ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

847

SUV ကားများကို နှစ်သက်ကြသည့် ကားချစ်သူများအနေဖြင့် လက်ရှိစျေးကွက်အတွင်း နာမည်ရှိပြီးသား မိုဒယ်လည်းဖြစ်ကာ နေရာမရွေး ကောင်းစွာအသုံးပြုနိုင်သော SUV မိုဒယ်နှစ်မျိုးဖြစ်သည့် ၂ဝဝ၁ မိုဒယ် Toyota Kluger နှင့် Mitsubishi Pajero (ဖားပြုပ်)တို့ကို ရွေးချယ်သင့်ပါသည်။ ထိုကားများတွင် ဆီစားနှုန်း သင့်တင့်သည့်အင်ဂျင်များကိုလည်းရွေးချယ်နိုင်ပြီး မိသားစုသုံးအတွက် အဆင်ပြေသည့် ကိုယ်ထည်ပုံစံများ လည်း ဖြစ်ကြပါသည်။

Mitsubishi Pajero
Pajero ကို စပိန်နှင့် အမေရိကနိုင်ငံများတွင် Montero ၊ အင်္ဂလန်တွင် Shogun ဟုလည်း ခေါ်ကြပြီး မြန်မာ့ကားလောကတွင်တော့ ၂ဝဝ၁ မိုဒယ် Pajero ကို ဖားပြုပ်ဟု အမည်သညာတွင်ပါသည်။ ယင်းမိုဒယ်သည် မြန်မာနိုင်ငံတွင် စျေးကွက်ဝင်ပြီး ထင်ရှားသည့် SUV လည်းဖြစ်သည်။ ယခင်မိုဒယ်များထက် အရွယ်ပိုကြီးသလို ဒီဇိုင်းလည်း လှပမှုရှိသည့်အပြင် စွယ်စုံသုံးအနေဖြင့် အထူးသင့်တော်သည့်အတွက် လူကြိုက်များလှပါသည်။ ဖားပြုပ်ရုပ်ထွက်ကို ၂ဝဝ၃-၂ဝဝ၄ ခုနှစ်ဝန်းကျင်အထိ ထုတ်လုပ်ထားပြီး မြန်မာစျေးကွက်တွင် ၂ဝဝဝ-၂ဝဝ၁ ခုနှစ်မိုဒယ်များကို အဓိကတင်သွင်းပါသည်။ ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်နှစ်မျိုးစလုံးရရှိနိုင်ပါသည်။ ၎င်းသည် 5-Doors SUV နှင့် 3-Door SUV ဟူ၍ ပုံစံနှစ်မျိုး ထုတ်လုပ်ထားသော်လည်း 5-Doors SUV ကိုသာ အတွေ့များပါသည်။ Pajero ဖားပြုပ်သည် Unibody ပုံစံဖြစ်ပြီး လမ်းအခြေအနေမျိုးစုံအတွက် အထူးသင့်တော်သည့် 4WD စနစ်တစ်မျိုးဖြစ်သည်။ Super Select 4WD II ကို စတင်ထည့်သွင်းထားပြီး အခြားသော ထူးခြားမှုများစွာလည်း ပါရှိပါသည်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Pajero ၂ဝဝ၁ မိုဒယ် ဖားပြုပ်သည် အရွယ်ကြီးမားပြီး တောင့်တင်းသည့် Body Style ဖြစ်ကာ Grade အပေါ်မူတည်၍ နှင်းခွဲမီး၊ Sunroof စသည့် ပါဝင်မှုများ ထည့်သွင်းထားပါသည်။ Exceed ၊ Super Exceed စသည် ဖြင့် Grade များ ခွဲခြားထားသကဲ့သို့ အတွင်းခန်းအရောင်များကိုလည်း စုံလင်စွာ ရွေးချယ်နိုင်ပါသည်။ အတွင်းခန်းကို ကျယ်ဝန်းစွာ ခင်းကျင်းထား ပြီး ခုံသုံးတန်းပုံစံဖြစ်ကာ နောက်ဆုံးထိုင်ခုံများကို အတွင်းသို့ခေါက်သိမ်း နိုင်သောကြောင့် ပစ္စည်းများ ကျယ်ဝန်းစွာထားရှိနိုင်ပါသည်။ Display Screen ၊ Automatic Aircon ၊ သားရေထိုင်ခုံ၊ CD Player စသည်ဖြင့် Grade အပေါ်မူတည်ကာ Function များ စုံလင်စွာ ထည့်သွင်းထားပါ သည်။

