ခရီးသွားကဏ္ဍမှလုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိသည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်

187

 

မန္တလေး၊ ဇန်နဝါရီ
COVID-19 ကပ်ရောဂါကြောင့် ခရီးသွားကဏ္ဍများစွာ ထိခိုက်ခဲ့ရသော မြန်မာနိုင်ငံတွင် COVID-19 အလွန်ကာလ၌ ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်နေပြီဖြစ်ပြီး မကြာမီခရီးသွားကဏ္ဍမှ လုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိသည့်ဝန် ဆောင်မှုလုပ်ငန်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ထုတ်ပေးမည့် လုပ်ငန်းများတွင် ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာလုပ်ငန်း များ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်မှုလုပ်ငန်းများ၊အမှတ်တရပစ္စည်းအရောင်းဆိုင်များ စသည့် လုပ်ငန်းအမျိုးအစားခုနစ်ခု ပါဝင်ပြီး ထိုသို့ လက်မှတ်ထုတ်ပေး နိုင်ရန် ကျန်းမာရေးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားကဏ္ဍအသီးသီးမှ အသင်းအဖွဲ့များ စသည်တို့ပူးပေါင်း၍ မကြာမီ စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအဖွဲ့ များမှစစ်ဆေးပြီး ဘေးအန္တရာယ် ကင်းရှင်းမှု သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပါက Regional အဆင့် Certificate များထုတ်ပေး သွားမည်ဖြစ်ကာ ယင်းလက်မှတ် ရရှိထားကြောင်း Website တွင် စာရင်းပေးသွင်းပြီးပါက National အဆင့် Certificate များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး ထိုသို့ ထုတ်ပေးနိုင်ရန်အတွက် လည်း မြေပြင်ကွင်းဆင်းစစ်ဆေးမှု များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ကျန်းမာရေးဆိုင်ရာ ဘေး ကင်းလုံခြုံမှုရှိသည့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းအား ဖြင့် COVID-19 အလွန်ကာလ၌ ခရီးသွားများ စတင်လာရောက် လည်ပတ်ချိန်တွင် များစွာအထောက် အပံ့ရစေမည်ဖြစ်ပြီး ခရီးသွားကဏ္ဍလည်း ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here