ကျပ်သိန်း ၄၅၀ နှင့် ၅၀ဝ ကြား ရွေးချယ်သင့်သည့် ကားများ

306

 

Midsize Sedan များသည် မြန်မာနိုင်ငံတွင် လူကြိုက်များသည့်ကားများစာရင်း၌ ပါဝင်ပါသည်။ ယင်းကားများ သည် ကြီးမားပြီးခံ့ထည်သည့် ပုံစံရှိကာ အတွင်းခန်းကျယ်ဝန်းသည့်အတွက် သက်သောင့်သက်သာ စီးနင်းနိုင် ခြင်းကဲ့သို့ အဆင်ပြေမှုများ ပါရှိပါသည်။ ပွဲလမ်းသွားရန်လည်း သင့်တော်ပြီး ခရီးဝေးအသုံးပြုရန်လည်း ရွေးချယ် လေ့ရှိပါသည်။ ၂၀ဝ၉ မိုဒယ် Toyota Mark X သည် ထင်ရှားသည့် JDM Midsize Sedan ဖြစ်ပြီး ၂၀၁၇/ ၂၀၁၈ မိုဒယ် Chevrolet Malibu သည်လည်း ယခုအခါ အလွန်လူသိများသည့် ဘယ်မောင်း Midsize Sedan ဖြစ်သည့်အတွက် ယခုတစ်ပတ် Best Choice ကဏ္ဍအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါသည်။

Chevrolet Malibu
Chevrolet Malibu သည် လက်ရှိတွင် မြန်မာဈေးကွက်၌ လူသိများနေသည့် အမေရိကန်ထုတ် Sedan ဖြစ်ကာ လှပဆန်းသစ်ခြင်း၊ အတွင်းခန်း ကျယ်ဝန်းမှုရှိခြင်း၊ Apple CarPlay ကဲ့သို့ Apps များစွာပါဝင်ခြင်းနှင့် အင်ဂျင် Performance ကောင်းမွန်ခြင်းတို့ကြောင့် ဘယ်မောင်းမိုဒယ်အမြင့်ကားများတွင် လူကြိုက်များနေပါသည်။ ၂၀၁၇/၂၀၁၈ မိုဒယ်များ ဖြစ်သည့်အတွက် နှစ်နည်းနည်းသာသုံးထားခြင်းသည်လည်း ထူးခြားချက်တစ်ခု ဖြစ်ပါသည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Chevrolet Malibu LTZ ၏ အပြင်ဘက်ဒီဇိုင်း၊ ကားအနေအထားကို အမေရိကန်ဆန်သည့် Style ဖြင့် ဖန်တီးထားပြီး Aerodynamic Body Style သည် Malibu ၏ ထူးခြားသည့် အခင်းအကျင်းဖြစ်သည်။ Chevy Logo ကို ထင်ရှားစွာ ထည့်သွင်းထားသည့် Logo တွင် LED DRL ရှေ့မီးကြီးများနှင့် နှင်းခွဲမီးများ ပေါင်းစပ်ထားသည်။ ထို့အတူ အသံအလွန် ငြိမ်စေသည့် Sound Deadening Acoustic Features များကို ထည့် သွင်းထားသည့်အတွက် တိတ်ဆိတ်ငြိမ်သက်စွာ မောင်းနှင်နိုင်ပါသည်။ အလိုအလျောက် ရေသုတ်တံ၊ LED နောက်မီးတန်း၊ Keyless Entry စသည့် Function များလည်း ပါဝင်မည်ဖြစ်သည်။ ခရီးသည်ငါးဦး ကျယ် ကျယ်ဝန်းဝန်း စီးနင်းနိုင်သည့် အတွင်းခန်းပါရှိသည့်အပြင် Drive Seat Motor ၊ အရှေ့ထိုင်ခုံအပူ/အအေးပေးစနစ်တို့လည်း ပါဝင်ပါသည်။ ဒက်ရှ် ဘုတ်ဒီဇိုင်းသည် ဆွဲဆောင်မှုရှိပြီး Smart Phone ကဲ့သို့ အသုံးပြုနိုင် သည့် Color Touch Screen ၊ HVAC System ပါဝင်သည့် Aircon စနစ်၊ Apple CarPlay ၊ စပီကာကိုးလုံးပါဝင်သည့် Bose Audio ၊ USB Port နှစ်ခု စသဖြင့် Function များ စုံစုံလင်လင်ပါရှိပါသည်။

