ကျပ်သိန်း ၂ဝဝ နှင့် ၂၅ဝ ကြား ရွေးချယ်သင့်သည့်ကားများ

324

အင်ဂျင်ပါဝါနည်းနည်းနဲ့ ထိုင်ခုံသုံးတန်း Compact MPV ကားအမျိုးအစားကို ဝယ်ယူဖို့ စိတ်ကူးထားတယ် ဆိုရင် ဂျပန်ညာမောင်းကားထဲက Honda Freed နဲ့ SKD ကားထဲက Suzuki Ertiga တို့ကို ရွေးချယ်လို့ ရပါတယ်။ ကျပ်သိန်း ၂၃ဝ ဝန်းကျင်သုံးပြီး ကားကောင်းလိုချင်ရင် ဒီကားအမျိုးအစား နှစ်မျိုးက အသင့် တော်ဆုံးဖြစ်ပြီး စျေးကွက်ထဲမှာလည်း အလွယ်တကူရှာဖွေလို့ရတဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

Honda Freed
Honda က ထုတ်လုပ်တဲ့ Freed ဟာ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီသာရှိပေမဲ့ လူငါးဦးကနေ ရှစ်ဦးအထိ စီးနင်းနိုင်တဲ့အတွက် မိသားစုများတဲ့သူတွေ ရွေးချယ်သင့်တဲ့ကားအမျိုးအစား ဖြစ်ပါတယ်။ နောက်ပြီး ဒီကားက Alphard ၊ Wish ၊ Noah တို့လို ကားအရွယ်အစားမကြီးလို့ ကားပါကင်အတွက်လည်း စိတ်ပူစရာမလိုပါဘူး၊ Honda ကုမ္ပဏီကနေ Honda Freed ကို ၂ဝဝ၈ ခုနှစ်ကစပြီး ဘက်စုံသုံး Mini MPV အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်၊ Freedကို Mobilio နေရာ အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့နာမည်ကြီး Fitနဲ့ Jazz တို့ရဲ့ ဖွဲ့စည်းပုံအပေါ် အခြေခံထားပါတယ်။ ဒီကားမှာ Versions သုံးမျိုးရှိပြီး ငါးယောက်စီး၊ ခုနစ်ယောက်စီး၊ ရှစ်ယောက်စီးအနေနဲ့ ခွဲခြားထားပါတယ်။

အင်ဂျင်အမျိုးအစား
Honda Freed ကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီတစ်မျိုးတည်း ထုတ်လုပ်ထားပြီး 2WD ၊ 4WD နှစ်မျိုးခွဲခြားထားပါတယ်။ မြင်းကောင်ရေကတော့ ၁၁၈ ကောင်အား ဖြစ်ပြီး အော်တိုဂီယာ ငါးချက် ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစားကL15A ဖြစ်ပြီး 2WD ရဲ့ Chassis က GB3 ၊ 4WD ရဲ့ Chassis က GB4 ဖြစ်ပါတယ်။ Honda Freed ကို ၂ဝ၁၆ မိုဒယ်မှာ Hybrid Version အနေနဲ့လည်း တွေ့ရပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Honda Freed ကို ငါးယောက်စီး၊ ခုနှစ်ယောက်စီး၊ ရှစ်ယောက်စီးအနေနဲ့ ထုတ်လုပ်ထားပြီး ဘေးတံခါးတွေက Sliding Door ဖြစ်ပါတယ်။ ၂ဝ၁၁ မိုဒယ်မှာဆိုရင် G ၊ G Just Selection ၊ G Aero စတဲ့ Grade သုံးမျိုး ရှိပြီး G Just Selection နဲ့ G Aero Grade တွေမှာ Aircon Auto ဖြစ် သွားပါတယ်။ G Aero ကတော့ Grade အမြင့်ဆုံးဖြစ်လို့ လယ်သာစတီ ယာရင်ဖြစ်သွားသလိုOriginal TV နဲ့ Back Camera လည်း ပါသွားပါတယ်။ နောက်ပြီး ဒီ Grade မှာ Original Alloy Size ၁၅ လက်မ ဖြစ်သွားပါတယ်။

စျေးနှုန်း
Honda Freed ၂ဝ၁ဝ၊ ၂ဝ၁၁ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် အက္ခရာ၊ ဂရိတ်နဲ့ ကားအရောင်အပေါ်မူတည်ပြီး စျေးကွာဟချက်ရှိပါတယ်။ ဒီကား ကို ရန်ကုန်လိုင်စင် J ၊K တန်းထဲက လိုချင်တယ်ဆိုရင် ကျပ်သိန်း ၂၃ဝ ကနေ ၂၆ဝ ကြား ရှိပါတယ်။

