ကျီးမနိုးပွဲနှင့် သူခိုးအန္တရာယ်

193


တန်ဆောင်မုန်းလကို ပုဂံခေတ်ကျောက်စာတွေမှာ ‘တန်ဆောင်မှုန်း’ လု့ိ ရေးထိုးလေ့ရှိပြီး ‘တန်ဆောင်မှုန်း’လို့ အသံထွက် ရွတ်ဆိုကြတယ်။
‘‘မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း
ဆောင်မှုန်းခေါ်တကား။
ဟထိုးပျောက်ကာ၊ ပြောင်းရွေ့လာ
မုန်းသာခုထင်ရှား’’ ဆိုတဲ့ လင်္ကာအရ ‘မှုန်း’ က ‘မုန်း’ ဖြစ်သွား ကြောင်း ထင်ရှားပါတယ်။
တန်ဆောင်မုန်းလပြည့်ညဟာ ဆီးနှင်း၊ မြူတိမ်၊ သူရိန်၊ မီးခိုးတွေ ကင်းစင်နေတာကြောင့် ကောင်းကင်တစ်ခုလုံးကြည်လင်လို့ နက္ခတ်တာ ရာစုံ စထွန်းလင်းနေပါတယ်။ ပြောရရင် တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်စုံတဲ့ညပါ။ သန်းခေါင်ယံမှာ လမင်းကြီးကဝိုင်းစက်နေပြီး ဆေးအ ပေါင်းကိုစောင့်တဲ့ နတ်တွေက မဲဇလီပင်စောင့်နတ်မင်းကြီးကို လာရောက် ခစားကြတယ်။ အဲဒီအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူ အဆနဲ့ မဲဇလီရွက်ကို သုပ်စားကြတယ်။ တချို့ကလည်း ဆေးဝါးဖော်စပ် ကြတယ်။ တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့ဆိုကြတယ်။
ဒါက ဆေးပေါင်းခတဲ့ အကြောင်းပါ။ တကယ်တော့ တန်ဆောင်မုန်း လပြည့်နေ့က သာမညဖလ အခါတော်နေ့ပါ။ ဖခင်ကိုသတ်သည်အထိ မိုက်လုံးကြီးခဲ့တဲ့ အဇာတသတ်မင်းသား ညတိုင်း အိပ်မပျော်တဲ့ရောဂါစွဲ ကပ်ခဲ့တယ်။ မျက်လုံးတွေကို လှံပေါင်းများစွာနဲ့ ထိုးဆွနေတယ်လို့ ခံစား နေရတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ထူးထူးခြားခြား စိတ်ကြည်လင် မှု ရခဲ့တယ်။
စိတ်ကြည်လင်တုန်း ‘အခုလို အမြဲစိတ်ကြည်နိုင်အောင် ဘယ်ဆရာ ဆီ ချဉ်းကပ်မလဲ’ လို့မေးတော့ ဆရာဇီဝကက ဘုရားရှင်ထံ ချဉ်းကပ်ဖို့ အကြံပေးတယ်။ ဆရာဇီဝကက အကြံပေးတဲ့အတိုင်း ရာဇဂြိုဟ်မြို့အနီး ဇီဝက သရက်ဥယျာဉ်ထဲမှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ဆီအရောက်သွား ခဲ့တယ်။ ဘုရားရှင်က အဇာတသတ်မင်းသားကို သာမညဖလသုတ္တန် တရား ဟောကြားတော်မူခဲ့တယ်။
အဇာတသတ်မင်းသားဟာ တရားနာလို့အပြီးမှာ အိပ်မပျော်တဲ့ရော ဂါ ပျောက်ကင်းသွားတယ်။ ရတနာသုံးပါးကို အယုံကြည်ဆုံးပုဂ္ဂိုလ်ဖြစ်သွား တယ်။ သာမညဖလသုတ်ကို ကြားရတဲ့အတွက် မဟာအဝီစိငရဲ မကျ ရောက်တော့ဘဲ သက်သာပေါ့ပါးတဲ့လောဟကုမ္ဘီငရဲပဲ ကျခံရတော့တယ်။ နောင်အခါ ဝိဇိတာဝီအမည်နဲ့ ပစေ္စကဗုဒ္ဓါဖြစ်မယ်လို့ ဆိုတယ်။ အဇာတ သတ်မင်းကို မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ သာမညဖလသုတ္တန်ကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော် နေ့လို့ သတ်မှတ်ခဲ့ကြတယ်။
