ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် ကားများ

439

ဂျပန်ညာမောင်း ၁၃ဝဝ စီစီကားတွေထဲက Honda Fit နဲ့ Toyota Vitz တို့ စျေးမြင့်တက်နေတဲ့အချိန်မှာ ဒီကားတွေအစား Mazda Verisa နဲ့ Mitsubishi Mirage တို့ကို အစားထိုး ဝယ်ယူလို့ရပါတယ်။ ဒီကား တွေရဲ့ စျေးကလည်း ကျပ်သိန်း ၁၅ဝ ဝန်းကျင်ပဲ ရှိလို့ ပေးလိုက်ရတဲ့ စျေးနဲ့ ထိုက်တန်တဲ့ အရည်အသွေး တစ်ခုကိုတော့ ပြန်ရရှိမှာသေချာပါတယ်။ Hatchbackကားဖြစ်ပေမဲ့ Compact SUV ဒီဇိုင်းဖြစ်လို့ ကြည့်ရတာ တစ်မျိုးလေး ဆန်းသစ်လှပနေပါတယ်။

Mazda Verisa
Mazda က ထုတ်လုပ်တဲ့ အင်ဂျင်ပါဝါနည်းကားတွေထဲမှာ Verisa ကလည်း Demio၊ Familia Van တို့လိုပဲ မြန်မာပြည်ကားစျေးကွက်မှာ အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစားထဲ ပါဝင်ပါတယ်။ Verisa ကို ဂျပန်ပြည်တွင်းမှာ ထုတ်လုပ်ပေမဲ့ ဥရောပဆန်တဲ့ အငွေ့အသက်တွေ ပါဝင်နေပါတယ်။ ဒီကားရဲ့အမည်နာမက အီတလီစကားလုံး Verita ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Verita က အင်္ဂလိပ်လို Satisfaction (အားရကျေနပ်ခြင်း)ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ Verisa ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Demio ကို အခြေခံထားတာ ဖြစ်ပါတယ်။ Mazda ကားကုမ္ပဏီအနေနဲ့ Verisa ကို ပြည်တွင်းစျေးကွက်အတွက်ပဲ ရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘယ်မောင်းကားတွေကိုပါ ထုတ်လုပ်ပြီး နယူးဇီလန်အပါအဝင် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတဲ့နိုင်ငံတွေဆီ တင်ပို့ရောင်းချခဲ့ပါတယ်။ ဒီကားက Tall Hatchback ၊ ဒါမှမဟုတ် Mini MPV အမျိုးအစား ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
Verisa ရဲ့ အင်ဂျင်ပါဝါက ၁၅ဝဝ စီစီဖြစ်ပြီး Auto ဂီယာလေးချက်ကို 2WD ၊ 4WD နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ အင်ဂျင်မိုဒယ်က ZY-VE ဖြစ်ပြီး ဆလင်ဒါလေးလုံးထိုးအင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁၃၃ ကောင်အားရှိပြီး ဓာတ်ဆီအင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ ABS ၊ EBS စတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Mini MPV အမျိုးအစားဖြစ်တဲ့အတွက် ခေါင်မြင့်ပြီး ၁ယ၅၃ဝ မီလီမီတာ ရှိပါတယ်။ ၂ဝ၁ဝ မိုဒယ်မှာ C ၊ L ဂရိတ်နှစ်မျိုးပဲရှိပြီး Aircon Auto ၊ ပါဝါတံခါးလေးချပ်နဲ့ မှန်ကာလာ ပါရှိပါတယ်။ ဒီဂရိတ်နှစ်မျိုးမှာ L ဂရိတ် က မြင့်ပြီး Leather ထိုင်ခုံ ၊ Steering Volume Control ၊ TV ၊ Back Camera နဲ့ ရှေ့ထိုင်ခုံလက်တင်တွေ ပါဝင်ပါတယ်။ Verisa ရဲ့ ကားဒီဇိုင်းက ဥရောပအငွေ့အသက်တွေပါဝင်ပြီး Ford Fiesta ၊ Ford Fusion ၊ Opel Meriva တို့နဲ့လည်း ဆင်ပါတယ်။

စျေးနှုန်း
Mazda Verisa ၂ဝဝ၉၊ ၂ဝ၁ဝ မိုဒယ် ၁၅ဝဝ စီစီ ရန်ကုန်လိုင်စင်၊ နံပါတ်ထွက်ပြီးသား ကားကိုဝယ်ယူမယ်ဆိုရင် အက္ခရာ၊ ဂရိတ်နဲ့ ကားအ ရောင်အပေါ် မူတည်လို့ ကျပ်သိန်း ၁၆ဝ ကနေ ၁၈ဝ ကြား ရှိပါတယ်။

