ကျွန်တော် တစ်ဦးတည်းအမြင်အရ ပြောရရင် အခွန်နှုန်းထားကို ဒီအချိန်မှာ တိုးမြှင့်ဖို့မလုပ်သင့်ပါဘူး

260

 

လက်ရှိမော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအရ ဘယ်မောင်းကားတစ်မျိုးတည်း တင်သွင်းခွင့်ရလို့ အမေရိက၊ ဒူဘိုင်းနဲ့ ကိုရီယားက ကားတွေကို သွင်းရောင်းလာကြတာ တွေ့ရပါတယ်။ SKD နဲ့ အသစ်ဝင်ရောက်လာတဲ့ Brand တွေကို ကိုယ်စားလှယ်ယူပြီး ရောင်းလာကြပါတယ်။ ကားစျေးကွက်မှာ မူဝါဒအပြောင်းအလဲနဲ့ အခွန်နှုန်းထားအပြောင်းအလဲတွေက ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး Perfect AutoBiz Myanmar မှ မန်နေဂျင်းဒါရိုက်တာ ကိုပြည့်စုံဝင်းသိန်းနဲ့ တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

Automobile: Perfect AutoBiz Myanmar ကနေတစ်ဆင့် တင်သွင်း လို့ရတဲ့ ကားအမျိုးအစားတွေနဲ့ ဝယ်ယူလို့ရတဲ့ ကား အမျိုးအစားတွေ ပြောပြပေးပါ …
Ko PSWT : Perfect AutoBiz Myanmar ကတစ်ဆင့် ဥရောပ၊ အမေရိက၊ ကိုရီးယားနဲ့ ဒူဘိုင်းကနေ CBU နဲ့ Lexus NX ၊ RX ၊ Ford ၊ GMC Terrain ၊ Mitsubishi Eclipse Cross ၊ Malibu ၊ Honda Civic ၂ဝ၁၈၊၂ဝ၁၉ ပုံပြောင်းတွေနဲ့ တခြားအမြင့်ကားအစုံကို တင်သွင်းလို့လည်း ရသလို ဝယ်ယူလို့လည်း ရပါတယ်။ နောက်ပြီး Borgward ၊ Haval တို့လို Brand New ကားအမျိုးအစားအစုံကိုလည်း ရောင်းချပေးလျက် ရှိပါတယ်။

Automobile: လတ်တလောဖြစ်ပေါ်နေတဲ့ ကားစျေးကွက်အခြေအနေ ကို ပြောပြပေးပါ …
Ko PSWT : ကိုဗစ်ဂယက်ငြိမ်သွားလို့ မေလနောက်ပိုင်းမှာ အရောင်းပြခန်းတွေရော အရောင်းစင်တာတွေပါ ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာပါတယ်။ လက်ရှိမှာတော့ Japan Domestic ကားတွေရော Brand New ကားတွေပါ အရောင်းအဝယ် ပြန်အားကောင်းလာတာ တွေ့ရပါတယ်။