နောက်တစ်ခုက တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့မှာ ပြု လုပ်လေ့ရှိတဲ့ ကျီးမနိုးပွဲပါ။ ဟိုတုန်းက ယောကျ်ားတွေ ရှင်လိင်ပြန်ရင် ဆေးမင်ကြောင်ထိုးတဲ့အလေ့ ရှိတယ်။ ရှင်ဘုရင်ကအစ မင်းညီမင်းသား၊ မှူးမတ်၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်၊ စာရင်းငှားမကျန် ယောကျ်ား မှန်သမျှ ဆေးမင်ကြောင် ထိုးကြတယ်။
အဲဒီလိုထိုးတဲ့အခါ နက္ခတ်ကောင်း၊ အခါကောင်းစောင့်ဆိုင်းပြီး အ မှောင်ခန်းမှာ ကန်တော့ပွဲပေးပြီး ထိုးကြတယ်။ တန်ဆောင်မုန်းည နက္ခတ် စုံချိန်မှာထိုးတော့ ကြောင်တက်၊ ကြောင်ဆင်း ဆေးအစောင့်တွေက တန်ခိုးပြတယ်ဆိုပြီး ပိုင်ရှင်မသိအောင် ပစ္စည်းတွေခိုးယူကြတယ်။ ခိုးယူ ပြီး ပစ္စည်းတွေကို ခိုးကွင်းမှာ ထားရတယ်။ ဘယ်သူဘယ်ဝါအိမ်က ခိုး လာတဲ့ပစ္စည်းဖြစ်ကြောင်း ခိုးလာတဲ့ပစ္စည်းပေါ်မှာ စာကပ်ထားတယ်။ နွားတွေနဲ့ လူအိပ်တဲ့ခုတင်ခိုးနိုင်ရင် ပိုစွမ််းတယ်လို့ အယူရှိတယ်။
အခိုးခံထားရတဲ့ပစ္စည်းတွေကို ပိုင်ရှင်တွေက မိုးလင်းတာနဲ့ သင်္ကန်း တွေနဲ့ လာရွေးရတယ်။ အဲဒီသင်္ကန်းတွေနဲ့ ကထိန်ခင်းကြတယ်။ ပစ္စည်း ခိုးရင်း ပိုင်ရှင်မိသွားတဲ့သူဆိုရင် ကတုံးတုံးပြီး ရွာသူကြီးက တရားသူကြီး လုပ် ဟာသတရား စီရင်ကြတယ်။ ပစ္စည်းခိုးရတာ မနက်ကျီးတွေမနိုးခင် အပြီးလုပ်ရတာဖြစ်လို့ ကျီးမနိုးပွဲအစဉ်အလာ ဖြစ်လာခဲ့တယ်။
ပြောရရင် ကျီးမနိုးပွဲဆိုတာ နက္ခတ်စုံနဲ့ထိုးထားတဲ့ ဆေးမင်ကြောင် စွမ်းရည်စမ်းသပ်တဲ့ပွဲပါ။ ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိသလို အခိုးခံရရင် သင်္ကန်းနဲ့ရွေးပြီး ကထိန်ပွဲလုပ်တာဖြစ်လို့ ဒါနမြောက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါ တယ်။
ဒီကနေ့ခေတ်မှာတော့ ကျီးမနိုးပွဲပြုလုပ်တဲ့ပုံစံတွေ ပြောင်းလာခဲ့ပါ ပြီ။ ဘာဆေးမင်ကြောင်မှထိုးတာမဟုတ်ဘဲ ပြောင်သလိုလို၊ စလိုလိုနဲ့ လစ်ရင်လစ်သလို၊ အခြေအနေပေးရင်ပေးသလို ခိုးယူတဲ့အကျင့်ဆိုးတွေ နိုးထလာခဲ့တယ်။
ကားပါကင်နေရာမရှိလို့ လမ်းမှာ၊ အိမ်ရှေ့မှာ အဆင်ပြေသလိုရပ် ထားရတဲ့ကားတွေကို ပစ်မှတ်ထားပြီး မှန်တွေ၊ ဘီးတွေ၊ ရေသုတ်တံတွေ ခိုးယူမှုတွေ ရှိလာခဲ့တယ်။ အခွင့်သာရင်သာသလို ဆိုင်ကယ်၊ စက်ဘီး ခိုးယူတာတွေလည်း ရှိလာခဲ့တယ်။
ပြောရရင် ချစ်စရာကောင်းတဲ့ ကျီးမနိုးပွဲမြန်မာ့ဓလေ့ထုံးစံဟာ ဒုစရိုက်ထူပြောမှုကို ဦးတည်လာခဲ့ပါပြီ။ သည်တော့ ကျီးမနိုးပွဲကျင်းပချိန် ရောက်တိုင်း ယာဉ်ပိုင်ရှင်များ မိမိယာဉ်ကို ကြိုတင်ထိန်းသိမ်းစောင့် ရှောက်ထားဖို့လိုေြကာင်း သတိေပးေရးသားလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here