Mitsubishi Mirage
Mitsubishi Motor ဟာ စျေးကွက်အောင်မြင်မှုရရှိခဲ့တဲ့ Mitsubishi Colt ကို ၂ဝ၁၁ ခုနှစ်မှာ ထုတ်လုပ်မှုအဆုံးသတ်ခဲ့ပြီး သူ့နေရာမှာ Mirage ကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ Mirage ဟာ Colt ရဲ့ မျိုးဆက်တစ်ခု ဖြစ်ပေမဲ့ ဒီကားရဲ့သမိုင်းကြောင်းက ၁၉၇၈ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ Colt ပုံပြောင်းလို့ဆိုရမယ့် Mirage က ပုံသဏဥာန်ကျစ်လျစ်လှပပြီး အင်ဂျင်ပါဝါကလည်း ၁ဝဝဝ စီစီပဲရှိလို့ ရန်ကုန်မြို့ထဲ သွားလာတဲ့အခါမှာ အဆင်ပြေစေမယ့် ကားအမျိုးအစား ဖြစ်ပါတယ်။ Mitsubishi Mirage ကို ၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်လို့ မျိုးဆက်ခြောက်ဆက်အထိရှိပြီး မျိုးဆက်တစ်ခုနဲ့တစ်ခုက ပုံသဏဥာန် မတူသလို အမျိုးအစားလည်း ကွဲပြားပါတယ်။ စတင်ထုတ်လုပ်တဲ့ မိုဒယ်ကနေ ၂ဝဝ၃ မိုဒယ်အထိကို မျိုးဆက်ငါးဆက်ရှိခဲ့ရာမှာ Hatchback ၊ Sedan ၊ Wagon ဆိုပြီး Type သုံးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၃ မိုဒယ်နောက်ပိုင်းမှာတော့ Mirage ရဲ့ ထုတ်လုပ်မှုခေတ္တရပ်ဆိုင်းခဲ့ပြီး ၂ဝ၁၂ ခုနှစ်ရောက်မှသာ Colt နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် ဆဋမမြောက်မျိုးဆက်အနေနဲ့ ပြန်ပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
Mirage Hatchback ၂ဝ၁၂ မိုဒယ်ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ဆလင်ဒါသုံးလုံးထိုး အင်ဂျင်၊ CVT ဂီယာနဲ့ ထုတ်လုပ်ထားပါတယ်။ ၁ဝဝဝ စီစီအင်ဂျင်ကို ဂျပန်ပြည်တွင်းအတွက်ပဲ ထုတ်လုပ်ထားတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီ ရောင်းချတဲ့ကားတွေကိုတော့ ၁၂ဝဝ စီစီအင်ဂျင် နဲ့ ထုတ်လုပ်ထားပါတယ်။ ဆီစားနှုန်းသက်သာဖို့အတွက် Eco Mode စနစ် ထည့်သွင်းထားပြီး မိုဒယ်မြင့်ကားတွေမှာ အဓိကကျတဲ့ Push-start (Auto Stop & Go) စနစ်လည်း ပါဝင်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
တံခါးငါးပေါက် Hatchback ကားဖြစ်ပြီး ကားကိုယ်ထည်မှာလည်း ကျစ် လျစ်လှပသလို ဆွဲဆန့်အားကောင်းတဲ့ Steel အမျိုးအစားတစ်ခု ထည့် သွင်းထားပါတယ်။ Aerodynamic Design အတိုင်း တည်ဆောက်ထားပြီး ရှေ့၊ နောက် Spoiler လည်း ပါရှိတဲ့အတွက်လည်း လေခွင်းအား ကောင်း မွန်ပါတယ်။ Mirage ၂ဝ၁၂ မိုဒယ်မှာဆိုရင် E ၊ M ၊ G စတဲ့ ဂရိတ် သုံးမျိုးရှိပြီး M ဂရိတ်နဲ့ G ဂရိတ်က Aircon Auto ဖြစ်သွားပါတယ်။

စျေးနှုန်း
Mitsubishi Mirage ကို နယ်လိုင်စင်နဲ့ အများဆုံးတွေ့ရပြီး ၂ဝ၁၂ မိုဒယ် ၁ဝဝဝ စီစီကားကို ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေအနေ အပေါ်မူတည်လို့ ကျပ်သိန်း ၁၄ဝ သိန်းကေန ၁၅ဝ ြကား ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here