ကျပ်သိန်း ၁၅၀ နှင့် ၂၀ဝ ကြား ရွေးချယ်သင့်သည့်ကားများ

844

 

Mini Compact အမျိုးအစား ကားငယ်များသည် Sporty ဆန်သည့် ဒီဇိုင်းရှိခြင်း၊ ပေါ့ပေါ့ပါးပါးနှင့် အသုံး ပြုနိုင်ခြင်း၊ ဆီစားသက်သာခြင်း၊ မြို့တွင်းသုံးအတွက် များစွာအဆင်ပြေခြင်း စသည့် ထူးခြားချက်များနှင့် ပြည့်စုံသည့်အတွက် လူကြိုက်များပါသည်။ ယခုတစ်ပတ် Best Choice အတွက် ဂျာမန်ထုတ် Volkswagen Polo နှင့် JDM မိုဒယ်ဖြစ်သည့် Mitsubishi Colt Plus တို့ကို ရွေးချယ် တင်ဆက်သွားမည် ဖြစ်ပါသည်။

Volkswagen Polo
မြို့တွင်းသုံးအတွက် အလွန်သင့်တော်သည့် 1300CC ကားများတွင် VW Polo ကို ချန်ထား၍မရပါ။ Polo သည် VW Made ဖြစ်သော်လည်း တင်သွင်းစီးနင်းသူ များသည့်အတွက် Spare Parts အနေဖြင့် အခြားဂျာမန် ကားများလောက် မရှားသည့်အပြင် ဈေးနှုန်းလည်း အဆင်ပြေ၍ စီးနင်းသင့်သည့်မိုဒယ် ဖြစ်သည်။ VW Polo သည် ၁၉၇၅ ခုနှစ်တွင် Supermini Car အနေဖြင့် ထွက်ရှိခဲ့ပြီး Hatchback ၊ Sedan ၊ Station Wagon ဟူ၍ ပုံစံအမျိုးမျိုး ရှိပါသည်။ ပဉ္စမမျိုးဆက်ကို ၂၀ဝ၉ ခုနှစ်တွင်ထုတ်လုပ်ခဲ့ပြီး European Car of the Year ၊ Japan Import Car of the Year စသည့် ဆုများ ရရှိခဲ့သည်။ Polo သည် VW Made ဖြစ်သည့်အတွက် အင်ဂျင်စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်မှုတို့ အထူးကောင်းမွန်ပါသည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
VW Polo တွင် Grade များအနေဖြင့် Active Bluemotion Technology ၊ TSI Comfortline Bluemotion Technology ၊ TSI Highline ၊ Cross Polo ဟူ၍ရှိကြပြီး Cross Polo သည် သာမန် Polo မိုဒယ်ထက် Size နည်းနည်းကြီးကာ အရှေ့ဘက် Grille ဒီဇိုင်းလည်း ကွဲပြားပါသည်။ Polo Cross သည် Polo မိုဒယ်များတွင် အမြင့်ဆုံး Grade ဖြစ်ပြီး Digital Aircon ၊ 17-inch Alloy ၊ နှင်းခွဲမီး စသည့် Feartures များ ပါဝင်ကာ မီးလုံးပုံစံသည်လည်း ပြောင်းလဲသွားပါသည်။ Polo Version တွင် TSI Highline သည် Grade အမြင့်ဖြစ်ပြီး Digital Aircon ၊ 15-inch Alloy စသည်တို့ ပါဝင်ပါမည်။ အခြား Grade များတွင် Manual Aircon သာ တွေ့ရပါသည်။

အင်ဂျင်အမျိုးအစား
၂၀ဝ၉-၂၀၁၀ VW Polo တွင် အင်ဂျင်အနေဖြင့် 1200CC အင်ဂျင်နှင့် 1400CC အင်ဂျင်နှစ်မျိုး ရရှိနိုင်ပါသည်။ အင်ဂျင်သည် Turbo အင်ဂျင်ဖြစ်ပြီး မိုဒယ်မှာ CBZ ဖြစ်သည်။ Polo ၏ Chassis သည် 6RCBA ဖြစ်ပြီး Polo Cross သည် 6CRBBZW ဖြစ်သည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် ၂၀ဝ၉/၂၀၁၀ VW Polo မိုဒယ်ကို ကားနံပါတ်၊ ကီလို၊ အနေအထားစသည်တို့အပေါ် မူတည်၍ ကျပ်သိန်း ၁၅၀ မှ နှစ်ရာဝန်းကျင် ဖြင့် ဝယ်ယူနိုင်ပါသည်။

