ကျပ်သိန်း ၃ဝဝ မှ ၃၅ဝ ကြား ရွေးချယ်သင့်သည့်ကားများ

1382

မြန်မာပြည် ၁၃ဝဝ စီစီ ကားစျေးကွက်ထဲမှာ လူကြိုက်များခဲ့တဲ့ Honda Fit ၊ Toyota Vitz ၊ Suzuki Swift ၊ Mazda Demio ကားတွေရဲ့နေရာမှာ ဒီနှစ်မူဝါဒနဲ့ ဘယ်မောင်း ကားတွေကို အစားထိုးတင်သွင်းမယ်ဆိုရင် Peugeot 208 နဲ့ Citroen C4 ကို ရွေးချယ်လို့ ရပါတယ်။ ဒီကားတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ဖရီးပါမစ်နဲ့တင်သွင်းခဲ့တဲ့အတွက် စျေးကွက်ထဲမှာလည်း နေရာရပြီးသားကားတွေ ဖြစ်ပါတယ်။

 

Citroen C4

Citroen C4 ကို ၂ဝဝ၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းမှာ ဒုတိယမျိုးဆက်အဖြစ် ထုတ်လုပ်ထားပါတယ်။ ဒီကားကို Citroen ရဲ့ အောင်မြင်မှုရခဲ့တဲ့ Xsara ကို ဒီဇိုင်းယူပြီး ထုတ်လုပ်ခဲ့တာ ဖြစ်သလို ပြင်သစ် ကားအမှတ်တံဆိပ်နောက်တစ်မျိုးဖြစ်တဲ့ Peugeot 308 နဲ့လည်း ပုံစံချင်းဆင်ပါတယ်။ Citroen C4 ဟာ ထုတ်လုပ်ခဲ့တဲ့သမိုင်းတစ်လျှောက်မှာ ဆုတံဆိပ်တွေရရှိခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ World Car of the Year ၊ ၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ ခုနှစ်တွေမှာ Autosport Rally Car of the Year  စတဲ့ ကားနဲ့ပတ်သက်တဲ့ ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။

 

အင်ဂျင်အမျိုးအစား

Citroen C4 ဟာ အင်ဂျင်ပါဝါ ၁၂ဝဝ စီစီဖြစ်ပြီး 2WD အင်ဂျင်ကို ဗကအသ ဂီယာ လေးချက်၊ ခြောက်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ Inline 4 Cylinder DOHC Turbo အင်ဂျင်အမျိုးအစားဖြစ်ပြီး မိုဒယ်နံပါတ်က 5S02  ဖြစ်ပါတယ်။ Chassis ကိုခွဲရင် ဂီယာလေးချက်က B75F01 နဲ့ ဂီယာ ခြောက်ချက်က B75F02S  ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Citroen C4 ရဲ့ ဒုတိယမျိုးဆက်ကို ၂ဝ၁ဝ ပြင်သစ်ကားပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။ Hatchback  ကားအမျိုးအစားဖြစ်တဲ့အတွက် တံခါးငါးပေါက်ပါရှိပြီး ဒုတိယမျိုးဆက်က ပထမမျိုးဆက်နဲ့ယှဉ်ရင် ကားအရွယ်အစား အနည်းငယ်ကြီးသွားပါတယ်။ ကားအရှေ့ရှဲလ်မှာ Citroen ရဲ့ Logo ဖြစ်တဲ့ ‘ Cut ‘ On the Top and A ‘ Step ‘ ဒီဇိုင်းအတိုင်းလှေကားထစ်ပုံစံ ရှဲလ်တန်းနှစ်တန်းနဲ့ ဒီဇိုင်းဆင်ထားပါတယ်။ ၂ဝ၁၅ မိုဒယ်မှာ Seduction ၊ Seduction Upgrade Package နဲ့ Exclusive စတဲ့ဂရိတ်တွေရှိပြီး Upgrade Package  ဂရိတ်က အလွိုင်းဆိုက် ၁၇ လက်မဖြစ်ပြီး ကျန်ဂရိတ်တွေက ၁၆ လက်မဖြစ်ပါတယ်။ မိုဒယ်မြင့်ကားဖြစ်တဲ့အတွက် Aircon Auto ၊ Cruise Control Central Switch ၊ နှင်းခွဲမီး စတာတွေပါသွားပါတယ်။ RPM အပါအဝင် ဒိုင်ခွက်သုံးထပ်ဖြစ်ပြီး စတီယာရင်ကလည်း လည်သာကြိုးချုပ်ဖြစ်သွားပါတယ်။

