ကျောင်းပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူဆောင်ရွက်မည်

539

ရန်ကုန်၊ ဇွန်

ကျောင်းပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကျောင်းကြို/ပို့ယာဉ် မဟုတ်သည့် ကိုယ်ပိုင်သီးသန့်ကားများဖြင့် ကျောင်းကြို/ပို့ ပြုလုပ်နေသည့် ယာဉ်များကို ကျောင်းပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်နားထားခြင်းများ တွေ့ရှိပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းအသီးသီးကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

”ကိုယ်ပိုင်ယာဉ်တွေက  ကလေး ၁/၂ ယောက်လောက်ကို တစ်စီးနဲ့လာပို့ကြတယ်။ အကြာကြီးရပ်ပြီး ကလေးတွေ စောင့်နေတာတွေလုပ်တော့ ကားတွေက စည်းကမ်းမရှိ နှစ်ထပ်ရပ်တာတွေ ဖြစ်လာတယ်။ ဒီလို စည်းကမ်းမဲ့ယာဉ်တွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအဖွဲ့ကစောင့်ကြည့်အရေးယူတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းဝင်းအတွင်းနှင့် ကျောင်းရှေ့လမ်းမတွေမှာ စည်းကမ်းမဲ့ ကြာရှည်စွာရပ်နားထားသည့် ယာဉ်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေနှင့် အရေးယူရာတွင် ထိရောက်သည့်ဒဏ်ကြေးဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ School Bus စနစ်သစ် ဖော်ဆောင်ရာတွင် ကျောင်းကြို/ပို့ယာဉ်များ စနစ်တကျ ပြေးဆွဲရန်နှင့် ယာဉ်ကြော ကြပ်တည်းမှု မဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here