ကျပ် သိန်း ၂၅ဝ နဲ့ ကျပ်သိန်း ၃ဝဝ ကြားရွေးချယ်ဝယ်ယူသင့်သည့် ကားများ

1621

လက်ရှိတင်သွင်းခွင့်ရမယ့် ကားပေါ်လစီနဲ့ဘယ်မောင်းဆီဒင်ကားကိုရွေးချယ်မယ်ဆိုရင် Mazda 2 နဲ့ Toyota Yaris တို့ကရွေးချယ်လို့သင့်တော်ပါတယ်။ဒီကား ၂ စီးက ရုပ်ချင်းဆင်ပြီး စျေးနှုန်းကလည်းတူညီတဲ့အတွက် ဝယ်ယူသူစိတ်ကြိုက် Brand အပေါ်မူတည်ပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Sportဆန်တဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ဒီကားတွေဟာဘယ်မောင်းကားစျေးကွက်ထဲမှာ ရေပန်းစားလာမယ့်ကားအမျိုးအစားတွေထဲမှာ ပါဝင်လာမှာသေချာနေပါတယ်။

Mazda 2

 

 

 

 

 

Mazda Demio ရဲ့မျိုးဆက်ဖြစ်တဲ့ Mazda 2 ကို ၂ဝဝ၂ ခုနှစ်ကတည်း ကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။Mazda 2 မှာ Body Style ကို Hatchback နဲ့ Sedan ပုံစံနှစ်မျိုး ထုတ်လုပ်ထားပါတယ်။   ဒီကားလေးဟာ Mazda 2 ရဲ့မျိုးဆက်ထဲမှာဆိုရင် စတုတ္ထမြောက်မျိုးဆက်ဖြစ်ပြီး Mazda ရဲ့ KODO ဒီဇိုင်းအယူအဆကိုအသုံးပြုဖန်တီးထားပါတယ်။ နောက်ပြီးဖရိန်နဲ့ဘော်ဒီပိုင်းကို ပြန်လည်အဆင်မြှင့်တင်ထားတဲ့အတွက် မောင်းနှင်ရာမှာ ပိုမိုကောင်းမွန်တဲ့ခံစားမှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Mazda 2 Sedan Sport မှာ ဆလင်ဒါလေးလုံးတပ် SkyActiv-G 1.5 L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ ၁၁၄ကောင်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဂီယာမှာတော့ Sport Mode ပါဝင်တဲ့ 6 Speed Automatic ကိုအသုံးပြုထားပါတယ်။ပျှမ်းမျှဆီစားနှုန်းက ကီလိုတစ်ရာ ကို ၅ဒသမ၅ လီတာနှုန်းဖြစ်တဲ့အတွက် ဆီစားနှုန်းအထူးသက်သာတဲ့ကားလို့ဆိုနိုင်ပါတယ်။

 

အတွင်းပိုင်းအပြင်ပိုင်းအပြင်အဆင်

Mazda ရဲ့ မူပိုင်နည်းပညာသုံးSkyActiv ကိုယ်ထည်ဟာ ခိုင်ခံ့ပြီးလေခွင်းအားကောင်းမွန်အောင်ပြုလုပ်ထားတဲ့အတွက် ထူးခြားတဲ့မောင်းနှင်မှု အရသာကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။အတွင်းခန်းအပြင်အဆင်ကသက်သောင့်သက်သာရှိစေဖို့နဲ့အသုံးပြုရ လွယ်ကူအောင်ဖန်တီးပေးထားပါတယ်။ ရှေ့ထိုင်ခုံတွေက လျှပ်စစ်နဲ့ ချိန်ညှိနိုင်ပြီး နောက်ခန်းထိုင်ခုံတန်းကတော့ အနည်းငယ်ကျဉ်းသယောင်ရှိပါတယ်။အတွင်းခန်းမှာ ထည့်သွင်းပေးထားတဲ့ Function တွေကတော့ Electronic Assist ပါဝါစတီယာရင်၊ Rotary Commander Control စနစ်ပါ ၇လက်မအရွယ် Touch Screen Display ၊ Push-Start Button ၊ Fullyauto Climate-Control အဲကွန်းစနစ်၊ နောက်ကြည့်ကင်မရာနဲ့ စပီကာခြောက်လုံးတပ်ဆင်ပေးထားပါတယ်။

 

စျေးနှုန်း

၂ဝ၁၆ မိုဒယ် Mazda 2 Sedan ကို Showroom အကျနံပါတ်ထွက်ပြီးသားဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင်နဲ့နယ်လိုင်စင်အပေါ်မူတည်ပြီးစျေးကွာဟသလို ကီလိုအနည်းအများအပေါ်မူတည်ပြီးတော့လည်း စျေးမတူညီပါဘူး၊အကြမ်းဖျဉ်းစျေးကတော့ သိန်း ၂၅ဝ နဲ့ သိန်း ၃ဝဝ ကြားမှာရှိပါတယ်။