Mitsubishi Colt Plus
Mitsubishi Colt ကို ၁၉၆၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့်အတွက် သက်တမ်းကြာရှည်သည့် မိုဒယ်ဖြစ်ကာ Colt Plus ကိုမူ ၂၀ဝ၄ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ 2010-2011 Colt Plus တွင် 1300CC Vitz အင်ဂျင် ပါဝင်လာသည့်အတွက် မြန်မာဈေးကွက်တွင် Honda Fit ၊ Toyota Vitz တို့ကဲ့သို့ လူကြိုက်များပါသည်။ Colt နှင့် Colt Plus တို့၏ ဒီဇိုင်းနှင့် စတိုင်လ်တို့သည် တူညီသော်လည်း Colt Plus ၏ နောက်ခန်းသည် တစ်ပေခန့် ရှည်ပါသည်။ ထို့ပြင် မှန်ချိုးမှန်ခေါက်နှင့် နောက်တံခါး အပိတ်/အဖွင့်တို့ကိုလည်း Remote နှင့် ပြုလုပ်နိုင်ပါသည်။ Colt Plus သည် Hatchback ထက်စာလျှင် Van နှင့် ပိုတူညီသည့်အတွက်လည်း လူကြိုက် များကြပါသည်။

အင်ဂျင်အမျိုးအစား
Mitsubishi Colt Plus အနေဖြင့် ၂၀ဝ၉ ခုနှစ်အထိ 1500CC အင်ဂျင် တစ်မျိုးတည်းသာ ထုတ်ခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် 1300CC အင်ဂျင်ကို ထပ်မံဖြည့်စွက် ထုတ်လုပ်ခဲ့သည်။ Colt Plus မိုဒယ်များတွင် 1300CC ၊ 1500CC နှစ်မျိုးသာ ရှိသော်လည်း အခြား ဒေသဈေးကွက်များသို့ တင်ပို့သည့် Colt Plus တို့တွင် 1600CC ကိုလည်း တွေ့ရပါသည်။ 1300CC 2WD ၏ Chassis သည် Z21W ဖြစ်ပြီး 1300CC 4WD ၏ Chassis သည် Z22W ဖြစ်သည်။ အလားတူ 1500CC 2WD ၏ Chassis သည် Z23W ဖြစ်ပြီး 1500CC 4WD ၏ Chassis သည် Z24W ဖြစ်သည်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Colt နှင့် Colt Plus တို့၏ ဒီဇိုင်း၊ ဖန်တီးမှုနှင့် အခင်းအကျင်းအားလုံး သည် တူညီပါသည်။ သို့သော် Colt Plus ၏ နောက်ခန်းပစ္စည်းထည့် ရန်နေရာသည် ပိုကျယ်ဝန်းပါသည်။ အလားတူ Tailgate Sensor လည်း ပါသည့်အတွက် နောက်ဖုံးအဖွင့်/အပိတ်ကို အဝေးထိန်းစနစ်ဖြင့် လုပ် ဆောင်နိုင်ပါသည်။ 2010 Colt Plus တွင် Very ၊ Cool Very ၊ 1.5 RX ဟူ၍ Grade များခွဲထားပြီး Grade အားလုံးတွင် Auto Aircon စနစ်ပါဝင်သည်။ အတွင်းခန်း ကျယ်ဝန်းပြီး ရှင်းရှင်းလင်းလင်းပုံစံဖြင့် ခင်းကျင်းထားပါသည်။

ဈေးနှုန်း
ဈေးနှုန်းအနေဖြင့် Mitsubishi Colt Plus ကို Grade ၊ ကားအနေ အထား၊ ကီလိုတို့အပေါ်မူတည်ကာ ကျပ်သိန်း ၁၅၀ မှ နှစ်ရာကြားဖြင့် ဝယ်ယူနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here