အင်ဂျင်အမျိုးအစား
Pajero ၂ဝဝဝ-၂ဝဝ၁ ခုနှစ်မိုဒယ်များတွင် ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင် ပုံစံနှစ်မျိုးရရှိနိုင်ပြီး ဓာတ်ဆီအနေဖြင့် 3.5L V6 GDI Engine နှင့် ဒီဇယ်အနေဖြင့်3.2L Di-DI4 Engine ဟူ၍ နှစ်မျိုးရရှိနိုင်ပြီး ဒီဇယ်အင်ဂျင်ကားများကို လူကြိုက်များပါသည်။

စျေးနှုန်း
စျေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၅ဝ မှ နှစ်ရာအတွင်းရှိကာ ဒီဇယ်မိုဒယ်က စျေးပိုများပါသည်။

Toyota Kluger
Kluger ကို ၂ဝဝ၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ရှေ့ဘီးယက်ပုံစံ SUV ဖြစ်ကာ 4WD စနစ်ကိုလည်း ထည့်သွင်းထားသည်။ Kluger တွင် L ၊V ဟူ၍ ပုံစံနှစ်မျိုးရှိပြီး Kluger L ကို ၂ဝဝ၁ ခုနှစ်တွင် ထုတ်လုပ်ကာ Kluger V ကို ၂ဝဝ၄ ခုနှစ်တွင် Facelift အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ဒီဇိုုင်းလှပခြင်း၊ စွယ်စုံအသုံးပြုနိုင်ခြင်း၊ ကြာရှည်ခံနိုင်ခြင်းတို့ကြောင့် Kluger ကို မြန်မာပြည်တွင် လူကြိုက်များသည်။

အပြင်ပိုင်းနှင့် အတွင်းခန်း
Kluger ၏ ပုံစံသည် ပြေပြစ်ပြီးလှပသည့် ဒီဇိုင်းရှိကာ 2.4S နှင့် 3.0S Four ဟူ၍ ပုံစံနှစ်မျိုး အဓိကပါရှိပါသည်။ ပါဝင်သည့် Features များအ ပေါ်မူတည်၍ S Package ၊ G Package နှင့် X Package ဟု Grade များ ခွဲခြားထားပါသည်။ အတွင်းခန်းသည် ကျယ်ဝန်းသပ်ရပ်သည့် ပုံစံ ဖြစ်ကာ ခရီးသည်ငါးဦးစီးပုံစံ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်မိုဒယ်တွင်သာ တတိယထိုင်ခုံတန်းကို အပိုဆောင်းအနေဖြင့် ထည့်သွင်းထားသည်။ Touch Screen ၊ Dual Zone Aircon ၊ CD Player ၊ EBD ၊ Brake Assist ၊ Sunroof စသည့်ပါဝင်မှုများကို Grade များအလိုက် ထည့် သွင်းထားပါသည်။ Kluger တွင် အပေါ်တီဗီ ဖြစ်မဖြစ်ဆိုသည့် အချက် ကလည်း မြန်မာ့ကားလောကတွင် ထူးထူးခြားခြားအရေးကြီးသည့် အချက် ဖြစ်သည်။

အင်ဂျင်အမျိုးအစား
Kluger ၂ဝဝ၁ မိုဒယ်တွင် ဓာတ်ဆီအင်ဂျင်နှစ်မျိုး ထည့်သွင်းထားပြီး ယင်းတို့မှာ 2.4L I4 ZAR-FE နှင့် 3.0L V6 1MZ-FE အင်ဂျင်များ ဖြစ် ကြပါသည်။

စျေးနှုန်း
စျေးနှုန်းအနေဖြင့် 2.4L အင်ဂျင်ပါဝင်သည့်မိုဒယ်ကို လူကြိုက်များပြီး ကျပ်သိန်း ၂၅ဝ မှ သုံးရာအတွင်းရှိပါသည်။ နံပါတ်မြင့်ပြီး ကီလိုနည်းပါက သိန်းသုံးရာကျော်နိုင်ပါသည်။ 3.0L အင်ဂျင်သည် ထို့ထက် ေစျးသက်သာမည် ြဖစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here