Automobile: အခွန်အကောက်ဥပဒေမူကြမ်းမှာ စည်းကြပ်မှုကလွတ် ကင်းနေတဲ့ ဝင်ငွေခွန်ကို ဖြေလျှော့ပေးတာကို ပယ် ဖျက်ထားတယ်၊ ဒီအတိုင်းသာ အတည်ဖြစ်ခဲ့ရင် ကား စျေးကွက်အပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ …
Ko PSWT : ဝင်ငွေခွန်ဥပဒေကတော့ ၂ဝ၁၇-၂ဝ၁၈ အရှေ့ပိုင်းမှာ တော့ သိန်းသုံးရာအထိကို ၁၅ ရာခိုင်နှုန်း၊ သိန်းတစ် ထောင်အထိကို ၂ဝ ရာခိုင်နှုန်း၊ သိန်းတစ်ထောင်အ ထက်ကို ၃ဝ ရာခိုင်နှုန်းဆိုပြီး ကောက်ခံခဲ့ရာကနေ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်မှာတော့ ၁ ကျပ်ကနေ သိန်းတစ်ထောင်အထိ ကို အထူးနှုန်းထားအနေနဲ့ ၃ ရာခိုင်နှုန်းပဲ သတ်မှတ်ထား ပါတယ်။ ဒီဟာကိုပဲ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်မှာ အခွန်နှုန်းထားတွေ ပြန်တက်မယ်လို့ ကြားနေရပါတယ်။ အများစုကတော့ ဒီနှစ်တွေမှာ နိုင်ငံရေးအပြောင်းအလဲ တွေလည်း ရှိနိုင်တယ်။ ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းနေတဲ့အတွက် အခွန်နှုန်းကို ဒီနှစ်အတွက် သက်သက်သာသာနဲ့ ဖြေလျှော့ပေးဖို့ တခြားစီးပွားရေး အသင်းအဖွဲ့တွေရော၊ ကားလုပ်ငန်းရှင်တွေရော ဆေးလုပ်ငန်းရှင်တွေရော အစိုးရကို ၃ ရာခိုင်နှုန်းနဲ့ပဲ ပေးဖို့ စာတင်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်တစ်ဦး တည်းအမြင်အရ ပြောရရင် အခွန်နှုန်းထားကို ဒီအချိန်မှာ တိုးမြှင့်ဖို့ မလုပ်သင့်ပါဘူး။ ကားစျေးကွက်တစ်ခုတည်းကြည့်ပြီး သုံးသပ်ရင်တောင် အခွန်နှုန်းထားတက်သွားရင် ဝယ်ယူရတဲ့ကားတန်ဖိုးများသွားလို့ ကားအရောင်းအဝယ်တွေ အတော်လေးအေးသွားနိုင်တယ်။ ကိုဗစ်အခြေအနေကြောင့် တစ်ကမ္ဘာလုံးမှာ ရိုက်ခတ်မှု တွေရှိသလို မြန်မာနိုင်ငံမှာလည်း အနည်းငယ်တော့ အကျပ်အတည်းတွေ ရှိကြပါတယ်။ အခွန်ကပဲ အဓိက ဝင်ငွေရတာ နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေက တကယ်အခွန် ပေးနိုင်ပြီလား၊ လက်တွေ့ကျတဲ့အခွန်လည်း ဖြစ်ဖို့လိုပါ တယ်။ လွယ်လွယ်ပြောရရင် ၃ဝ ရာခိုင်နှုန်းနဲ့ ကောက် မယ်ဆိုရင် သိန်းတစ်ထောင်မြတ်တဲ့ လုပ်ငန်းတစ်ခုကို သိန်းသုံးရာလောက် တောင်းနေတာလား၊ တကယ်ရော ပေးချင်ရဲ့လား၊ ရှောင်ချင်တာလား၊ တကယ်ဖြစ်သင့် ဖြစ်ထိုက်တာလားဆိုတဲ့ သုံးသပ်ချက်တွေ လုပ်ရမှာပါ။ ဒါတွေတော့ လုပ်ငန်းရှင်ကြီးတွေပါတဲ့ UMFCCI လို ကုန်သည်ကြီးများအသင်းတွေရော၊ အားလုံးအစိုးရနဲ့ ပတ်သက်တဲ့ လူကြီးပိုင်းတွေရော ပိုနားလည်ပါတယ်။ ကျွန်တော်တို့ကတော့ ကားပေါ်မှာ မူတည်ပြီး သုံးစွဲသူ လည်း သက်သာစေချင်တယ်။ အစိုးရကိုလည်း မရှောင် ဘဲ တကယ်ဆောင်ချင်တဲ့ အခွန်ရစေချင်တယ်။ အခွန် နှုန်းထားကို မတိုးစေချင်တာကတော့ ကျွန်တော်တစ်ဦး တည်းရဲ့ ဆန္ဒပါ။