အင်ဂျင်အမျိုးအစား
Chevrolet Malibu ၂၀၁၇/၂၀၁၈ မိုဒယ်များတွင် မြင်းကောင်ရေ ၂၅၃ ကောင်အား 2.0L DOHC Turbo I4 အင်ဂျင်နှင့် 6-Speed Autogear တို့ တွဲဖက်ထားပါသည်။ ဆီသိုလှောင်နိုင်မှုသည် ၆၂ လီတာဖြစ်ပြီး ရှေ့ဘီးယက်စနစ် အသုံးပြုထားပါသည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် Chevrolet Malibu ၂၀၁၇/၂၀၁၈ မိုဒယ်များကို နံပါတ်၊ ကားအနေအထား၊ ကီလိုတို့အပေါ်မူတည်ကာ ကျပ်သိန်းလေးရာမှ ၄၅၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ပါသည်။

Toyota Mark X
၂၀ဝ၉ မိုဒယ် Mark X သည် Mark X ၏ ဒုတိယမျိုးဆက်မိုဒယ်ဖြစ်ပြီး ၂၀ဝ၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့ကာ တရုတ်နိုင်ငံတွင်လည်း Toyota Reiz အမည်ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့ပါ သည်။ ၂၀၁၂ ခုနှစ်တွင် အနည်းငယ်ပုံပြောင်းပြီး Facelift ထုတ်လုပ်ခဲ့သည်။ ၂၀ဝ၉ မိုဒယ် Mark X များတွင် နာမည်ကျော် Toyota Safety Sense နည်းပညာများ ပေါင်းစပ်ပါဝင်ပါသည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
၂၀ဝ၉ မိုဒယ် Mark X သည် ယခင် Mark X မျိုးဆက်မိုဒယ်ထက် သိသာစွာကြီးမားပြီး လှပခံ့ထည်သည့်ပုံစံရှိကာ ထူးခြားသည့်အရှေ့မီးဒီဇိုင်း နှင့် X Logo ပါရှိသည့် Grille တို့သည် ကား၏ အပြင်ဘက်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ HID မီးလုံး၊ Keyless Entry တို့ပါဝင်ပြီး Radar Cruise Control ကိုလည်း ကားအချို့တွင် တွေ့ရသည်။ မိုဒယ်များအနေဖြင့် Standard ၊ Premium ၊ Sports ဟူ၍ သုံးမျိုးခွဲခြားထားပြီး Grade များအနေဖြင့် 250G ၊ 250G F-Sport ၊ Relax Selection ၊ 250G Premium ၊ 350S ၊ 350RDS ဟူ၍ တွေ့ရပါမည်။ Sport Versions ၏ အပြင်ဒီဇိုင်း၊ Features များသည် Standard နှင့် Premium Versions များနှင့် ကွဲလွဲမည်ဖြစ်သည့်အပြင် Vehicle Dynamics Integrated Management စနစ်လည်း ပါဝင်ပါမည်။ ၂၀ဝ၉ မိုဒယ် Mark X ၏ အတွင်းခန်းသည် ကျယ်ကျယ်ဝန်းဝန်းရှိပြီး အရှေ့ ထိုင်ခုံ Seat Motor ၊ Nanoe Air Ventilation System ၊ Rear Sunshade စသည့်ပါဝင်မှုများကိုလည်း ထည့်သွင်းထားပါသည်။

အင်ဂျင်အမျိုးအစား
၂၀ဝ၉ မိုဒယ် Mark X တွင် အင်ဂျင်နှစ်မျိုးရှိပြီး ယင်းတို့မှာ မြင်းကောင်ရေ နှစ်ရာအား 2.5L 4GR-FSE V6 အင်ဂျင်နှင့် မြင်းကောင်ရေ ၃၁၄ ကောင်အား 3.5L 2GR-FSE V6 အင်ဂျင်တို့ဖြစ်သည်။ Gearbox ကို 6-Speed Autogear တပ်ဆင်ထားပါသည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် ၂၀ဝ၉ မိုဒယ် Mark X ကို ကားနံပါတ်၊ ကီလို၊ ကားအနေအထား၊ Grade စသည်တို့အပေါ်မူတည်၍ ကျပ်သိန်းလေးရာမှ ၄၅၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here