ကျောင်းသွား၊ ကျောင်းပြန်များတွင် လူအရင်းအမြစ်အားကိုးပြီး စက်ဘီးစီးသည့်အလေ့အထ ပြန်လည်ရှင်သန်လာစေရန် လတ်တလောဆောင်ရွက်နိုင်ခြင်း မရှိသေးဟဆို

1192

 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရစာသင်ကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် အလားတူ သင်တန်းများအားလုံးတွင် ယာဉ်စည်းကမ်းဥပဒေနှင့်အညီ ပြဌာန်းထားသော အသက်အရွယ် အတိုင်း ဆိုင်ကယ်စီးခြင်းကို အသိပညာပေးမှုများ ဆောင်ရွက်နေသောကြောင့် ဆိုင်ကယ်စီးခြင်းအစား ကျောင်းသွား၊ ကျောင်းပြန်များ၌ လူအရင်းအမြစ်ကိုအားကိုး၍ စက် ဘီးစီးသည့် အလေ့အထ ပြန်လည် ရှင်သန်လာစေရန် လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

”မန္တလေးတိုင်း အတွင်းမှာ  ခရိုင်၊ မြို့နယ်အလိုက် အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ ကားဂိတ်တွေ၊ မီးရထားဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေ၊ ဈေးတွေနဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်အချက်တွေကို ကြော်ငြာ ပိုစတာတွေနဲ့ သတိပေးမှုတွေ လုပ် နေပါတယ်၊ အဲဒီလိုပဲ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေ မှာပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပို့ချတာတွေ လုပ်နေ ပါတယ်၊ အဲဒီလို ဟောပြောရာမှာ လည်း ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်မှာ ပြဌာန်းထားတဲ့ အသက်အရွယ်အတိုင်း ဆိုင်ကယ် အသုံးပြုဖို့ ထည့်သွင်းပညာပေးနေ ပါတယ်၊ အဲဒီလို ကျောင်းသား၊ ဆရာ၊ မိဘ ပူးပေါင်းဆောင်ရွက်တဲ့ တြိဂံပညာရေးစနစ် ဆောင်ရွက်နေ တာကြောင့် လူအရင်းအမြစ်အားကိုးပြီး စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ရှင်သန်လာစေဖို့ ဆဌဂံ ပညာရေးမျှော်မှန်းချက်ကို လတ် တလောမှာ အကောင်အထည် မဖော်နိုင်သေးပါဘူး”ဟု ပြီးခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်သတ္တမပုံမှန်အစည်း အဝေးတွင် ပြင်ဦးလွင်မြို့နယ် မဲ ဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း၏ ‘ဆိုင်ကယ်များအစား ကျောင်းသွား/ ပြန် လူ့အရင်းအမြစ် အားကိုးပြီး စက်ဘီးစီးခြင်း အလေ့အထများ ပြန်လည်ရှင်သန်လာစေရန် ဆဌဂံ ပညာရေးရည်မှန်းချက်ကို အားလုံး ပါဝင်သော စီမံချက် တစ်ရပ်အဖြစ် စီမံဆောင်ရွက်ပေး ရန် ရှိ/မရှိ’ မေး ခွန်းအပေါ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာပညာရေး ဌာနမှလည်း ကျောင်းသား၊ ဆရာ၊ မိဘ တြိဂံပညာရေးစနစ်သာ ကျင့် သုံးနေဆဲဖြစ်သောကြောင့် လတ် တလောတွင် ဆိုင်ကယ်အစား စက်ဘီးစီးသည့် ဆဌဂံပညာရေး ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

”ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ ဆိုင်ကယ်စီးခွင့်မရှိတဲ့ အကြောင်းလည်း ထည့်သွင်းပညာ ပေးဟောပြောတာတွေ လုပ်နေပါ တယ်၊ အကုန်လုံး တန်းတူညီတူ စက်ဘီးစီးကြဖို့၊ မိဘတွေ လာမ ကြိုဘဲ စက်ဘီးနဲ့သွားလာကြဖို့ ဆောင်ရွက်ပေးဖို့ကတော့ လတ်တ လော မဖြစ်နိုင်သေးပါဘူး၊ ကျောင်း သား၊ ကျောင်းသူတွေဆိုင်ကယ်မစီး အောင်လည်း ပညာပေးမှုတွေ   ဆက်တိုက်လုပ်နေပါတယ်”ဟု မန္တ လေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ထပ်မံပြောဆိုသည်။

ခရိုင် ခုနစ်ခု၊ မြို့နယ် ၂၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော မန္တလေးတိုင်းဒေသကြီးတွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ် အစီးရေ ၁၄၀,ဝ၀ဝ ကျော်၊ ဆိုင်ကယ်အစီးရေ ၁၄ သိန်းကျော်နှင့် အခြားစက်တပ်ယာဉ် လေးသောင်းကျော် ရှိသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here