Automobile: လာမယ့်နှစ်မှာ အခွန်ဖြေလျှော့မှုကို ပယ်ဖျက်မယ်ဆိုတဲ့ သတင်းကြောင့် လတ်တလောမှာရော ကားစျေးကွက်အ ပေါ် သက်ရောက်မှု ရှိနိုင်ပါသလား …
Ko PSWT : တချို့ကလည်း မဖြစ်နိုင်ဘူးလို့ယူဆပြီးစောင့်ကြသလို တချို့ အဝယ်ကျတော့လည်း အခွန်နှုန်းထားတိုး မြှင့်လိုက်လို့ ဝယ်ယူရမယ့် ကားတန်ဖိုးတက်သွားမ လားဆိုပြီး ပြန်ဝယ်လာကြတာ တွေ့ရပါတယ်။ အမြင့် ကားတွေဖြစ်တဲ့ Land Cruiser ၊ Lexus တို့လို ကား တွေလည်း လက်ရှိအခွန်နှုန်းထား ၃ ရာခိုင်နှုန်းမှာ သက်သက်သာသာ အရောင်းအဝယ် ဖြစ်မလားဆိုပြီး ဝယ်လာကြပါတယ်။ Alphard မိုဒယ်အမြင့်တွေ၊ Toyota Majesty ၊ Brand New ကားတွေထဲမှာ ဆိုရင်လည်း တံဆိပ်အစုံဖြစ်တ့ဲ Mazda ၊ Borgward ၊ GAC အစရှိတဲ့ Brand တွေလည်း ရောင်းကောင်း ကြပါတယ်။ Hyundai Brand ဆိုရင်လည်း အထူးပရို မိုးရှင်းအစီအစဉ်တွေကြောင့် Tucson ၊ Accent ၊ Grand i10 ၊ Creta ကားတွေအကုန် ရောင်းရပါတယ်။ လက်ရှိ SKD ထဲမှာ Suzuki ၊ Hyundai ကတော့ စျေးကွက်ကို ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။ တခြား SKD တံဆိပ်မျိုးစုံလည်း စျေးကွက်ထဲကို စတင်ဝင် ရောက်လာပြီး SKD ကတော့ သူ့အမျိုးအစားနဲ့သူ SUV ဆိုလည်း SUV အလိုက်၊ ဆလွန်းကားဆိုလည်း ဆလွန်းကားအလိုက် သူ့အကြိုက်နဲ့သူ အရောင်းအဝယ် ဖြစ်နေပါတယ်။ SKD ကားတွေက ဘဏ်စနစ်နဲ့ ချိတ်ဆက် ရောင်းတဲ့အတွက် တော်တော်များများလည်း ရောင်းရပါတယ်။ အခုလိုကိုဗစ်ပြီးသွားတဲ့ကာလမှာ နှစ်လ၊ သုံးလလောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုရင် လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီး ကျောင်းတွေလည်း ပြန်ဖွင့်နေပြီဆိုတော့ ကားတွေ ပြန်ဝယ်လာကြပါတယ်။ ဂျပန်ကားအဟောင်းထဲမှာဆိုရင် တချို့ဆို အခွန်ကြိုဆောင်ထားပြီး၊ ကြိုဝယ်ထားပြီး အဝယ်လည်း ပြန်သွက်လာတာ တွေ့ရပါတယ်။ ၂ဝဝ၂ မိုဒယ်ကနေ ၂ဝ၁ဝ မိုဒယ်ကြားလောက်အထိ Alphard ၊ Vanguard ၊ Harrier ၊ Mark X ကားတွေ အရောင်းအဝယ် ပြန်ဖြစ်လာပါတယ်။ SKD မှာဆိုရင် Wagon ၊ SUV ၊ Saloon Type အားလုံး သူ့ဟာနဲ့သူ ရောင်းအား မျှနေကြပါတယ်။ Brand New ထဲမှာဆိုရင် CBU နဲ့ သွင်းတဲ့ကားတော်တော်များများ ရောင်းရပါတယ်။

