ကျပ်သိန်း ၄ဝဝ နှင့် ကျပ်သိန်း ၆ဝဝ ကြားရွေးချယ်သင့်သည့်ကားများ

1433

SUVအမျိုးအစားကားစျေးကွက်ထဲမှာ Honda Vezel နဲ့ Toyota Kluger တို့က လူအများစုကြိုက်နှစ်သက်တဲ့ ကားအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ တင်သွင်းလို့မရတော့ပေမဲ့ စျေးကွက်ထဲမှာတော့ နံပါတ်ထွက်ပြီးသားရောင်းကားတွေ အများအပြားရှိပါတယ်။ ဒီကားတွေကို ကားအရောင်းစင်တာတွေမှာ Consignment နဲ့တင်သွင်းထားတဲ့ လက်ကျန်ကားတွေလည်း ရှိတဲ့အတွက် ရှာဖွေဝယ်ယူလို့ရပါတယ်။

Honda Vezel
မိုဒယ်အမြင့် SUV တစ်စီးကို စလစ်ကပ် တင်သွင်းမယ်ဆိုရင် Honda Vezel ကိုရွေးချယ်သင့်ပါတယ်၊ Honda Vezel က အင်ဂျင်ပါဝါ ၁၅ဝဝ စီစီပဲ ရှိတဲ့အတွက် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ရသလို Hybrid အင်ဂျင်နဲ့လည်း ဝယ်ယူလို့ရတဲ့အတွက် SUV အမျိုးအစားကို ဆီစားနှုန်း သက်သာစွာနဲ့ စီးနင်းနိုင်မှာဖြစ်ပါတယ်၊ Honda Vezel ကို Subcompact Crossover SUV တစ်စီးအဖြစ် Honda ကုမ္ပဏီကနေ ၂ဝ၁၃ ခုနှစ်နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်၊ Vezel ကို New York Auto Show မှာ မိတ်ဆက်ပြသခဲ့ပြီး ဥရောပနဲ့ အမေရိကန်မှာ Honda HR-V အနေနဲ့ ရောင်းချခဲ့ပါတယ်၊ဒီကားက HR-V ရဲ့ ဒုတိယမျိုးဆက်လို့ ပြောမယ်ဆိုရင်မမှားပါဘူး၊Honda ကနေ Vezel ကို Urban SUV အနေနဲ့ ထုတ်လုပ်ခဲ့ပြီး Vezel ဆိုတဲ့စကားလုံးက ”Bezel ” သွေးထားတဲ့ကျောက်မျက်ရတနာ မျက်နှာပြင်ဆိုတဲ့ အဓိပ္ပာယ် ရပြီး ရှေ့စာလုံး B နေရာမှာ Vehicle နဲ့ အစားထိုးပြီး Vezel လို့ အမည် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Honda Vezel ကို ၁၅ဝဝ စီစီ အင်ဂျင်တစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး 2WD , 4WD အင်ဂျင်နဲ့သာမက Hybrid အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားပါတယ်၊ ချက်စီအနေနဲ့ခွဲမယ်ဆိုရင် ရိုးရိုးအင်ဂျင် 2WD က RU1 ၊ 4WD က RU2 ဖြစ်ပါတယ်၊ Hybrid အင်ဂျင်မှာ 2WD က RU3 ဖြစ်ပြီး 4WD က RU4 ဖြစ်ပါတယ်၊ရိုးရိုးအင်ဂျင်မှာ G , X , S ဂရိတ်တွေရှိပြီး G ဂရိတ်မှာ 2WD , 4WD နှစ်မျိုးရှိပေမယ့် X , S ဂရိတ်တွေမှာတော့ 2WD တစ်မျိုးတည်းကို ထုတ်လုပ်ထားပါတယ်၊

အတွင်းခန်းအပြင်ပိုင်းအပြင်အဆင်

Honda Vezel က SUV အမျိုးအစားဖြစ်တဲ့အတွက် ငါးယောက်စီး တံခါးငါးချပ်ဖြစ်ပါတယ်။ ရှေ့တံခါးနှစ်ချပ်က ပုံမှန်အတိုင်းဖြစ်ပြီး နောက်တံခါး နှစ်ချပ်ကတော့ Nissan Juke လို အဖွင့်အပိတ်လက်ကိုင်က တံခါးထောင့်မှာရှိတဲ့အတွက် ရုတ်တရက်ကြည့်မယ်ဆိုရင် တံခါးနှစ်ချပ်ကားလို့ ထင်ရပါတယ်။G ဂရိတ်က Basic Grade ဖြစ်တဲ့အတွက် Cruise Control မပါသလို Leather Seat နဲ့လည်းရရှိမှာမဟုတ်ပါဘူး၊X ဆိုရင်တော့ Side Airbag ၊ LED Headlight နဲ့ Cruise Control ပါသွားပါတယ်၊ G နဲ့ X ဂရိတ်တွေမှာ အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်ပြီး S ဂရိတ်ဖြစ်သွားရင် အလွိုင်းဆိုဒ် ၁၇ လက်မဖြစ်သွားပါတယ်၊S ဂရိတ်မှာ Paradise Shift နဲ့ Roof Rail ပါသွားပါတယ်၊Hybrid ဖြစ်ရင် နောက်မီးက LED မီးခွက် ဖြစ်သွားပါတယ်၊ဂရိတ်အားလုံးမှာ Push-start , Steering Volume , Control , Digital Aircon ( Touch Button ) ဖြစ်သွားပါတယ်၊

