်ပြုရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများအနေဖြင့်လည်း ဒေသခံ Stakeholder များနှင့် ညှိနှိုင်း၍ Regional Tourism Master Plan မူကြမ်း စတင်ရေးဆွဲရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းတို့ကလည်း ပါဝင်ကူညီဆောင်ရွက်ပေးရန်နှင့် Forum များတွင် ပါဝင်ဆွေးနွေးအတည်ပြုပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ တာဝန်ရှိသူများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၌ Stay at Home စတင်ချိန်မှစ၍ ခရီးသွားလုပ်ငန်းသည်လည်း လုံးဝရပ်တန့်သွားခဲ့ကာ ယင်းလုပ်ငန်းများအပေါ်ထိခိုက်မှုများအား ကုစားပေးနိုင်ရန် Myanmar Tourism Rescue Plan ကို Survival, Reopening နှင့် Relaunching အဆင့်သုံးဆင့် ချမှတ်ဆောင်ရွက်ခဲ့ကာ Tourism National Guidelines for Covid-19 Safe Services Beta Version VI ကိုလည်း အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

Covid-19 အလွန်ကာလ၌ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသအဖြစ် ယုံကြည်လက်ခံလာစေရန် Enchanting Myanmar Health and Safety Protocols for Safe Tourism Myanmar ကိုလည်း ရေးဆွဲပြီးဖြစ်ကာ Protocol နှင့်အညီ လုပ်ဆောင်နိုင်ရန် သင်တန်းပေးမည့် Trainer များ၊ Protocol နှင့် ညီမညီ စစ်ဆေးမည့် Inspector များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းလေ့ကျင့်၍ လက်မှတ်များထုတ်ပေးသွားရန်လည်း စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here