ကျပ်သိန်း ၄၀ဝ နှင့် ၅၀ဝ ကြား ရွေးချယ်သင့်သည့်ကားများ

270

 

အရွယ်သိပ်မကြီးသည့် SUV ကားများကို အလွန်နှစ်သက်ကြသည့် မြန်မာနိုင်ငံရှိ ကားချစ်သူများအတွက် JDM မိုဒယ်တစ်မျိုးနှင့် ဘယ်မောင်းမိုဒယ်တစ်မျိုးကို ရွေးချယ်တင်ပြပါမည်။ ၂၀ဝ၇-၂၀ဝ၈ Toyota Vanguard သည် ကားလောကတွင် အထူးညွှန်းရန်မလိုအောင် ပေါက်ထားသည့် JDM မိုဒယ် ဖြစ်သည်။ ထို့အတူ ၂၀၁၇-၂၀၁၈ KIA Sportage သည်လည်း ဘယ်မောင်း SUV များတွင် အလွန်ထင်ရှားသည့် မိုဒယ်ဖြစ်၍ ယခုတစ်ပတ် Best Choice အတွက် တင်ဆက်လိုက်ပါသည်။

Toyota Vanguard
Vanguard သည် နာမည်ကျော် RAV-4 ကို ပုံစံပြောင်းထုတ်လုပ်ထားသည့်မိုဒယ်ဖြစ်ကာ ၂၀ဝ၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ Vanguard နှင့် RAV-4 တို့သည် အားလုံးနီးပါးတူညီသော်လည်း အရှေ့ Grille ၊ ဘမ်ပါနှင့် ရှေ့မီးလုံးဒီဇိုင်းများ ကွဲလွဲသည်။ HID ကြောင်မျက်လုံးမီးကို ထည့်သွင်းထားသည့် Vanguard တွင် RAV-4 ၌ မရနိုင်သည့် အရှေ့ဘက်၊ ညာဘက်နောက်ကြည့်မှန်တွင် မှန်ငယ်တစ်ခုကို ထည့်သွင်းထားပါသည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
၂၀ဝ၇ မိုဒယ် Vanguard သည် အလတ်တန်းအရွယ်ရှိသည့် SUV ဖြစ်ပြီး RAV-4 ထက် ပို၍ဝင့်ကြွားသည့်ပုံစံရှိကာ ကားအောက်ပိုင်းလည်း ပိုမြင့်ပါသည်။ ၂၀ဝ၇ မိုဒယ် Vanguard တွင် Keyless Entry စနစ်ပါဝင်ပြီး လှပသည့် Alloy Wheel များလည်း ပါဝင်ပါသည်။ အနောက်ဖုံးသည် ဘေးတိုက်ဖွင့်/ပိတ်ရသည့်ပုံစံဖြစ်သည်။ ၂၀ဝ၇-၂၀ဝ၈ Vanguard တွင် S နှင့် G Grade နှစ်မျိုးရှိပြီး G သည် Grade အမြင့်ဖြစ်ကာ Leather Seat နှင့် ယာဉ်မောင်းထိုင်ခုံ Motor စနစ်များ ရနိုင်သည်။ အနောက်ကြည့် ကင်မရာနှင့် ဘေးဘက်ကြည့် ကင်မရာနှစ်လုံး ထည့်သွင်းထားပြီး Steering Control ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည့် Display Screen တို့ အပါအဝင် Push-start ၊ Automatic Aircon ၊ Xenon Headlight စသည့် Function များလည်း ပါဝင်ပါသည်။