စျေးနှုန်း

Honda Vezel ကို Hybrid အင်ဂျင်နဲ့တင်သွင်းမှုများပြီး ၂ဝ၁၄ မိုဒယ်ကို စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် ရိုးရိုးအင်ဂျင်ဆိုရင် သိန်း ၅၅ဝ ဝန်းကျင်ရှိပြီး Hybrid ဆိုရင် သိန်း ၆ဝဝ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Toyota Kluger

Mid-Size Crossover SUV အမျိုးအစားဖြစ်တဲ့ Toyota Kluger ကို ၂ဝဝဝ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး New York Auto Show မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီကားကို Toyota Highlander လို့လည်း လူသိများပြီး Toyota ရဲ့ ရောင်းအားအကောင်းဆုံး SUV ကားအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ Toyota Kluger မှာ V နဲ့ L ဆိုပြီး နှစ်မျိုးရှိပေမဲ့ ကားပုံစံနဲ့ စက်ပိုင်းဆိုင်ရာမှာ ထူးထူးခြားခြားကွာခြားချက် မရှိပါဘူး။ ထုတ်လုပ်တဲ့ ခုနှစ်နဲ့ ရောင်းချတဲ့နိုင်ငံအပေါ်မူတည်ပြီးတော့ Kluger V နဲ့ Kluger L ဆိုပြီး ကွာခြားသွားတာ ဖြစ်ပါတယ်။ Kluger V ကို ၂ဝဝဝ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Kluger L ကိုတော့ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ကားတင်သွင်းခွင့်ပေါ်လစီအရတော့ ၂ဝ၁၄ မိုဒယ်နဲ့အထက် ဘယ်မောင်းကားတွေကို သာတင်သွင်းခွင့်ရလို့ Kluger ကို ဝယ်ယူမယ်ဆိုရင် နံပါတ်ထွက်ပြီးသား ကားတွေကိုပဲ ရှာဖွေဝယ်ယူရမှာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
Kluger ကို အင်ဂျင်ပါဝါ ၂၄ဝဝ စီစီနဲ့ ၃ဝဝဝ စီစီကို 2WD , 4WD နှစ်မျိုးထုတ်လုပ်ထားပြီး Chassis နဲ့ခွဲမယ်ဆိုရင် ၂၄ဝဝ စီစီ 2WD က ACU20 ၊ ၂၄ဝဝ စီစီ 4WD က ACU25 ၊ ၃ဝဝဝ စီစီ 2WD က MCU20 ၊ ၃ဝဝဝ စီစီ 4WD က MCU25 ဖြစ်ပါတယ်။ Kluger ကို Hybrid အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားပေမဲ့ တင်သွင်းမှုမရှိသလောက် နည်းပါတယ်။

အပြင်ခန်းနှင့်အတွင်းခန်းအပြင်အဆင်

Kluger ၂ဝဝ၃ မိုဒယ်၊ သြဂုတ်လနောက်ပိုင်းမှာ ထုတ်တဲ့ကားတွေနဲ့ အရှေ့ပိုင်းမှာထုတ်တဲ့ကားတွေက နောက်မီးခွက်ပုံစံကွဲသွားပါတယ်။ အရင်မိုဒယ်တွေမှာ နောက်မီးခွက်အဖြူ ၂ တန်းပါပေမဲ့ နောက်ပိုင်းထုတ် တဲ့ကားတွေမှာ အဖြူ ၁ တန်းသာ ပါဝင်ပါတယ်။ နောက်ပြီး ၂ဝဝ၃ မိုဒယ်နောက်ပိုင်းကားအများစုမှာ အရှေ့ရှဲလ်ပုံစံက ကန့်လန့်ပုံစံတွေများသွားပြီး အရှေ့ပိုင်းထုတ်တဲ့ကားတွေက ဒေါင်လိုက်ပုံစံရှဲလ်တွေ ဖြစ်ပါ တယ်။ Kluger မှာ SX Package က အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်ပြီး Base Grade ဖြစ်တဲ့အတွက် ရှေ့နှင်းခွဲမီးနဲ့ နောက်စပွိုင်လာတွေ မပါရှိပါဘူး။Original TV ကတော့ Option ပေါ်မှာ မူတည်ပါတယ်။ S Package မှာ အလွိုင်းဆိုဒ် ၁၇ လက်မနဲ့ မှန်ကာလာဖြစ်သွားသလို Gear Tranmission မှာ Up/down Panel က Steering မှာ ပါဝင် မှာ ဖြစ်ပါတယ်။ ထိုင်ခုံက Leather Seat ဖြစ်သွားသလို ခုံ၃တန်းဖြစ်သွားတာလည်း များပါတယ်။ SG Package မှာ အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်သွားပြီး အတွင်းခန်းအသားရောင်ဖြစ်သွားပါတယ်။ ထိုင်ခုံမော်တာပါဝင်လာသလို ထိုင်ခုံ ၃ တန်း ၇ ယောက်စီးအဖြစ်လည်း ထုတ်လုပ်ထားပါတယ်။

စျေးနှုန်း
Toyota Kluger က အက္ခရာနဲ့ မိုဒယ်အပေါ်ကွာခြားပြီး စျေးကွာဟချက် ရှိသလို ဂရိတ်အနိမ့်အမြင့်အပေါ်မူတည်ပြီးလည်း စျေးမတူပါဘူး။ ၂ဝဝ၆ ၊ ၂ဝဝ၇ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ကားဂရိတ်နဲ့ ရန်ကုန်လိုင်စင်အပေါ် မူတည်ပြီး သိန်း ၄ဝဝ နဲ့ ၄၅ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here