Automobile: ပေါ်လစီမငြိမ်သက်မှုက ကားစျေးကက်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိပါသလဲ …
Ko PSWT : အစိုးရပေါ်လစီဆိုတော့ အရမ်းအရေးပါပါတယ်။ ကားလုပ်ငန်းမှ မဟုတ်ပါဘူး၊ ဘယ်စီးပွားရေးမှာမဆို အစိုး ရရဲ့ အခွန်ပေါ်လစီပဲဖြစ်ဖြစ်၊ စီးပွားရေးမူဝါဒအပိုင်းပဲ ဖြစ်ဖြစ်၊ Import ၊ Export အပေါ်ချမှတ်တဲ့ ပေါ်လစီတွေက အများကြီး ရိုက်ခက်မှု ရှိပါတယ်။ ဒါကြောင့် တည်ငြိမ်ပြီး ကိုယ့်နိုင်ငံအပေါ် ကောင်းမွန်တဲ့ ပေါ်လစီ ကိုပဲ သွားစေချင်ပါတယ်။ မော်တော်ယာဉ်မူဝါဒပိုင်းဆိုင်ရာ သတ်မှတ်ရာမှာလည်း နှစ်စဉ်မိုဒယ် တဖြည်းဖြည်း ခုန်ပြီး လက်ရှိမှာ ဘယ်မောင်းတစ်မျိုးတည်းတင်သွင်း ခွင့်ကို ပေးထားသလို SKD နဲ့ ပြည်တွင်း ထုတ်လုပ်မှု တွေကိုလည်း စတင်နေကြပါပြီ။ ပြည်တွင်းမှာ စက်မှု ဖွံ့ဖြိုးရေးနဲ့ နည်းပညာလွဲပြောင်းရရှိရေးအတွက် SKD ကုမ္ပဏီတွေကို အားပေးရမှာ ဖြစ်ပါတယ်။ SKD စက်ရုံတွေကို အားပေးလာရာကနေ SKD တွေကို ငါးနှစ်ကနေ ခုနစ်နှစ်အတွင်း CKD စနစ်ဆီ သွားနိုင်ဖို့ သူတို့ ချမှတ်ထားတဲ့ နည်းပညာ Plan တွေရှိတယ်လို့လည်း ကြားရပါတယ်။ ဒီလိုသွားဖို့ဆိုရင် ပေါ်လစီတွေက ငြိမ်သက်ဖို့လိုအပ်ပြီး Brand အသစ်တွေ ဝင်လာတာကို ကြိုဆိုရမှာပါ။ အာဆီယံဒေသထဲမှာဆိုလည်း ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ SKD ကားတွေကို သိန်းနဲ့ချီပြီး ထုတ်လုပ်ရာက SKD ကနေ CKD ကို ပြောင်းနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာလည်း ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ ၂ နှစ်၊ သုံး နှစ်၊ သို့မဟုတ် ငါးနှစ်စာအတွက် ငြိမ်သက်တဲ့ ပေါ်လစီ မူဝါဒတွေကို ချမှတ်ဖို့ လိုအပ်ပါတယ်။

Automobile: ဝန်ထမ်းပါမစ်ခွင့်ပြုပေးမယ့်အပေါ် ကားလုပ်ငန်းရှင်တစ် ယောက်အနေနဲ့ သုံးသပ်ပေးပါဦး …
Ko PSWT : ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ရင် အစိုးရက ဝန်ထမ်းကောင်းတွေကို ချီးမြှင့်ပေးချင်လို့ ပြုလုပ်တဲ့အစီအစဉ်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သုံးသပ်ရတာ ခက်ခဲသလို အမုန်းလည်း ခံရပါတယ်။ ဝန်ထမ်းတွေကို မရစေချင်တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဝန်ထမ်းမိသားစုက ဆင်းသက်လာပြီး ကားအရောင်း အဝယ် လုပ်ငန်းကို လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကို နှစ် နှစ်ဆယ်၊ သုံးဆယ် ဝန်ထမ်းလုပ်သက် သူ့ထိုက်သင့်တဲ့ ခံစားခွင့် ကို ကားပါမစ်ပေးမယ့်အစား သက်ဆိုင်ရာမြို့ နယ်မှာ မြေပေးတာပဲဖြစ်ဖြစ်၊ ပင်စင်ယူသွားတဲ့အခါမျိုးမှာ ဆု ကြေးငွေပေးတာပဲဖြစ်ဖြစ် ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆပါတယ်။ အခုပေးမယ့် ဝန်ထမ်းပါမစ်ကို ရောင်းချ ခွင့်မပေးဘူးလို့ဆိုထားပေမဲ့ တကယ်သွင်းနိုင်တဲ့သူ အရေအတွက် နည်းပါးတာရယ်၊ ဝန်ထမ်းအနေနဲ့လည်း ပြန်ရောင်းပြီးမှ ခံစားခွင့်တစ်ခုရမှာရယ်ကြောင့် မဖြစ် စေချင်တာပါ။ ဒါကို ခွင့်ပြုလိုက်ရင် အရောင်းစင်တာ၊ အရောင်းပြခန်းတွေအနေနဲ့ အနည်းနဲ့အများ ဆုံးရှုံးမှု ကြုံနိုင်သလို ပြည်တွင်းမှာ ဒေါ်လာသန်းနဲ့ချီပြီး လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ SKD ကုမ္ပဏီတွေလည်း ဆက်ပြီးရပ်တည်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here