ခရီးဝေးသွားလာနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံးကား

461

ကားတွေဆီက ထုတ်လွတ်နေတဲ့မီးခိုးတွေက သဘာဝပတ်ဝန်းကျင်ညစ် ညမ်းမှုကိုဖြစ်ပေါ်စေသလို ကျန်းမာရေးအတွက်လည်း ရေရှည်မှာထိခိုက် နိုင်တာကြောင့် ကားကုမ္ပဏီကြီးတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ထုတ်လွတ်မှု အနည်းဆုံးဖြစ်စေဖို့ ကြိုးစားနေသလို ဓာတ်ငွေ့ထုတ်လွတ်မှု လုံးဝမရှိတဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ လျှပ်စစ် ကားထုတ်လုပ်မှုက တန်ဖိုးကြီးသလို ဓာတ်အားဖြည့်သွင်းဖို့ အခြေခံအ ဆောက်အအုံတွေ တည်ဆောက်ဖို့ကလည်း ထင်ထားသလောက် မလွယ် ကူတာကြောင့် ကားလမ်းမတွေထက်မှာ လျှပ်စစ်ကားတွေမြင်တွေ့ရတာ နည်းနေပါသေးတယ်။ အဲဒီလို စွမ်းအင်ရဖို့ကြိုးစားကြရာမှာ နေရောင်ခြည် ကနေရရှိတဲ့ ဆိုလာစွမ်းအင်ကလည်း အဓိကကျတဲ့ နေရာတစ်ခုကနေ ပါဝင်လာတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ကားလောကမှာဆိုရင်လည်း ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး ကားကို တီထွင်ခဲ့တာက General Motors ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ Willian G.Cobb ဆိုသူဖြစ်ပြီး ၁၉၅၅ ခုနှစ်က ရှီကာဂိုမြို့မှာပြုလုပ်တဲ့ Powerama Convention မှာပြသခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နေရောင်ခြည် စွမ်းအင်သုံးကားလေးက သေးငယ်ပြီး ၁၅ လက်မပဲရှိတာကြောင့် ကလေးကစားစရာ အရုပ်ကားလေးလိုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စွန့်ဦးတီထွင်သူတွေဟာ ဆိုလာစွမ်းအင်သုံးကားတွေကို တီထွင်ဖန်တီးခဲ့ပေမဲ့ လည်း ခရီးအကွာအဝေး နည်းနည်းလောက်ပဲ မောင်းနိုင်တာကြောင့် အောင်မြင်မှုမရဘဲ လူကြိုက်နည်းခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်မှာတော့ နယ်သာလန်အခြေစိုက် Lightyear ကားကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ခရီးအကွာအဝေး အများဆုံး မောင်းနှင်နိုင်မယ့် ပထမဆုံး ဆိုလာစွမ်းအင်သုံးကားကို မိတ်ဆက်ပြသခဲ့ပါ တယ်။ Lightyear One လို့ အမည်ပေးထားတဲ့ အဲဒီကားကို ကား ခေါင်မိုးနဲ့ ဘောနတ်မှာ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်ပေးမဲ့ ဆိုလာပြား ငယ်လေးတွေ တပ်ဆင်ထားပြီး နေရောင်ခြည်အပြည့် အားသွင်းထားရင် သေးငယ်တဲ့ ဘက်ထရီလေးတွေကနေ မိုင် ၄၅ဝ အထိ မောင်းနှင်နိုင်တဲ့ စွမ်းအင်ကိုထုတ်ပေးပါတယ်။ ကားခေါင်မိုးနဲ့ ဘောနတ်မှာတပ်ဆင်ထားတဲ့ ဆိုလာပြားတွေရဲ့ ပမာဏက Five Square Metres ရှိပြီး တစ်နှစ်တာ အတွင်း ကီလိုမီတာ နှစ်သောင်း(၁၂,၄ဝဝ မိုင်)အထိ မောင်းနှင်နိုင်ပါတယ်။

လူငါးယောက် စီးနင်းနိုင်တဲ့ Lightyear One ရဲ့ ကားအတွင်းပိုင်း အပြင်အဆင်က ရိုးရှင်းပြီး ဒက်ရှ်ဘုတ်မှာ iPad တစ်လုံးရဲ့မျက်နှာပြင် အရွယ်အစားရှိတဲ့ Touch Screen တစ်ခုနဲ့ နေရောင်ခြည်စွမ်းအင် ဘယ်လောက် ပမာဏရှိတယ်ဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။ ဒါ့ပြင် Apple CarPlay ၊ Android Auto စတာတွေလည်း လုပ်ဆောင်နိုင်ပါ တယ်။ Lightyear ကုမ္ပဏီကို ၂ဝ၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆိုလာပြားတွေတပ်ထားတဲ့ ကားခေါင်မိုးနဲ့ဘောနတ်ပေါ် လူကြီးတစ်ယောက် နင်းလှေျာက်သွားရင်တောင် ပိန်ချိုင့်မသွားဘူးလို့ အာမခံထားပါတယ်။ ဒီကားရဲ့အနောက်ဘက်မှာ လျှပ်စစ်စွမ်းအင်ဖြည့်သွင်း နိုင်တဲ့နေရာပါဝင်ပြီး နေရောင်ခြည်စွမ်းအင် နည်းပါးနေပြီဆိုရင် လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်နိုင်ပါတယ်။

Lightyear One ကားတစ်စီးကို ပေါင် ၁၃၄,ဝဝဝ နဲ့ရောင်းချသွား မှာဖြစ်ပြီး အစီးရေငါးရာပဲ ကန့်သတ်ထုတ်လုပ်သွားမှာပါ။ လက်ရှိမှာ အစီးရေတစ်ရာအတွက် အမှာစာတွေလက်ခံရရှိထားပြီး ၂ဝ၂၁ ခုနှစ်မှာ ဝယ်သူသူတွေဆီ ကားကို ပေးအပ်သွားမှာြဖစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here