 

စျေးနှုန်း

မြန်မာနိုင်ငံ လမ်းစနစ်နဲ့သင့်တော်တဲ့ Citroen C4 ၂ဝဝ၅ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း သုံးရာနဲ့ ၃၅ဝ ကြား ကျသင့်မှာဖြစ်ပါတယ်။

 

Peugeot 208 

Peugeot  ကုမ္ပဏီဟာ Peugeot 208  ကို ၂ဝ၁၂ ခုနှစ်၊ မတ်လမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကားဟာ Supermini  ကားအမျိုးအစားဖြစ်ပြီး စတင်ထုတ်လုပ်တဲ့နှစ်မှာ Geneva Motor Show မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။ ကားဒီဇိုင်းကို ပြင်သစ်ကားဒီဇိုင်နာ Pierre Authier  နဲ့အတူ Sylvain Henry  တို့က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ Peugeot 208  နဲ့ လမ်းကြမ်းမောင်းကားပြိုင်ပွဲတစ်ခုဖြစ်တဲ့ FIA World Rallycross Championship  ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Team Peugeot-Hansen ဆိုတဲ့ ထုတ်လုပ်တဲ့ဆုကို ရရှိခဲ့သလို အဲဒီနှစ်မှာပဲကျင်းပပြုလုပ်တဲ့ FIA World Rallycross Championship  ပြိုင်ပွဲမှာလည်း Runner-up ရရှိခဲ့ပါတယ်။

 

အင်ဂျင်အမျိုးအစား

Peugeot 208  ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၂ဝဝ စီစီ၊ ၁၄ဝဝ စီစီ၊ ၁၆ဝဝ စီစီတို့နဲ့ ထုတ်လုပ်ထားပြီး ဒီဇယ်အင်ဂျင်ကိုတော့ ၁၄ဝဝ စီစီနဲ့ ၁၆ဝဝ စီစီတို့နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၁၂ဝဝ စီစီ ဓာတ်ဆီအင်ဂျင်မှာ Auto ဂီယာ ငါးချက်နဲ့ ထုတ်လုပ်ထားသလို Sport Type အဖြစ်လည်း Manual Gear  ငါးချက်နဲ့ ထုတ်လုပ်ထားတာလည်း ရှိပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Peugeot 208 ကို ငါးယောက်စီး၊ တံခါး ငါးချပ်နဲ့ထုတ်လုပ်ထားသလို ငါးယောက်စီး၊ တံခါး သုံးချပ်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ ၂ဝ၁၅ မိုဒယ်မှာ ဂရိတ်ခွဲအနေနဲ့ Allure ၊ Premium ၊ Cielo ၊ Style ၊ Allure Premium Package စတဲ့ ဂရိတ်ခွဲတွေရှိပြီး Allure Premium Package က ဂရိတ်အမြင့်ဆုံးဖြစ်လို့ Sunroof  ပါသွားသလို ထိုင်ခုံ နှစ်ရောင်စပ် ဖြစ်သွားပါတယ်။ Style ဂရိတ်ကတော့ ဂရိတ်အနိမ့်ဖြစ်လို့ Manual Aircon  ဖြစ်သွားပါတယ်။ ကျန်ဂရိတ်တွေမှာတော့ Digital Aircon ပါသွားပြီး Cruise Control ၊  ရှေ့နှင်းခွဲမီး၊ Original Alloy 16 လက်မ စတာတွေ ပါသွားပါတယ်။ Allure Grade တစ်မျိုးတည်းမှာသာ တံခါးသုံးချပ်နဲ့ လာပြီး ကျန်တဲ့ဂရိတ်တွေအားလုံးကို တံခါးငါးချပ်နဲ့ ထုတ်လုပ်ထားပါတယ်။

 

စျေးနှုန်း

Peugeot 208  ၂ဝ၁၅ မိုဒယ်(၁၂ဝဝ စီစီ)ကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း သုံးရာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here