 

Toyota Yaris

 

 

 

 

 

Toyota Sedan အမျိုးအစားဘယ်မောင်းကားကိုမှ စီးချင်သူတွေအတွက် ၂ဝ၁၅ မိုဒယ်နဲ့အထက် Toyota Yaris ကအသင့်အတော်ဆုံးဖြစ်ပါတယ်။ Toyota Yaris ကို ၁၉၉၉ ခုနှစ်ကတည်းကထုတ်လုပ်ခဲ့တာဖြစ်ပြီး Vitz ၊Belta ၊Vios တို့နဲ့အုပ်စုချင်းတူပါတယ်။Yaris ကို Coupe ၊Sedan ၊ Hatchback စတဲ့ပုံစံအမျိုးမျိုးထုတ်လုပ်ထားပြီး Hatchback က Vitz နဲ့ပုံစံချင်းဆင်ပြီး Sedan က Vios နဲ့ဒီဇိုင်းချင်းဆင်ပါတယ်။နောက်ဆုံး ထုတ်လုပ်ထားတဲ့ Toyota Yaris iA ပုံစံကတော့ Mazda 2 Sedan နဲ့ ပုံစံချင်းဆင်နေတဲ့အတွက်တော့ ဝေဖန်မှုတွေရှိနေပါတယ်။ဒါပေမယ့်လည်း Toyota အမျိုးအစားဖြစ်တဲ့အတိုင်း အင်ဂျင်စွမ်းရည်ကောင်းမွန်ပြီး အောက်ပိုင်းကလည်း Belta ၊Vios တို့နဲ့ဆင်တဲ့အတွက်မာကျောပြီးအပိုပစ္စည်းရှာဖွေရတာလည်း လွယ်ကူစေမှာဖြစ်ပါတယ်။ဒီဇိုင်းပိုင်းဆွဲဆောင်မှု ရှိပြီး အတွင်းဂရိတ်တွေကလည်းပေးလိုက်ရတဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့ နည်းပညာတွေကို အသုံးပြုထားတဲ့အတွက် မြန်မာပြည်ဘယ်မောင်းကားစျေးကွက်ထဲမှာ ထင်ပေါ်လာမယ့်ကားအမျိုးအစားဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota Yaris ကိုဂျပန်နိုင်ငံတွင်သာမကပဲ တရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာပါ ထုတ်လုပ်ထားပြီး ထုတ်လုပ်တဲ့နိုင်ငံအပေါ်မူတည်ပြီးအင်ဂျင်အမျိုးအစားတွေကွဲပြားပါတယ်။မြန်မာပြည်ကားစျေးကွက်မှာတော့ ၁၃ဝဝ စီစီ အင်ဂျင်ကိုတင်သွင်းမှုများပါတယ်။

 

အတွင်းပိုင်းအပြင်ပိုင်းအပြင်အဆင်

Toyota Yaris iA ဟာ Camry နဲ့ Corolla တို့လောက်အတွင်းဂရိတ်မမြင့်ပေမယ့် သူ့တန်ဖိုးနဲ့တန်အောင်တော့ထည့်သွင်းပေးထားပါတယ်။ဒီ ကားကိုအာရှကားစျေးကွက်ထဲက ရှာဖွေဝယ်ယူမယ်ဆိုရင် ၁၃ဝဝ စီစီကို ဆော်ဒီနဲ့ ၁၅ဝဝ စီစီ ကိုဒူဘိုင်းဘက်ကနေတင်သွင်းကြတာများပါတယ်။   Toyota Yaris ကို အင်ဒိုနီးရှားမှာအဓိကထုတ်လုပ်တာဖြစ်လို့ ဂျပန်နိုင်ငံ ထုတ်ကားတွေလောက်တော့ အတွင်းဂရိတ်မမြင့်ပါဘူး၊များသောအားဖြင့်တော့ ဒူဘိုင်းကမှာယူတင်သွင်းတဲ့ကားတွေက ကားကောင်းပြီး ဒီရောက်မှာသာ လိုအပ်တဲ့အတွင်းဂရိတ်တွေကိုပြန်ထည့်တာများပါတယ်၊

 

စျေးနှုန်း

Toyota Yaris ကိုပစ္စည်းအပြည့်အစုံနဲ့ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင်နံပါတ်အသစ်က သိန်း ၃ဝဝ အထက်မှာရှိပြီး နယ်လိုင်စင်ကတော့ သိန်း ၂၇ဝ ဝန်းကျင်မှာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here