အင်ဂျင်အမျိုးအစား
၂၀ဝ၇-၂၀ဝ၈ Vanguard မိုဒယ်များတွင် 2.4L နှင့် 3.4L အင်ဂျင်ဟူ၍ အင်ဂျင်နှစ်မျိုးရရှိနိုင်ပြီး ငါးယောက်စီးပုံစံနှင့် ခုနစ်ယောက်စီးပုံစံဟူ၍ လည်း နှစ်မျိုးထုတ်လုပ်ထားသည်။ ၂၀ဝ၇ မိုဒယ်တွင် 4WD သာရှိပြီး ၂၀ဝ၈ မိုဒယ်တွင် 2WD နှင့် 4WD ဟူ၍ နှစ်မျိုးရရှိကာ မြန်မာဈေးကွက်တွင် 2WD မိုဒယ်များကို လူပိုကြိုက်ပါသည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် ၂၀ဝ၇-၂၀ဝ၈ Vanguard မိုဒယ်ကို ကားနံပါတ်၊ Grade ၊ ကီလို၊ အနေအထားစသည်တို့အပေါ်မူတည်၍ ငါးယောက်စီးကို ကျပ်သိန်း ၃၅၀ မှ လေးရာဖြင့်လည်းကောင်း၊ ခုနစ်ယောက်စီးကို ကျပ်သိန်းလေးရာမှ ၄၅၀ ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။

KIA Sportage
၂၀၁၇-၂၀၁၈ KIA Sportage သည် ယခင်ပုံဟောင်း Sportage မိုဒယ်ထက် ပို၍လှပသည့်ဒီဇိုင်းပုံစံရှိကာ Ice Cube LED နှင်းခွဲမီးများ၊ Dual Exhaust Pipe ကဲ့သို့ ပါဝင်မှုများပါရှိသည်။ ယင်းတွင် Sportage နှင့် Sportage GT Line ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
၂၀၁၇ မိုဒယ် KIA Sportage သည် ကျစ်လျစ်ပြီး လှပသည့်ဒီဇိုင်းရှိကာ အရှေ့ ဘမ်ပါနှင့် Grille ဒီဇိုင်း၊ LED DRL စနစ်သုံး မီးလုံးနှင့် Ice Cube LED နှင်းခွဲမီးများတို့သည် Sportage ကို အဓိက ထင်ပေါ်စေသည့် အပိုင်းများ ဖြစ်သည်။ အနောက်ဖုံးတွင်လည်း LED Taillight စနစ် ပါဝင် သည့်အပြင် အနောက်ဖုံး အဖွင့်/အပိတ်အတွက် အနိမ့်အမြင့်ကို မှတ်သားထားသည့် Tailgate Memory Function နှင့် Smart Power Tailgate စနစ်တို့လည်း ပါဝင်သည်။ အတွင်းခန်းကို သပ်ရပ်ပြီး Stylish ဖြစ်သည့်ပုံစံဖြင့် ခင်းကျင်းထားပြီး ပုံမှန်နှင့် GT Line တို့၏ အခင်းအကျင်းများ အနည်းငယ်ကွဲလွဲမည်ဖြစ်သော်လည်း Features များ တူညီ ပါသည်။ Leather Seat ၊ အရှေ့ထိုင်ခုံအပူ/အအေးစနစ်၊ မြင်ကွင်းကျယ် အမိုးဖွင့်စနစ်၊ Wireless Phone Charging ၊ Engine Start / Stop စသည်တို့ စုံစုံလင်လင်ပါရှိမည်ဖြစ်သည်။ GT Line တွင် Sport Seat ၊ GT Line Logo ကို ထည့်သွင်းထားပါသည်။

အင်ဂျင်အမျိုးအစား
၂၀၁၇-၂၀၁၈ KIA Sportage တွင် အင်ဂျင်အနေဖြင့် R2.0 High Output ၊ Diesel အင်ဂျင်နှင့် 6-Speed Autogear တို့ပါဝင်သည်။ အသက် ကယ်လေအိတ် ခြောက်လုံး၊ DMS ၊ BSD ၊ ATCC စသည့် Safety Features များလည်း ပါဝင်ပါသည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် ၂၀၁၇-၂၀၁၈ KIA Sportage ကို Grade ၊ ကီလို၊ ကားအနေအထား၊ နံပါတ်တို့အပေါ်မူတည်ကာ ကျပ်သိန်း ၄၅၀ မှ ငါးရာ ဝန်းကျင်ဈေးများဖြင့် ဝယ်ယူနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here