Suzuki Ertiga
ဂျပန်နည်းပညာအသုံးပြုပြီး မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ထားတဲ့ ၂ဝ၁၆ မိုဒယ် Suzuki ERTIGA Type 2 ကလည်း ခုနစ်ယောက်စီး Compact MPV အမျိုးအစားဖြစ်ပြီး ဘယ်မောင်း MPV တွေထဲမှာ စျေးကွက်အောင်မြင်မှု ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ Ertiga ကို ၂ဝ၁၅ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး ပထမဆုံးမိုဒယ်ကို Type 1 အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂ဝ၁၆ မိုဒယ်မှာ ရုပ်ပြောင်းသွားတဲ့အတွက် Type 2 အဖြစ် သတ်မှတ်ခဲ့ပြီး ၂ဝ၁၉ (လက်ရှိမိုဒယ်)မှာ ထုတ်လုပ်နေတဲ့ကားတွေကိုတော့ Type 3 လို့ သတ်မှတ်ထားပါတယ်။ Ertiga ကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့အတွက် စျေးနှုန်းသက်သာပြီး SKD Brand New ကားတွေထဲမှာ ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၂ဝ၁၆ မိုဒယ် Ertiga Type 2 ဟာ Type 1 နဲ့ အဓိက ကွာခြားသွားတာက ကားရဲ့ရှေ့ပိုင်း Grille ဒီဇိုင်း ၊ နှင်းခွဲမီးဒီဇိုင်းနဲ့ ကားနောက်ပိုင်းမှာ အလှဆင်ခရိုမီယမ်တန်း ပါဝင်လာပါတယ်။ ကားရဲ့ရှေ့ပိုင်းမှာ ခရိုမီယမ် Grille ကို ပြောင်းလဲတပ်ဆင်အသုံးပြုထားပြီး နှင်းခွဲမီးရဲ့အပေါ်မှာ သတ္တုတန်း လေးကို ထပ်တိုးတပ်ဆင်ထားပါတယ်။ ၁၅ လက်မ အလွိုင်းဘီးတွေကို တပ်ဆင်ထားပြီး နောက်ဘက်မှာ ပါကင်ဆင်ဆာလေးလုံး တပ်ဆင်ထားပါ တယ်။ အတွင်းခန်းအပြင်အဆင်ကို ကြည့်မယ်ဆိုရင်လည်း ၂ဝ၁၅ မိုဒယ်ထက် ပိုမိုစုံလင်တဲ့ Features တွေ ပါဝင်လာတာ တွေ့ရပါတယ်။ Push-start Engine ၊ မှန်ချိုးမှန်ခေါက်စနစ်၊ DVD Player ၊ စတီယာရင် Audio Control စတဲ့စနစ်တွေကို ထည့်သွင်းအသုံးပြုထားပါတယ်။ ခုနှစ်ယောက်စီးဖြစ်တဲ့အတွက် ထိုင်ခုံသုံးတန်းပါဝင်ပြီး သုံးတန်းမြောက် ထိုင်ခုံကို ခေါက်လိုက်ရင် ၄၈၂ လီတာ ဝင်ဆံ့တဲ့နေရာအကျယ်အဝန်းကို ရရှိမှာဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
Suzuki Ertiga Type 2 မှာ အသုံးပြုထားတဲ့ 1.4L 14B VVT အင်ဂျင် က ပေါ့ပါးပြီး ဆီစားနှုန်းသက်သာသလို အင်ဂျင်ရဲ့ အင်အားထုတ်လုပ်မှုကို ပိုမိုကောင်းမွန်အောင် ထိန်းကျောင်းပေးမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့ အတွက် စက်သံဆူညံမှု လျော့ပါးစေမှာ ဖြစ်ပါတယ်။

စျေးနှုန်း
Suzuki Ertiga Type 2 မှာ အက္ခရာ၊ ကီလိုအနည်းအများနဲ့ အတိုက် အခိုက်ရှင်း၊မရှင်းအပေါ် မူတည်ပြီး စျေးကွာဟပါတယ်။ အညို၊ အနက်၊ တို့ထက် အဖြူက စျေးပိုရြပီး ကျပ်သိန်း ၂၁ဝ ကေန ၂၄ဝ ြကား ရှိပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here